ကိုယ်နေဟန်ထားတွေမှာလည်း သီးသန့်ဘာသာစကားတစ်ခုရှိတယ်ဆိုရင် ယုံကြည်မလား။


ကိုယ်နေဟန်ထားတွေမှာလည်း သီးသန့်ဘာသာစကားတစ်ခုရှိတယ်ဆိုရင် ယုံကြည်မလား။ မယုံမရှိပါနဲ့။ စကားပြောနေရင်း ပြုမူလိုက်တဲ့ မိမိရဲ့ကိုယ်နေဟန်ထားတွေကလည်း အရမ်းစကားပြောပါတယ်။ တစ်ခါတလေမှာ အပြုအမူတွေက စကားလုံးတွေထက် ပိုတာသွားပါတယ်။ လေ့လာမှုတွေကဖော်ပြနေတာတစ်ခုက အောင်မြင်သူတွေဟာ မိမိတို့ရဲ့ကိုယ်နေဟန်ထားတွေကို အကောင်းဆုံးထားနိုင်ပြီး Emotional Intelligence လို့ခေါ်တဲ့ EQ လည်းကောင်းကြပါတယ်တဲ့။ အောင်မြင်သူတစ်ယောက် ဖြစ်ချင်တယ်ဆိုရင်တော့ အောက်ပါအချက်လေးတွေကို သိထားသင့်ပါတယ်။

၁။ တည့်တည့်မတ်မတ်ထိုင်ပါ

12760610-42302155-1-0-1480274423-1480274429-650-4-1488295420-650-3b857d9b7a-1491576260.jpg 

ထိုင်ခုံပေါ်မှာပျင်းတိပျင်းရွဲထိုင်တာတို့၊ စားပွဲပေါ်မှာတံထောင်ဆစ်ကြီးထောက်တင်ထားတာတို့၊ မျက်နှာကိုလက်ဝါးနဲ့ အုပ်ထားတာတို့က အလုပ်ကိုမလေးစားတဲ့ အမူအရာတွေပဲဖြစ်ပါတယ်။ ဒီအမူအရာတွေကို လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ စကားပြောနေရင်းလုပ်မိမယ်ဆိုရင် သူတို့ပြောနေတဲ့စကားကိုခင်ဗျားစိတ်မဝင်စားဘူးဆိုတာကို ဖော်ပြနေတယ်လို့ မှတ်ယူသွားပါလိမ့်မယ်။

ဒါကြောင့်ထိုင်ခုံပေါ်မှာ ခါးကို မတ်မတ်ထားပြီးထိုင်ပါ။ ဒီပုံစံကို မိမိကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့ပုံပေါက်ပါတယ်။ မှတ်ထားရမှာတစ်ခုက ခန္ဓာကိုယ်က မားမားမတ်မတ်ရှိနေမယ်ဆိုရင် အောင်မြင်သူတစ်ယောက်ရဲ့ ဟန်ပန်ကိုပေါ်လွင်စေပါတယ်။ ပျင်းရိပျင်းရွဲနဲ့ ထိုင်နေမယ်ဆိုရင် ခင်ဗျားကိုဘယ်သူကမှ အထင်ကြီးမှာမဟုတ်ပါဘူး။

၂။ လက်မပိုက်ပါနဲ့

12760410-42301955-5-0-1480275127-1480275133-650-4-1488295420-650-3b857d9b7a-1491576260.jpg 

လက်ပိုက်ထားတယ်ဆိုတာ တကယ်တော့ တစ်ဖက်လူကိုအသံတိတ်စကားတစ်ခွန်းပြောလိုက်တာပါပဲ။ "ငါကသိပ်ပြီးတော့ လိုက်လျောညီထွေမနေတတ်ဘူး။ နောက်ပြီး မင်းပြောတာတွေကို ငါလုံးဝသဘောမတူဘူး" ဆိုတဲ့စကားကို ကိုယ်နေဟန်ထားနဲ့ ပြောလိုက်သလိုပါပဲ။ မျက်နှာကဘယ်လောက်ပြုံးနေ၊ ပြုံးနေ စကားပြောနေတုံး အဲဒီလိုလက်ကြီးပိုက်ထားမယ်ဆိုရင် လူတွေအမြင်မှာ သိပ်ပြီး အမြင်ကောင်းမှာမဟုတ်ပါဘူး။

၃။ ဆံပင်ကိုခဏခဏမသပ်ပါနဲ့

တကယ်လို့ခင်ဗျားဟာ သူများတွေနဲ့စကားပြောနေတဲ့အချိန်တိုင်း ဆံပင်ကိုုခဏခဏသပ်တင်နေတတ်သူ၊ ကိုင်တွယ်ဆော့ကစား နေတတ်သူ၊ ဆံပင်ပုံစံမှန် မမှန်အမြဲစစ်ဆေးနေတတ်သူဆိုရင် အဲဒီအကျင့်ကို ပြင်ဖို့ကြိုးစားပါ။ ဒီကိုယ်နေဟန်ထားဟာ ခင်ဗျားရဲ့ စိတ်ပိုင်းမလုံခြုံမှုနဲ့ အာရုံစိုက်မှုမရှိတာကိုဖော်ပြနေပါတယ်။ ဒါကြောင့်သူများတွေနဲ့စကားပြောမယ်ဆိုရင် ဆံပင်ကိုမထိမတွေ့ဘဲနဲ့ ပုံမှန်အတိုင်း စကားပြောနိုင်ဖို့ပဲ ကြိုးစားပါ။

