အကူညီခံလိုက်ရသူမှာ အခက်အခဲတွေ ပြေလည်သွားရသလို ကူညီခွင့်ရလိုက်သူမှာလည်း ပီတိတွေနဲ့ကျန်ခဲ့တာပါ။

Knowledge and Wisdom Talks Charity Work Donation (1)





ပရဟိတလုပ်ခြင်း (သို့) လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခြင်းမှာ ကောင်းကျိုးတွေအများကြီးရှိပါတယ်။ အဲဒီကောင်းကျိုးတွေဟာလည်း နှစ်ဦးနှစ်ဖက်လုံးအတွက် အကျိုးရှိတာပါ။ အကူညီခံလိုက်ရသူမှာ အခက်အခဲတွေ ပြေလည်သွားရသလို ကူညီခွင့်ရလိုက်သူမှာလည်း ပီတိတွေနဲ့ကျန်ခဲ့တာပါ။ ဒါတင်မကသေးပါဘူး။ ပရဟိတလုပ်ခြင်းမှာ တခြားကောင်းကျိုးတွေရှိနေပါသေးတယ်။

၁။ ပတ်ဝန်းကျင်မှာနေတဲ့လူတွေနဲ့ ရင်းနှီးခွင့်ရမယ်

ခင်ဗျားက မနက် (၈)၊ ည (၆) အလုပ်ဆင်းနေရတဲ့လူဆိုရင် ခင်ဗျားရဲ့အိမ်နီးနားချင်းတွေ၊ တစ်ရပ်ကွက်တည်းသားတွေနဲ့ သိပ်ပြီး တွေ့ဆုံခွင့်ရမှာမဟုတ်ပါဘူး။ ဒါဟာ မြို့ကြီးပြကြီးမှာနေတဲ့လူတိုင်း ကြုံရလေ့ရှိတဲ့အရာတစ်ခုဖြစ်ပြီး လူတိုင်းလူတိုင်းဟာ ကိုယ့်အပူနဲ့ကိုယ်၊ ကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့ ပတ်ဝန်းကျင်ကိုတောင် သိပ်အရေးမစိုက်နိုင်ပါဘူး။

တကယ်တော့ အိမ်နီးနားချင်းတွေ၊ တစ်ရပ်ကွက်တည်းသားတွေနဲ့ ရင်းနှီးတာက ကောင်းကျိုးတွေရှိပါတယ်။ ဘာလို့လဲဆိုတော့ ရပ်ကွက်ထဲကို သူခိုးဓားပြကပ်လို့ ကိုယ့်အိမ်အတွက် လုံခြုံရေးစိတ်ချရသလို မီးရေး၊ ထင်းရေးမှာလည်း အထောက်အကူပေးပါတယ်။ ဒါကြောင့် ရပ်ကွက်ထဲမှာ စေတနာ့ဝန်ထမ်းအလုပ်တွေကို လုပ်ကိုင်ခြင်းဖြင့် နဂိုကမရင်းနှီးသေးတဲ့လူတွေနဲ့ ရင်းနှီးမှုရစေပြီး မိမိအိမ်အတွက်လည်း လုံခြုံစိတ်ချရစေပါတယ်။

၂။ အထီးကျန်မှုကို ပြေပျောက်စေမယ်

တကယ်လို့ ခင်ဗျားသာတစ်ယောက်တည်းနေတဲ့လူဖြစ်ပြီး အလုပ်ကနေအိမ်၊ အိမ်ကနေအလုပ် ပုံမှန်အပြောင်းအလဲမရှိတဲ့ဘဝမှာ နေထိုင်ရတဲ့လူတစ်ယောက်ပဲ ဆိုကြပါစို့။ တစ်ခါတလေ အလုပ်ပိတ်ရက်တွေမှာ တစ်ယောက်တည်း ရုပ်ရှင်သွားကြည့်မယ်။ တစ်ယောက်တည်းနေ့လည်စာ စားမယ်။ တစ်ယောက်တည်း ကော်ဖီဆိုင်ကောင်းကောင်းတစ်ခုမှာ စာထိုင်ဖတ်မယ်။ တစ်ယောက်တည်း နေရတာ တိတ်ဆိတ်ငြိမ်းချမ်းတယ်ဆိုပေမယ့်လည်း တစ်ခါတလေမှာ လူအများကြားမှာနေရတာလည်း အထီးကျန်မှုဝေဒနာကို သက်သာစေပါတယ်။ ရပ်ကွက်ကောင်းကျိုး၊ အများကောင်းကျိုး လုပ်ရတာဆိုတော့ ကုသိုလ်လည်းရ၊ ဝမ်းလည်းဝပေါ့။

