"အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမှင်စုပ်ထိုး ဤသုံးမျိုး နောင်ပြင်ရန်ခက်တဲ့အမျိုး" ဆိုတဲ့ရှေးစကားလည်းရှိပါတယ်။
 

ချစ်လို့လက်ထပ်ပြီးမှ ကွာရှင်းပြတ်စဲလိုက်ရတဲ့လင်မယားတွေကို တွေ့ဖူးမှာပါ။ ဒါဟာ အိမ်ထောင်ဖက်ရွေးချယ်မှုမှားယွင်းခြင်းကြောင့် ဖြစ်ရတာပါ။ "အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမှင်စုပ်ထိုး ဤသုံးမျိုး နောင်ပြင်ရန်ခက်တဲ့အမျိုး" ဆိုတဲ့ရှေးစကားအတိုင်း လက်ထပ်ပြီးတော့မှ ကွာရှင်းပြတ်စဲဖို့ဆိုတာ မလွယ်သလို ဘယ်လိုမှဆက်လက်တွဲဖို့ မဖြစ်နိုင်တော့လို့ လမ်းခွဲလိုက်ရတဲ့အခါ (၂) ဦး (၂) ဖက်လုံးအတွက် နစ်နာပါတယ်။ ဒါကြောင့် လက်မထပ်ခင် မိမိလက်ထပ်မယ့် သူနဲ့ပတ်သက်ပြီး အဖက်ဖက်က ကြိုတင်စဉ်းစားထားတာ အကောင်းဆုံးပါပဲ။

ဒီနေ့မှာတော့ အမျိုးသားတွေအနေနဲ့ လက်မထပ်ခင် ကြိုတင်သတိပြုရှောင်ကြဉ်သင့်တဲ့ အမျိုးသမီး (၁၀) မျိုးကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ဒေါသကြီးတဲ့အမျိုးသမီး

ThinkstockPhotos-482089537-c.jpg 

အိမ်ထောင်ရေးတစ်ခုမှာ တစ်ယောက်ယောက်က ဒေါသကြီးတတ်တယ်ဆိုရင် ပဋိပက္ခဖြစ်ဖို့ကများနေပါပြီ။ ဒေါသကြီးတတ်တဲ့ အမျိုးသမီးတစ်ယောက်ကလည်း ဇနီးကောင်းတစ်ယောက်ဖြစ်နိုင်ဖို့ရာ ခဲယဉ်းပါတယ်။ စကားအခြေအတင်ဖြစ်ပြီဆိုရင်လည်း အိမ်ထောင်ပစ္စည်းတွေကို ဖျက်ဆီးလေ့ရှိတာ သူတို့ပါပဲ။ မလိုအပ်ဘဲ ငွေကြေးအလဟဿကုန်ရတာပေါ့။ အေးအေးလူလူနေချင်တဲ့ အမျိုးသားတွေအနေနဲ့ ဒီလိုအမျိုးသမီးမျိုးကို ဝေါင်ဝေါင်ရှေးသင့်ပါတယ်။

၂။ အတ္တကြီးတဲ့အမျိုးသမီး

best-shopping-in-Bucharest.jpg 

အိမ်ထောင်ရယ်လို့ဖြစ်လာပြီဆိုရင်တော့ သူရှာတဲ့ပိုက်ဆံကိုယ်သုံး၊ ကိုယ်ရှာတဲ့ပိုက်ဆံသူသုံးကြတာ သိပ်တော့မဆန်းပါဘူး။ ဒါပေမယ့် ခင်ဗျားရဲ့ဇနီးက တစ်ကိုယ်ကောင်းဆန်တတ်သူတစ်ယောက် ဆိုရင်တော့ အိမ်ထောင်ရေးသာယာတော့မှာမဟုတ်ပါဘူး။ သူ့အတွက်သူပဲတွေးပြီး သူရှာသမျှပိုက်ဆံအကုန် သူအတွက်သူပဲသုံးပါတယ်။ (အလှပြင်တာတို့၊ ဈေးကြီးပေးရတဲ့ပစ္စည်းတွေ လျှောက်ဝယ်တာတို့)