၄။ ပြုံးပြပါ

blue-eyed_girl_face_smile_66078_1920x1200.jpg 

တစ်ချိန်လုံးပြုံးရယ်နေတာက ခင်ဗျားကိုအောင်မြင်သူတစ်ယောက်ရဲ့သွင်ပြင်မပေါက်စေပေမယ့် သင့်တော်တဲ့အချိန်နဲ့နေရာမှာ ဘယ်လိုပြုံးရမယ်ဆိုတာကို သိနားလည်တာက ခင်ဗျားဟာအခြေအနေကိုု ကောင်းကောင်းထိန်းချုပ်နိုင်စွမ်းရှိတယ်ဆိုတာနဲ့ ဘယ်လောက်ပဲခက်ခဲတဲ့အနေအထားမှာမဆို တည်ငြိမ်စွာပြုံးနိုင်စွမ်းရှိတယ်ဆိုတာကို ဖော်ပြနေပါတယ်။ ဒီကိုယ်နေဟန်ထားက အောင်မြင်သူတွေရဲ့လက္ခဏာ တစ်ခုပါပဲ။

၅။ မျက်လုံးချင်းဆုံအောင်ကြည့်ပါ

12760160-42302505-11-0-1480275974-1480275981-650-4-1488295420-650-3b857d9b7a-1491576260.jpg 

ကိုယ်နေဟန်ထားနဲ့ပတ်သက်ရင် ဒီတစ်ခုက အရေးအကြီးဆုံးဖြစ်နေနိုင်ပါတယ်။ စကားပြောရင် မျက်လုံးကိုတည့်တည့်ကြည့်ပြီး ပြောတာက သူပြောနေတဲ့စကားကို အာရုံအပြည့်စိုက်နေကြောင်း ဖော်ပြနေတယ်ဆိုပေမယ့် အကြည့်ကအရမ်းစူးရှနေရင် တစ်ဖက်လူကိုနေမထိထိုင်မသာဖြစ်စေနိုင်ပါတယ်။ နောက်ပြီး ခင်ဗျားရဲ့စိတ်မလုံုခြုံမှုကြောင့် သူတို့ပြောသမျှစကားတွေ၊ အမူအရာတွေကို လိုက်စောင့်ကြည့်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ပေါက်သွားစေပါတယ်။

ဒါပေမယ့် သူတို့နဲ့မျက်လုံးချင်းမဆုံပြန်ရင်လည်း ခင်ဗျားမှာဖုံးဝှက်ထားစရာတစ်ခုခုရှိနေတယ်လို့ ဖော်ပြရာရောက်ပါတယ်။ ဒါကြောင့် မျက်လုံးချင်းဆုံအောင်ကြည့်ပါ။ ဒါပေမယ့် တောက်လျှောက်ကြီးမဟုတ်ဘဲ ကြားထဲမှာခဏမျက်လွှာချတာတို့၊ စားပွဲပေါ်မှာတင်ထားတဲ့လက်ကို အကြည့်လွှဲတာတို့ လုပ်ပေးသင့်ပါတယ်။

၆။ လက်ဆွဲနှှုတ်ဆက်ရင် မြဲမြဲဆုပ်ကိုင်ပါ

တွေ့တွေ့ချင်းနှုတ်ဆက်တာပဲဖြစ်ဖြစ်၊ ပြန်ခါနီးလက်ဆွဲနှုတ်ဆက်တာပဲဖြစ်ဖြစ် လက်ဆွဲနှုတ်ဆက်ကြတော့မယ်ဆိုရင် ဖွဖွလေးမဆုပ်ကိုင်ပါနဲ့။ တစ်ဖက်သားရဲ့လက်ကိုအရိုးကျိုးမတတ် ဆုပ်ကိုင်ခိုင်းတာတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် တစ်ဖက်လူက လက်ဆွဲနှုတ်ဆက်ဖို့ဖိတ်ခေါ်ပြီဆိုရင် လက်ကိုမြဲမြဲဆုပ်ကိုင်တာအကောင်းဆုံးပါပဲ။ မြဲမြဲဆုပ်ကိုင်ခြင်းမှာ မိမိကိုယ်ကိုယ်ယုံကြည်မှု၊ တစ်ဖက်လူအပေါ် ယုံကြည်မှုနဲ့ စိတ်လုံုခြုံမှုတွေကို ဖော်ထုတ်ပြသနေပါတယ်။

Source: Brightside.me

Share

Loading Next Article...
က္က