ဒီအချက်လေးတွေကို ထည့်သွင်းဆုံးဖြတ်ရင် မှန်ကန်စွာ သုံးသပ်နိုင်မှာပါ။
 

လူတစ်ယောက်ကို ယုံကြည်ဖို့ ဆိုတာ မလွယ်ပါဘူး။ သေချာအကဲခတ်ဆုံးဖြတ်ရင်တောင်မှ ထင်သလိုမဟုတ်ဘဲ လွဲတတ်တာပါ။ ဒီအချက်လေးတွေကို ထည့်သွင်းဆုံးဖြတ်ရင် မှန်ကန်စွာ သုံးသပ်နိုင်မှာပါ။

၁ - အချိန်ပေးပါ

လူတစ်ယောက်ကို လွယ်လွယ်နဲ့တော့ မဆုံးဖြတ်ပါနဲ့။ ဒီလိုလုပ်လိုက်ရင် မတရားရာ ကျပါတယ်။ ဘယ်လိုလူမျိုးလဲဆိုတာကို တိကျစွာ ဆုံးဖြတ်ဖို့ အချိန်တော့လိုပါတယ်။ အခြေအနေအမျိုးမျိုးမှာ ဒီလူဘယ်လိုတုံ့ပြန်တတ်တယ်ဆိုတာကို ကြည့်ရမှာပါ။ ဥပမာအားဖြင့် အလုပ်ထဲမှာ ဖော်ရွေခင်မင်စရာကောင်းတဲ့လူတစ်ဦးလို့ ဒီလူကို သင်ကသိထားတယ်ဆိုပါစို့။ ဒါပေမယ့် တစ်ခါလောက် အပြင်မှာ အတူတူသောက်ပြီးတဲ့အခါ သွေးဆိုးသူဖြစ်နေတာကို တွေ့ရတတ်ပါတယ်။ ဒါကြောင့် အချိန်တစ်ခုပေးပြီးမှ ဒီလူဟာ သင်ယုံရသူဟုတ်မဟုတ် ဆုံးဖြတ်ပါ။

(သင်စိတ်ဝင်စားနိုင်တဲ့ဆောင်းပါး - သူငယ်ချင်းအပေါ် လိမ်သင့်တဲ့ အလိမ်အညာ (၅) မျိုး)

 

၂ - အပြုအမူ

အထက်မှာ ပြောခဲ့တဲ့အတိုင်း လူတွေဟာ အခြေအနေအရ ပြောင်းလဲသွားတတ်ပါတယ်။ ယုံကြည်ရတဲ့လူဆိုတာကတော့ အခြားလူတွေထက် တသမတ်တည်း ရှိတတ်ပါတယ်။ ခိုင်မာတဲ့ စိတ်သဘောထားမျိုး ရှိတတ်ပါတယ်။ တစ်စုံတစ်ခုကို ဖုံးကွယ်ထားသူတွေဟာ စစခြင်းမှာ အလွန်ဖော်ရွေတတ်ကြသူတွေ ဖြစ်ပြီး အခြေအနေပြောင်းပြီဆိုတာနဲ့ သူတို့ရဲ့ အားနည်းချက်တွေ ပေါ်လာတတ်ပါတယ်။ ရိုးသားတဲ့လူတွေကတော့ ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် အကွေ့အဝိုက်နည်းသူတွေ ဖြစ်ပါတယ်။

၃ - တခြားလူကိုယုံလားကြည့်

သူတို့ကရော တခြားလူအပေါ် ယုံတတ်သူတွေလား ကြည့်ပါ။ အခြားလူကို အလွယ်တကူ သံသယရှိသူတွေဟာလည်း သင်မယုံသင့်တဲ့လူတွေ ပါပဲ။ ယုံကြည်မှုဟာ အပြန်အလှန်နားလည်မှုထားတဲ့ကိစ္စဖြစ်ပါတယ်။ တစ်ဖက်လူပေါ် သံသယကြီးတတ်သူတွေဟာ သင်သတိထားရမယ့် လူတွေပါ။

 

၄ - များများ နားထောင်

သူတို့ တွေးပုံခေါ်ပုံကို ဘယ်လောက်သိလဲ၊ သူတို့ဘယ်လိုအခြေအနေမှာ ဘယ်လိုတုံ့ပြန်တတ်လဲ။ ဒါတွေကို သိဖို့ သူတို့ပြောတာတွေကို နားထောင်ရမှာပါ။ ဒီလို နားထောင်ခြင်းကနေ ဒီလူဟာ သင်ယုံကြည်ရမယ့်လူဟုတ်မဟုတ် သိနိုင်ပါတယ်။ ဥပမာအားဖြင့် အမှုစစ်သူတွေဟာ သံသယရှိတရားခံကို မေးခွန်းတွေ အများကြီးမေးတတ်ပါတယ်။ အမှုနဲ့ မဆိုင်တဲ့ မေးခွန်းတွေကိုလည်း မေးပါတယ်။ ဒီလိုမေးခြင်းကနေ တရားခံဟာ သူ့အကြောင်းသူ ပွင့်ပွင့်လင်းလင်းပြောတတ်သူလား၊ တစ်ဖက်လူကို အချက်အလက်တွေ ပေးချင်စိတ်ရှိရဲ့လား၊ ဖုံးကွယ်ထားတတ်သူလားဆိုတာကို သိရမှာ ဖြစ်ပါတယ်။ ဒီလူရဲ့ ပြောစကားတွေကို များများနားထောင်ရာကနေ ယုံကြည်ထိုက်သူ ဟုတ်မဟုတ် သိလာမှာပါ။

၅ - သူတို့ရဲ့အတိတ်ကိုလေ့လာပါ

တစ်စုံတစ်ယောက်ကို မယုံခင် သူတို့အတိတ်ကိုလည်း ထည့်သွင်းသုံးသပ်ပါ။ လူတစ်ယောက်ကို သူ့အတိတ်နဲ့ ဆုံးဖြတ်လို့မရဘူးဆိုပေမယ့် ယုံကြည်ရမယ့်လူကို ရွေးချယ်တဲ့အခါ အတိတ်ကိုကြည့်တာက အသုံးဝင်တဲ့ ကိစ္စ တစ်ခုပါ။ ဥပမာ -  အလုပ်ရှင်တွေဟာ အရည်အချင်းတူ၊ သဘောကျတာခြင်းလည်း တူနေရင် အရင်က အတွေ့အကြုံကောင်းတဲ့လူကို ဦးစားပေးတတ်ကြပါတယ်။ လူတစ်ယောက်ကို ယုံကြည်ဖို့ဆိုရင် အရင်ကသူ့အတွေ့အကြုံတွေကို ထည့်သွင်းသုံးသပ်သင့်ပါတယ်။

Photos & Source: Lifehack

Share

Loading Next Article...
က္က