သူငယ်ချင်းဆိုုတာ ဘုရားကပေးတဲ့ဆုလာဘ်တစ်မျိုးပါပဲ။
 

သူငယ်ချင်းဆိုုတာ ဘုရားကပေးတဲ့ဆုလာဘ်တစ်မျိုးပါပဲ။ မိဘဆိုတာ ကိုယ်နဲ့အမြဲမရှိနိုင်၊ ချစ်သူဆိုတာ ကိုယ်နဲ့အမြဲမရှိနိုင်ပေမယ့် သူငယ်ချင်းကောင်းတစ်ယောက်ကတော့ ကိုယ့်ဘေးနားမှာ နေပူပူ၊ မိုးရွာရွာ အမြဲရှိနေမှာပါ။ ဒါပေမယ့် ကိုယ့်ရဲ့မထင်မှတ်တဲ့ အပြုအမူတွေကြောင့် သူငယ်ချင်းတွေကြား သံယောဇဉ်တွေလျော့ပါးပျောက်ကွယ်သွားတာမျိုးတွေလည်း ရှိတတ်ပါတယ်။

၁။ ဖုန်းသုံးတာ

teens-kids-chat-text-messaging-ss-1920.jpg 

လူမှုကွန်ရက်တွေ၊ COC တွေ၊ Mobile Legends တွေက သူငယ်ချင်းတွေကြားထဲကို ဝင်ရောက်လာခဲ့ပါပြီ။ သူငယ်ချင်းတွေ ဆုံဖြစ်ကြလို့ လက်ဖက်ရည်ဆိုင်တူတူထိုင်ကြရင်တောင် ဖုန်းစခရင်ပေါ်က မျက်နှာမခွာနိုင်ကြပါဘူး။ အရင်တုံးက စမတ်ဖုန်းတွေ မရှိခင်တုံးကဆိုရင် သူငယ်ချင်းတွေ လက်ဖက်ရည်ဆိုင်တူတူထိုင်ပြီး အာထုကြရတာက သူငယ်ချင်းသံယောဇဉ်ကို တိုးပွားစေပါတယ်။ ခုခေတ်မှာတော့ ဖုန်းတစ်လုံးစီနဲ့ မျက်နှာတွေကိုကွယ်ဝှက်ထားကြရင်း သူငယ်ချင်းတွေ အနေဝေးသွားရပါတော့တယ်။

၂။ လျှို့ဝှက်ချက်တွေထားတာ

သူငယ်ချင်းတွေကြားမှာ လျှို့ဝှက်ချက်တွေထားတာက သံယောဇဉ်အလွှာတွေ ပါး ပါးလာစေတဲ့ လက္ခဏာတစ်ရပ်ပါပဲ။ သူငယ်ချင်းဆိုတဲ့အဓိပ္ပာယ်ကိုက မိဘနဲ့ မပြောဖြစ်တဲ့စကားတွေ၊ ချစ်သူရည်းစားနဲ့ ပြောလို့ မဖြစ်တဲ့စကားတွေကို ရင်ဖွင့်ဖို့၊ တိုင်ပင်ဖို့ပါပဲ။ ဒီလိုမဟုတ်ဘဲ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ လျှို့ဝှက်ချက်တွေထားလာကြတဲ့အခါ၊ အရင်လို မပွင့်လင်းကြတော့တဲ့အခါ သူငယ်ချင်းတွေကြား အနေဝေးလာပြီး သံယောဇဉ်တွေကွယ်ပျောက်ကုန်ပါတော့တယ်။

၃။ နောက်ကွယ်မှာအတင်းပြောတာ

beauty-tips-for-teenage-girls-1.jpg 

ဆိုရိုးစကားတစ်ခုရှိပါတယ်။ "သူငယ်ချင်းကောင်းဆိုတာ ကိုယ့်မကောင်းကြောင်းကို ကိုယ့်ရှေ့မှာပေါ်တင်ပြောတတ်တဲ့သူဖြစ်ပြီး သူငယ်ချင်းဆိုးဆိုတာ ကိုယ့်မကောင်းကြောင်းကို နောက်ကွယ်မှာ ပြောတတ်တဲ့သူဖြစ်တယ်" တဲ့။ သူငယ်ချင်းကောင်းဆိုတာ ကိုယ့်သူငယ်ချင်းမကောင်းကြောင်းကို တခြားလူက လာပြောနေရင်တောင် ရန်တွေ့တတ်ကြသူတွေပါ။ ဒီလိုမဟုတ်ဘဲ ကိုယ်ကိုယ်တိုင်က ကိုယ့်သူငယ်ချင်းမကောင်းကြောင်းကို စိတ်ပါလက်ပါအတင်းတုပ်မိနေပြီဆိုရင်တော့ သူငယ်ချင်းသံယောဇဉ်တွေ ကွယ်ပျောက်တော့မယ့် လက္ခဏာတွေပါပဲ။

