ပြီးပြည့်စုံတဲ့လူဆိုတာတော့ မရှိပါဘူး။ ဒါပေမဲ့ ကြိုးစားခွင့်တော့ရှိတယ်။

ကိုယ့်ကို အားလုံးက နှစ်သက်သဘောကျမှာကိုပဲ လိုလားတာပေါ့။ လူချစ်လူခင်များတဲ့လူ ဖြစ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး။ တော်တော်ကို ခက်တယ်။ "မျက်နှာမြင်ချစ်ခင်ပါစေ၊ အသံကြားသနားပါစေ" ဆိုတဲ့ လူကြီးတွေပေးတဲ့ဆုနဲ့ မပြည့်ခဲ့သူဆိုလည်း လူချစ်လူခင်များနိုင်တာပဲ။ အဓိကကတော့ ကိုယ့်ရဲ့ နေထိုင်မှုစရိုက်နဲ့ စိတ်ထားဟာ လူတွေချစ်ခင်စရာလား၊ မုန်းချင်စရာလားဆိုတာ ဆုံးဖြတ်ပေးသွားပါလိမ့်မယ်။ အခုရေးပြမယ့် အချက်တွေကတော့ လူတွေ သဘောကျလာမယ့် အချက်တွေပေါ့။

၁။ လူတွေက ကိုယ့်ကိုဘယ်လိုတွေးထင်ကြသလဲဆိုတဲ့အပေါ် စိုးရိမ်ပူပန်နေတာတွေ ရပ်လိုက်ပါ။ သူတို့ဘာတွေ တွေးနေသလဲဆိုတာကိုသာ ဂရုစိုက်လိုက်မယ်ဆိုရင် ကိုယ်က ကိုယ်ချင်းစာတတ်သူ ဖြစ်သွားပါပြီ။

၂။ သူတို့ ဘာတွေများ စဉ်းစားတွေးတောနေကြသလဲဆိုတာ သိချင်ရင်တော့ ကိုယ်တွေးနေတာတွေကို အရင်ဆုံးရပ်လိုက်ပါ။ သူတို့ပြောတာကို နားထောင်ပေးရမှာ ဖြစ်ပါတယ်။ နားထောင်ပေးတတ်သူကို လူတွေက သဘာကျတယ်လေ။

၃။ လူတွေဆီက ဘာများရနိုင်မလဲလို့ လိုချင်စိတ်ကို ရပ်တန့်လိုက်ပါ။ သူတို့လိုချင်တာ ဘာလဲဆိုတာကို ဂရုစိုက်နားထောင်ပေးပေါ့။ ဒီလိုဆိုရင် ကူညီတတ်သူဖြစ်လာလိမ့်မယ်။

 

၄။ သူတို့လိုချင်တာကို မပေးနိုင်တဲ့အခါ စိုးရိမ်သောကတွေ မရောက်လိုက်ပါနဲ့ဦး။ ရိုးရိုးသားသားပဲ ပြောပြပါ။ မဖြစ်နိုင်တဲ့မျှော်လင့်ချက်တွေလည်း မပေးမိဖို့လိုတယ်။ အဲ့လိုဆိုရင် ကိုယ်ဟာ အပြောနဲ့အလုပ် ညီတဲ့လူ ဖြစ်လာပါတယ်။

၅။ ကိုယ်ချစ်ခင်ရသူတွေ နာကျင်ရတဲ့အခါမျိုးမှာ ကိုယ့်ကြောင့်ဖြစ်တာလား ဒါမှမဟုတ် ဘယ်သူ့ကြောင့်လဲဆိုတာကို အဖြေရှာမနေပါနဲ့။ ဘယ်လိုပဲဖြစ်နေပါစေ သူတို့ရဲ့နာကျင်မှုတွေ သက်သာအောင်ပဲ အာရုံစိုက်ကာ ဂရုစိုက်ပေးလိုက်ပါ။ ကြင်နာတတ်သူတစ်ဦးဟာ ဒီလိုစိတ်မျိုး ရှိပါတယ်။

၆။ ကိုယ်က တစ်ကိုယ်တည်းနေတတ်သူ၊ လူတွေသဘောကျတဲ့လူမဟုတ်ဘူး၊ သီးသန့် တစ်ကိုယ်ရည်အလုပ်လုပ်တတ်သူ စသဖြင့် ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပဲ တံဆိပ်ကပ်ထားပါစေဦးတော့ လူတွေကိုဂရုစိုက်တတ်လာရင်၊ လူတွေသဘောကျတဲ့လူတစ်ယောက် ဖြစ်လာရင် ကိုယ်က ပြောင်းလဲလာပါလိမ့်မယ်။

သင်အကြိုက်တွေ့မယ့်ဆောင်းပါး ---> သီးသန့်နေတတ်သူတွေ ရနိုင်တဲ့ လက္ခဏာဆိုး (၁၀) ခု

 

Share

Loading Next Article...
က္က