နားလည်မှုနဲ့ သည်းခံမှုကို လက်ကိုင်ထားရမယ်။

ဟောလိဝုဒ်မင်းသား ဂျေဆန်စတက်သမ်နဲ့ မော်ဒယ် ရိုစီဟန်တင်တမ်ဝှိုက်တလေတို့ ဇနီးမောင်နှံ

 

အချစ်မှာ အသက်အရွယ်ဆိုတာမရှိဘူး ချစ်ရင်ပြီးတာပဲလို့ ဆိုကြတယ်။ တကယ်တမ်း ချစ်လို့ တွဲပြီဆိုတော့မှ ပြဿနာကစတာ။ တစ်ခုပြီးတစ်ခုနဲ့ မဆုံးနိုင်တော့ဘူး။ ဘာလို့လဲဆိုတော့ အသက်ခြင်း တအားကွာနေပြီဆို ဘဝဖြတ်သန်းတာခြင်းလည်း မတူတော့ဘူးလေ။ အမြင်နဲ့ခံယူချက်တွေကလည်းကွာကြတယ်။ ဒီဒုက္ခတွေကတော့ အသက်ကွာလွန်းသူကို ချစ်မိသူတိုင်း ကြုံရတဲ့ဒုက္ခတွေပါ။

၁။ လွှမ်းမိုးချင်တယ်

အသက်ကြီးတဲ့သူကလည်း သူကအကြီးမို့ သူပြောတာနားထောင်စေချင်တယ်။ အနိုင်လိုချင်တယ်။ ငယ်တဲ့သူကလည်း အငယ်မို့ ဆိုးနွဲ့ပြီးအနိုင်ရချင်တယ်။ အလျှော့ပေးစေချင်တယ်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ သမ္မတကတော် မော်ဒယ်ဟောင်း မယ်လန်နီယာ

 

၂။ အကြိုက်မတူဘူး

ဒါကလည်း သိပ်မဆန်းတဲ့အရာတစ်ခုပဲ။ အသက်ကြီးတဲ့လူက တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး နေချင်တယ်။ ဆိုင်ကောင်းကောင်းလေးမှာ ထိုင်ပြီး စကားပြောချင်တယ်။ ငယ်တဲ့လူကတော့ လျှောက်သွား၊ လျှောက်စားနေရမှ။ ပွဲလမ်းတွေဆိုလည်း သွားချင်သေးတာ။

၃။ အသုံးနဲ့အဖြုန်း

အသက်ကြီးသူကတော့ ပိုက်ဆံကို မဖြုန်းတော့ဘူး။ ငယ်တဲ့လူကျတော့ သုံးချင်တာဆို သုံးလိုက်ရမှ။ အဲ့ဒီကိစ္စနဲ့လည်း ခဏခဏ စကားများရပါတယ်။

အဆိုတော် စီလင်းဒီယွန်နဲ့ ခင်ပွန်း (ကွယ်လွန်)

 

၄။ ညှိရခက်တယ်

မတူတာတွေများပေမဲ့ ချစ်တဲ့စိတ်နဲ့ ညှိနှိုင်းလို့မရဘူးလားလို့ မေးစရာရှိတယ်။ တကယ်တမ်းကျတော့ မဖြစ်နိုင်ဘူး။ အမြင်နဲ့ ခံယူချက်တွေက ကွဲပြားနေတာဆိုတော့ ညှိလို့ကိုမရတာ။

၅။ ပတ်ဝန်းကျင်

ဘေးပတ်ဝန်းကျင်ကလည်း အသက်ကြီးတဲ့လူကိုတွဲတာ ပိုက်ဆံကြောင့်လို့ ထင်ကြသေးတယ်။ တစ်ချို့ လျှာရှည်လွန်းတဲ့လူတွေဆို ဒဲ့ပါမေးလိုက်သေးတာ။ ငွေကြောင့်တွဲတာလားဆိုပြီး ရိုင်းစိုင်းတဲ့မေးခွန်းတွေ မေးတာခံရတယ်။

Share

Loading Next Article...
က္က