နောက်ပြီး အိမ်အတွက်ထားထားတဲ့ အိမ်အသုံးစရိတ်ထဲကပါ ထုတ်သုံးလို့ ကန်ဇွန်းရွက်ကြော်နဲ့ (၂) ပါးသွားလိုက်ရတာမျိုးဆိုရင်တော့ သေချာပေါက်စကားများရပါပြီ။ ဒီလိုအိမ်ထောင်ရေးမျိုးဟာ ရေရှည်သာယာနိုင်မှာ မဟုတ်ပါဘူး။

၃။ ငွေမက်တဲ့အမျိုးသမီး

ဘဝမှာကြုံဖူးလား။ ကိုယ်ငွေရှာနိုင်နေတုံး တွဲပြီး အဆင်မပြေတော့မယ့်အရိပ်အယောင်လေးသမ်းလာတာနဲ့ ထားသွားတတ်တဲ့သူတွေ။ လက်ထပ်လိုက်ကြပြီဆိုရင်လည်း ကိုယ့်မှာပိုင်ဆိုင်တဲ့ ငွေတွေကိုမက်လို့ ကိုယ့်ကိုလက်ထပ်လိုက်တယ်ဆိုတာကို သိလိုက်ရတဲ့ အခိုက်အတန့်မှာ နာကျင်ခံစားရမှာပါ။ နောက်ပြီး ငွေမက်တဲ့သူတွေက ခင်ဗျားမှာသူတို့မက်မောတဲ့ ငွေကြေးဥစ္စာမရှိတော့တဲ့ တစ်နေ့ကျရင် စွန့်ခွာသွားမှာ အသေအချာပါပဲ။

၄။ မြူဆွယ်တတ်တဲ့ အမျိုးသမီး

maxresdefault.jpg 

အိမ်ထောင်ရေးဖောက်ပြန်မှုတွေက ကွာရှင်းပြတ်ဆဲမှုဖြစ်စေတဲ့ အကြောင်းတရားတွေထဲက တစ်ခုပါပဲ။ စိတ်မထိန်းနိုင်တဲ့ အိမ်ထောင်သည်အမျိုးသားတွေဆို ခြေလွန်လက်လွန်လုပ်မိလို့ ထောင်ကျတန်းကျနဲ့ ဒုက္ခရောက်ကြရတာတွေလည်း ကြားသိမိကြမှာပါ။ ဒါကြောင့် ကိုယ်ယူမယ့်မိန်းမမှာ မြူဆွယ်တတ်တဲ့၊ သူတပါးနဲ့ အီတတ်တဲ့အကျင့်ရှိလားဆိုတာကို အရင်စုံစမ်းထောက်လှမ်းပါ။

ရည်းစားထားဖူးတာ ပြဿနာမရှိပေမယ့် ရည်းစားပြိုင်တွေအများကြီးထားဖူးတဲ့ အမျိုးသမီးတွေဆို သတိထားသင့်တဲ့ထဲမှာ ပါဝင်ပါတယ်။ ဖောက်ပြန်တတ်တဲ့အမျိုးသမီးတစ်ယောက်ကို လက်ထပ်မိတာဟာ မြွေပေးခါးပိုက် ပိုက်မိသလိုပဲမို့ ဝေးဝေးကသာရှောင်သင့်ပါတယ်။

၅။ ပါတီစွဲလမ်းသူ

ဒီခေတ်ကြီးမှာ ပါတီတက်တာ၊ ကလပ်တက်တာ၊ night out ထွက်တာတွေက အဆန်းမဟုတ်တော့ပါဘူး။ အဲဒီလိုတွေလုပ်တိုင်းလည်း ရှောင်ကြဉ်သင့်တယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် အလွန်အကျွံလုပ်တတ်သူ ဆိုရင်တော့ သတိထားသင့်ပါပြီ။ အပျိုဘဝမှာ တစ်ပတ်မှာ (၃) (၄) ရက်လောက် night out ထွက်တတ်သူဆိုရင်တော့ အိမ်ထောင်သည်ဖြစ်ရင်လည်း ခြေငြိမ်နိုင်ရင် ခဏပါပဲ။ အပေါင်းအသင်းတွေက လာဆွယ်တာနဲ့ ပါသွားမှာပါပဲ။

