အမြဲတမ်းလိုလို ရေအတူကူးကြတယ်။

လူတွေအတွက် အကောင်းဆုံးမိတ်ဆွေဆိုတာ ခွေးတွေလို့ ပြောကြတယ်။ ဒါပေမဲ့ ဂျပန်အဘိုးအိုတစ်ယောက်အတွက်တော့ ဒီစကားက မမှန်ပါဘူး။ သူက ငါးတစ်ကောင်နဲ့ ရင်းနှီးခင်မင်လာတာ ၂၅ နှစ်တောင် ရှိနေလို့ပါပဲ။

 

ဟိရိုယူကီ အာရာကာဝါ (Hiroyuki Arakawa) အမည်ရှိ အသက် ၇၉ နှစ်အရွယ် အဘိုးအိုဟာ ယိုရီကို (Yoriko)လို့ အမည်ပေးထားတဲ့ ငါးကြီးတစ်ကောင်နဲ့ ခင်မင်လာတာ ၂၅ နှစ် ကျော်လာပြီလို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ်တုန်းက ဒဏ်ရာအပြင်းအထန်ရထားတဲ့ ငါးတစ်ကောင်ကို သေလုဆဲဆဲအခြေအနေမှာ တွေ့ခဲ့ရာကနေ ကယ်တင်ခဲ့ပါတယ်။

တစ်နေ့ကို ဂဏန်း ၅ ကောင် ကျွေးမွေးကယ်တင်ခဲ့ရာက ၁၀ ရက်အကြာမှာ ငါးမကြီးဟာ ပြန်လည်ကြံ့ခိုင်လာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဟိရိုယူကီနဲ့ ငါးကြီးတို့က ရင်းနှီးသွားကြတာပါ။ ငါးကိုလည်း ယိုရီကိုလို့ အမည်ပေးခဲ့ပါတယ်။

 

အဲ့ဒီနောက်မှာတော့ ဟိရိုယူကီနဲ့ ယိုရီကိုတို့ဟာ တရင်းတနှီးရှိလာခဲ့ပြီး အဘိုးအို ဟိရိုယူကီရေငုပ်တဲ့အခါ ယိုရီကိုက ဘေးကနေ လိုက်ပါကူးခတ်လေ့ရှိပါတယ်။ အဘိုးအိုကလည်း ယိုရီကိုရှိရာ Tateyama Bay ရှိ နတ်ကွန်းအောက်ကို ပုံမှန် ရေငုပ်ပြီး လာရောက်တွေ့ဆုံပါတယ်။ ယိုရီကိုဟာ Asian sheephead အမျိုးအစား ငါးဖြစ်ပြီး ပျမ်းမျှအားဖြင့် အလျား ၃.၂ ပေ အထိ ကြီးပြင်းနိုင်တဲ့ ငါးမျိုးစိတ် ဖြစ်ပါတယ်။

Source : Daily Mail

Share

Loading Next Article...
က္က