အရေးကြီးဆုံးကတော့ သူတို့ပြောတာကို နားထောင်ပါ။
 

ကလေးဆိုတာ ဖြူစင်ရိုးသားမှု အပြည့်ရှိသူတွေပါ။ သင်အရောင်ဆိုးရင် ဆိုးသလောက်ပြောင်းလဲသွားနိုင်ပါတယ်။ ကလေးတွေကို သင့်ဘက်က ကိုင်တွယ်ပုံတွေနဲ့ ပတ်သက်ပြီး သိထားသင့်တာလေးတွေကို ပြောပြချင်ပါတယ်။

၁ - အော်ခြင်း

ကလေးတွေကို မအော်ပါနဲ့။ အော်တာဟာ ရိုက်သလိုပါပဲ။ အပြုအမူတစ်ခုကို ပြောင်းလဲစေဖို့အတွက်ကတော့ ဘာမှ ထိရောက်ခြင်းမရှိပါဘူး။ နောက်ပိုင်းမှာ အော်မပြောရင် သင့်ဘက်ကလေးနက်ခြင်းမရှိဘူးလို့ ကလေးက မှတ်ယူသွားတာကြောင့် အမြဲတမ်းအော်နေရပါလိမ့်မယ်။

 

၂ - နူးညံ့မှုနဲ့ ပြတ်သားမှု

ကလေးတွေနဲ့ပတ်သက်လို့ နူးညံ့စွာ ကိုင်တွယ်ဖို့လိုပါတယ်။  သင့်ပြောဆိုမှုကလည်း ပြတ်သားဖို့လိုပါတယ်။ ကလေးတစ်ယောက်ဟာ အိပ်ရာပေါ် ခုန်ပေါက်ဆော့နေတဲ့ အခါ အိပ်ရာပေါ် တက်မဆော့စေချင်ကြောင်း သင့်ဘက်က ခိုင်မာ လေးနက်တဲ့အသံနဲ့ တစ်ကြိမ်ပဲ သူ့ကို သေချာပြောရမှာ ဖြစ်ပါတယ်။ စကတည်းက အော်ဟစ်ပြီး အဆက်မပြတ်ပြောနေခြင်းဟာ ဘယ်လိုမှ မထိရောက်ပါဘူး။ လွပ်လပ်စွာနေထိုင်ချင်တဲ့ ကလေးရဲ့ အပြုအမူကို သင့်ဘက်က မျက်စိရှုပ်ရုံလောက်နဲ့ အော်ငေါက်မတားဆီးသင့်ဘူးဆိုတာကိုလည်း သတိထားသင့်ပါတယ်။ ကလေးရဲ့ လွပ်လပ်စွာနေထိုင်မှုကို ထိန်းချုပ်ရာကတစ်ဆင့် သူ့ရဲ့ လွပ်လပ်စွာ တွေးခေါ်တတ်မှုကိုပါ ထိန်းချုပ်သလို ဖြစ်သွားနိုင်ပါတယ်။

၃ - သူတို့အဆင့်နဲ့ ပြစ်ဒဏ်

သူတို့ကို မလုပ်သင့်ကြောင်းပြောတဲ့အခါ ကလေးရဲ့ အရွယ်ကိုလည်း ထည့်တွက်သင့်ပါတယ်။ အိပ်ရာပေါ်ခုန်ပေါက်ဆော့ရာက အောက်ကို ပြုတ်ကျနိုင်ကြောင်း၊ သူတို့တစ်ခုခု ဖြစ်သွားတဲ့အခါ အမေဟာ စိတ်ဒုက္ခရောက်ပြီး စိုးရိမ်ပူပန်ရမှာဖြစ်ကြောင်း စတာတွေကို ပြောရမှာပါ။ ကလေးအရွယ် သေးသေးလေးကို  တုတ်နဲ့ရိုက်မယ်လို့ ခြိမ်းခြောက်တာက သင်ဘယ်လိုမှ မပြောသင့်တဲ့ စကားပါ။

(သင်စိတ်ဝင်စားနိုင်တဲ့ သတင်း - တစ်ဖက်လူကို ဘယ်လိုလွှမ်းမိုးမလဲ)

 

၄ - အပြောနဲ့အလုပ်ညီ

သင်ပြောရင် ပြောတဲ့အတိုင်း လုပ်တဲ့အခါ  သင့်စကားကို ကလေးတွေက လေးနက်စွာ နာခံပါတယ်။ သင်ကိုယ်တိုင် ပြောတဲ့အတိုင်းလုပ်တတ်သူ မဟုတ်ဘူးဆိုရင် သင့်စကားတွေကိုလည်း သူတို့က လေးနက်စွာ မှတ်ယူမှာ မဟုတ်ပါဘူး။ စကားနဲ့ သူတို့ကို ထိန်းသိမ်းဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် သင့်အနေနဲ့ သူတို့မျှော်လင့်နေမယ့် ကိစ္စတွေမှာ တကယ်မဟုတ်ဘဲ ကတိပေးတာမျိုးတွေ မလုပ်ပါနဲ့။

၅ - မျက်လုံးခြင်းဆုံ

သူတို့ကိုပြောရင် သင်ကိုယ်တိုင်လည်း ထိုင်ပြီး ပြောပါ။ သူတို့အရပ်နဲ့ တန်းတူအနေအထားလောက်နဲ့ပြောပါ။ ပြောနေတဲ့အချိန်မှာလည်း မျက်လုံးခြင်းဆုံပေးပါ။ ထိုင်ပြောလိုက်ခြင်းကနေ သူတို့ဘက်က စိုးရွံ့စိတ်လျော့ကျသွားပြီး မျက်လုံးခြင်းဆုံပေးရာကနေ သင့်ဘက်က ပြောနေတဲ့ကိစ္စဟာ လေးလေးနက်နက်ရှိမှန်း သိစေပါတယ်။

 

၆ - ရိုးရိုးရှင်းရှင်း

သူတို့အသက်အရွယ်နဲ့ နားလည်နိုင်မယ့် ရိုးရှင်းတဲ့ စကားကိုပဲ သုံးပါ။ အတတ်နိုင်ဆုံး တိုတိုရှင်းရှင်း ပြောရမှာပါ။ သူတို့ကို ရှုပ်ထွေးသွားစေမယ့် စကားလုံးအကြီးကြီးတွေကို ရှောင်ရမှာပါ။ အရေးကြီးဆုံးကတော့ သူတို့ပြောတာကိုလည်း နားထောင်ပါ။

Photos & Source: Lifehack

Share

Loading Next Article...
က္က