အလုပ်ကပြန်လာတဲ့အချိန်မှာ မှောင်မဲနေတဲ့အိမ်ခန်းနဲ့ စားပွဲပေါ်က အိမ်ပြန်နောက်ကျမှာဖြစ်ကြောင်းရေးထားတဲ့စာတစ်စောင်ကိုပဲ မမြင်ချင်ဘူးဆိုရင်တော့ ပါတီစွဲလမ်းသူ စာရင်းထဲပါတဲ့ အမျိုးသမီးမျိုးကို ရှောင်သင့်ပါတယ်။ အိမ်ထောင်သည်ဘဝမှာတောင် night out ခဏခဏထွက်ချင်တဲ့သူဟာ နံပါတ် (၄) အမျိုးအစားထဲကိုလည်း အချိန်မရွေးရောက်သွားနိုင်ပါတယ်။

၆။ မိန်းမဆိုးလေး

ယေဘုယျအားဖြင့်တော့ မိန်းမဆိုးလေးတွေက သူတို့အိမ်က အလိုလိုက်ခံထားရတဲ့သူတွေဖြစ်တတ်ပါတယ်။ မိဘကလည်းချမ်းသာ၊ အပျိုဘဝမှာ လိုတိုင်းတ ရခဲ့တော့ ဆင်းရဲဒုက္ခလောကဓံကို မခံနိုင်ကြပါဘူး။ သူတို့တွေဟာ သူတို့ရဲ့ခင်ပွန်းသည်တွေက သူတို့မိဘတွေထားသလို မထားနိုင်ရင်၊ အလိုမလိုက်နိုင်ရင် ခင်ဗျားကိုမရိုမသေ မလေးမစားဆက်ဆံလာမှာပါ။

အိမ်ထောင်သည်ဘဝမှာ မောင်တစ်ထမ်း မယ်တစ်ရွက်၊ ဒိုးတူဘောင်ဖက် ရုန်းကန်နိုင်တဲ့သူ မဟုတ်ရင်တော့ ဘယ်လောက်ချစ်ချစ် ရှောင်တာကောင်းပါတယ်။

၇။ ဂျီအသေကျတတ်သူ

p18835rrb117p31llg1e841lbi1m9u4.jpg 

ဂျီကျတာက မိန်းကလေးရဲ့သဘာဝပါပဲ။ ဂျီမကျတတ်တဲ့မိန်းကလေးဆိုတာ ကမ္ဘာပေါ်မှာတော်တော်ရှားပါလိမ့်မယ်။ ဒါပေမယ့် အချိန်တိုင်းဂျီကျနေတတ်သူဆိုရင်တော့ ဒါဟာပြဿနာဖြစ်လာနိုင်ပါတယ်။ ဆိုကြပါစို့။ ခင်ဗျားအလုပ်က မကြာခဏခရီးထွက်ရပြီး သူဂျီကျတိုင်းမချော့နိုင်တဲ့၊ အရစ်မခံနိုင်တဲ့အချိန်တွေရှိလာရင် ဘယ်လိုလုပ်မလဲ။ ဒါမှမဟုတ် အရေးကြီးမိတင်ထဲမှာ အသဲအသန်တွေဖုန်းဆက်ပြီး ဂျီကျလာရင်ကော ဘယ်လိုလုပ်မလဲ။

သေချာတာတစ်ခုကတော့ ဂျီအသေကျတတ်တဲ့ အမျိုးသမီးတစ်ယောက်က သူတို့လိုအပ်ချိန်မှာ ခင်ဗျားကအနားမှာမရှိရင် စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်အရ အနားမှာရှိတဲ့ တစ်ယောက်ယောက်ကို ဖမ်းချိတ်တတ်ကြပါတယ်။ ဒီလိုဆိုရင်တော့ အိမ်ထောင်ရေးပြဿနာဖြစ်လာဖို့က ရာခိုင်နှုန်းတော်တော်များနေပါပြီ။

Source: bradofo

Share

Loading Next Article...
က္က