၄။ သူငယ်ချင်းကိုု crush တာ

1491855207-43898e465d3bcc326f7fcd311616f0ac.jpg 

သူငယ်ချင်းအုပ်စုထဲမှာ ကြုံနေကျဖြစ်ရပ်တစ်ခုပါပဲ။ ကိုယ့်ကို သူငယ်ချင်းအုပ်စုထဲက တစ်ယောက်ယောက်က လာ crush တာဖြစ်စေ၊ ကိုယ်ကပဲ သူငယ်ချင်းတစ်ယောက်ယောက်ကို crush မိတာဖြစ်စေ ဖြစ်တတ်ပါတယ်။ crush မိပြီဆိုမှတော့ သူငယ်ချင်းသံယောဇဉ်နေရာမှာ ပူလောင်တဲ့အချစ်တွေအစားထိုးဝင်ရောက်လာမယ်ဆိုတာကိုတော့ ငြင်းစရာမရှိပါဘူး။

နောက်တစ်ခုက crush ရုံ crush နေတာက အကြောင်းမဟုတ်သေးပါဘူး။ ဖွင့်ပြောလိုက်လို့ တစ်ဖက်ကလက်ခံလိုက်ရင်တစ်မျိုး။ လက်မခံဘဲ ငြင်းပယ်လိုက်ပြန်ရင်လည်း သူငယ်ချင်းတွေကြား စိတ်ဝမ်းကွဲစရာတွေဖြစ်လာပြန်ရော။ အငြင်းခံလိုက်ရလို့ အသည်းကွဲပြီး ဖီးလ်နေတဲ့ကောင်ဘက်က တစ်ဖက်၊ ငြင်းလိုက်တဲ့ ကောင်မလေးဘက်ကတစ်ဖက်နဲ့ အုပ်စုတွေကွဲကုန်ကြပြန်ရော။ တကယ်တော့ သူငယ်ချင်းဆိုတာ သူငယ်ချင်းသံယောဇဉ်သန့်သန့်လေးပဲ ကောင်းပါတယ်။

၅။ ကျော်တာခွတာ

သူငယ်ချင်း ချင်း ကျော်တာခွတာတွေကလည်း အချင်းချင်းစိတ်ဝမ်းကွဲစေပြီး သူငယ်ချင်းသံယောဇဉ်တွေကုန်ခမ်းစေပါတယ်။ ဥပမာ... သူငယ်ချင်းအုပ်စုထဲက တစ်ယောက်ယောက်က ကြိုက်နေတဲ့ ကောင်မလေးကို ကိုယ်ကဦးအောင် ရည်းစားစကားပြောပြီး ရအောင်တွဲပြလိုက်တာတို့၊ လုပ်ငန်းတူတဲ့သူငယ်ချင်းတွေဆိုရင် သူရမယ့်ပရောဂျက်ကို ကိုယ်ကရအောင်လုမိတာတို့ဆိုရင် သူငယ်ချင်းတွေကြား စိတ်ဝမ်းကွဲစေနိုင်ပါတယ်။

အဲဒီလို ကျော်စရာ၊ ခွစရာတွေကြုံလာရင် သူငယ်ချင်း ချင်း ပေါ်တင်ဆွေးနွေးပါ။ ကိုယ်လည်း သူလိုချင်နေတဲ့အရာကို လိုချင်နေကြောင်းပြောပါ။ တစ်ဖက်ဖက်ကမှ နောက်ဆုတ် မပေးနိုင်ဘူးဆိုရင် တရားမျှတစွာယှဉ်ပြိုင်ပါ။ ဒီလိုဆိုရင် ကိုယ်ရှုံးရှုံး၊ နိုင်နိုင် လိပ်ပြာလုံသလို သူငယ်ချင်းသံယောဇဉ်တွေလည်း မပျောက်ပျက်တော့ဘူးပေါ့။

၆။ အနေဝေးလာကြတာ

highres_247119804.jpg 

ုလုပ်ငန်းခွင်ထဲရောက်လာကြပြီဆိုတော့ ကျောင်းတုံးကလိုတော့ ကဒီးကဒီး ဘယ်တွေ့ဖြစ်ကြမလဲ။ ဒါပေမယ့် တစ်လ တစ်ခါလောက် အနည်းဆုံးဆုံပေးခြင်းက သူငယ်ချင်းတွေကြား နွေးထွေးမှုမီးပုံလေးကို ငြိမ်းမသွားအောင်လောင်စာထိုးပေးတာနဲ့ တူတူပါပဲ။ ဒါကြောင့် တတ်နိုင်သမျှ ပုံမှန်ဆုံဖြစ်အောင် ကြိုးစားသင့်ပါတယ်။

Share

Loading Next Article...
က္က