၃။ တစ်ကိုယ်ကောင်းဆန်တဲ့စိတ်တွေ လျော့လာမယ်

Lending-a-Helping-Hand-1.jpg 

ပရဟိတလုပ်တယ်ဆိုတာ အတ္တဟိတ (တစ်ကိုယ်ကောင်းစိတ်) ကိုလျှော့ချတာပါပဲ။ အတ္တဟိတဆိုတာလည်း တကယ်တော့ သိပ်ပြီးထူးဆန်းလှတဲ့အရာတော့မဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံးမှာ ကိုယ့်အတွက်ကိုယ်ကြည့်တဲ့ အတ္တစိတ်အခြေခံလေးတော့ ရှိကြတာပါပဲ။ ဒါပေမယ့် အတ္တစိတ်ကြီး များလာရင်၊ ကြီးထွားလာရင်တော့ ကိုယ့်အတွက်ကိုယ်ပဲ အရမ်းကြည့်တဲ့လူဖြစ်လာပြီး ပတ်ဝန်းကျင်မှာ နေရတာလည်း အဆင်မပြေတော့ဘူးပေါ့။ ပရဟိတလုပ်ပေးခြင်းက တစ်ကိုယ်ကောင်းစိတ်ကိုလျော့ကျစေတဲ့အတွက် ကျွန်တော်တို့ရဲ့စိတ်ကျန်းမာရေးနဲ့ လူမှုရေးအတွက်လည်း ကောင်းမွန်ပါတယ်။

၄။ ပီတိဖြစ်ရတယ်

18620376_927222737420308_755732971763826376_n.jpg

Knowledge and Wisdom Talks Charity Work Donation (2)

သူတစ်ပါးကို ကူညီလိုက်ရလို့ရတဲ့ ပီတိက ဘာနဲ့မှမတူပါဘူး။ ဒါကြောင့်ဆိုရိုးစကားတစ်ခွန်းတောင်ရှိသေးတာ။ "ပီတိကိုစား၊ အားရှိ၏" တဲ့။ ရပ်ကွက်ထဲက အိမ်နီးချင်းတွေနဲ့ပေါင်းပြီး ပွဲတစ်ပွဲဖြစ်မြောက်အောင် လုပ်ဆောင်လိုက်နိုင်တာပဲဖြစ်ဖြစ်၊ အခါကြီးရပ်ကြီးမှာ ရပ်ကွက်ထဲက သက်ကြီးရွယ်အိုတွေကို ပြုစုစောင့်ရှောက်ပေးလိုက်နိုင်တာပဲဖြစ်ဖြစ်ပေါ့။ ပရဟိတကရတဲ့ ပီတိက စိတ်ကိုကြည်နူးအေးချမ်းစေတဲ့ အပျော်မျိုးနဲ့ ပျော်ရွှင်စေပါတယ်။

၅။ မိမိရဲ့အလုပ်အကိုင်ကိုလည်း အထောက်အကူပြုစေတယ်

ခင်ဗျားရဲ့ CV ထဲမှာ ပရဟိတလုပ်ဖူးတာတွေကိုထည့်ရေးရင် အထောက်အကူပြုစေနိုင်တယ်လို့ပြောရင် ယုံမလား။ တကယ်တမ်းကျတော့ ဒီခေတ်ကြီးမှာ အလုပ်ရှင်တွေဟာ ကိုယ်ရေးအကျဉ်းထဲမှာ ပညာအရည်အချင်းတွေကို ကြည့်သလို လူမှုရေးဆောင်ရွက်မှုတွေ ဘယ်လိုရှိလဲဆိုတာကိုလည်း ကြည့်နေပါပြီ။ ဘာလို့လဲဆိုတော့ ဒီခေတ်ကြီးမှာ IQ နဲ့ EQ ဟာ ထပ်တူထပ်မျှအရေးကြီးနေလို့ပါပဲ။ အလုပ်မှာ တော်နေပေမယ့့် ပေါင်းသင်းဆက်ဆံရေးမကောင်းရင် အဆင်မပြေနိုင်တာတွေ အများကြီးရှိပါတယ်။ ဒါကြောင့့်ခင်ဗျားရဲ့ CV ထဲမှာလူမှုရေးဆောင်ရွက်မှုတွေအကြောင်း ထည့်ရေးရင် အလုပ်ရဖို့အတွက် အထောက်အကူဖြစ်စေမှာပါ။

Photo Source: Knowledge and Wisdom Talks Organisation


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က