ရုပ်ပစ္စည်းတွေကိုပဲ အဟုတ်ကြီးလုပ်နေသူတွေကြားမှာ နေရင်တော့ သင့်မှာ အနာလိုမှုတွေ အမြဲပြည့်နေမှာပါ။
 

မနာလိုမှုဟာ ယနေ့ခေတ်မှာ အလွယ်တကူဖြစ်ပေါ်တတ်ပါတယ်။ အကြောင်းအရင်းကတော့ ဆိုရှယ်မီဒီယာတွေမှာ လူတွေရဲ့ ပုံရိပ်တွေ၊ ခံစားချက်တွေနဲ့ အဆက်မပြတ်ထိတွေ့နေရတာကြောင့် ဖြစ်ပါတယ်။ မနာလိုမှုဟာ သင့်ကို အကြီးအကျယ်ဒုက္ခပေးနေတယ်ဆိုရင်တော့ ဒီအချက်လေးတွေကို သိထားသင့်ပါတယ်။

၁ - ဖေ့ဘွတ်

ဖေ့ဘွတ်မသုံးဘဲနဲ့ မနေနိုင်ပါဘူး။ ဒါပေမယ့် သုံးစွဲချိန်ကို လျှော့ချပါ။ ဖေ့ဘွတ်နဲ့ပတ်သက်တဲ့ သင့်ရဲ့ သဘောထားကို ပြောင်းလဲပါ။ လူတွေက သူတို့ဖြစ်ချင်တာတွေကို ဖေ့ဘွတ်မှာ ပုံဖော်တတ်ကြပါတယ်။ သူတို့သဘောထားတွေ၊ သူတို့ နေ့စဉ်ဘဝတွေက ဓာတ်ပုံတစ်ပုံမှာ ဖော်ပြတဲ့အတိုင်း ဟုတ်ချင်မှ ဟုတ်တာပါ။ ဖေ့ဘွတ်သုံးစွဲချိန်တွေ တအားများပြီး မနာလိုမှုတွေနဲ့ သင့်စိတ်တွေ နေ့စဉ်ကသိကအောက် ဖြစ်နေရင် မသုံးတာ အကောင်းဆုံးပါ။

(သင်စိတ်ဝင်စားနိုင်တဲ့ဆောင်းပါး - သူငယ်ချင်းတွေ ဝေးကွာသွားရတဲ့အကြောင်းရင်းတွေ)

 

၂ - အပေါင်းအသင်း

သင့်ဘေးနားက လူတွေ၊ သင့်အပေါင်းအသင်းတွေက ရုပ်ပိုင်းဆိုင်ရာပစ္စည်းတွေကို အဓိကထားသူတွေ၊ အများကြားပေါ်လွင်ရတာကို နှစ်သက်သူတွေဆိုရင်တော့ သင်လည်း သူတို့ရဲ့ တွေးခေါ်ပုံတွေ ကူးစက်လာမှာပါ။ ဘဝမှာ တခြားအရေးကြီးတာတွေလည်း အမြောက်အများရှိပါတယ်။ ရုပ်ပစ္စည်းတွေကိုပဲ အဟုတ်ကြီးလုပ်နေသူတွေကြားမှာ နေရင်တော့ သင့်မှာ အနာလိုမှုတွေ အမြဲပြည့်နေမှာပါ။

၃ - ကိုယ့်ကိုယ်ကိုယ်ပဲ နှိုင်းယှဉ်

တခြားလူတွေက သင့်ထက် အများကြီးသာတယ်ဆိုတဲ့ အတွေးထောက်ချောက်ထဲ သင်ပိတ်မိသွားဖို့ အလွန်လွယ်ကူပါတယ်။ သူတို့က ပိုလှတယ်၊ သူတို့က အခွင့်အလမ်းကောင်းတွေ ပိုရှိတယ်၊ ကူညီမယ့် သူငယ်ချင်းပိုများတယ် စသဖြင့်ပါ။  ဒါဟာ သူများနဲ့ နှိုင်းယှဉ်တဲ့အကျင့် သင့်မှာ ရှိတာကြောင့်ပါ။ သင့်မှာ ယုံကြည်ရတဲ့ ဝါသနာတွေ၊ ဘဝနဲ့ချီပြီးနှစ်မြှပ်လုပ်ကိုင်နေတဲ့အရာတွေ မရှိရင် ဒီလိုအတွေးမျိုးတွေ အမြဲဖြစ်နေမှာပါ။ တကယ်နှိုင်းယှဉ်ရမှာက သင့်အတိတ်နဲ့ လက်ရှိအခြေအနေကိုပါ။ ကိုယ့်ကိုယ်ကိုယ်နှိုင်းယှဉ်ခြင်း၊ ကိုယ့်အကြောင်းကိုယ်နှိုင်းယှဉ်ခြင်းကနေ တခြားလူတွေကို မေ့သွားပါလိမ့်မယ်။

 

၄ - အကြောင်းသိဖို့လို

လူတစ်ယောက်ကို မနာလိုရတာ လွယ်ပါတယ်။ ဒါပေမယ့် သူ့ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲတွေကိုတော့ သိမှာမဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ အကြောင်းကို စေ့စေ့ငှငှသိသွားတဲ့အခါ သင့်အနေနဲ့ ဒီလူကို မနာလိုချင်မှာ မဟုတ်တော့ပါဘူး။ သူ့အောင်မြင်မှုတွေကိုလည်း မုဒိတာ ပွားလာနိုင်မှာပါ။

၅ - ကျေးဇူးတင်တဲ့အကျင့်

ဒါကတော့ လက်တွေ့ကျတဲ့နည်းဖြစ်ပါတယ်။ သင်မနာလိုမှုတွေ ပေါ်နေတယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်ရင် စာအုပ်တစ်အုပ်ထဲမှာ ငါမနာလိုဖြစ်နေတယ်လို့ ချရေးကြည့်ပါ။ သုံးလေးငါးကြောင်းက စလို့ အကြောင်းပေါင်းများစွာ ရေးကြည့်ပါ။ ဒီအခါမှာ ဖြစ်ပွားနေတဲ့ မနာလိုမှုကို မှန်မှန်ကန်ကန်သုံးသပ်လာနိုင်ပြီး အဆိုပါ မနာလိုစိတ်တွေ လျော့ကျလာမှာပါ။

Photos & Source: Lifehack

Share

Loading Next Article...
က္က