ငယ်စဉ်ကတည်းက အလေ့အကျင့်မရှိရင် ကြီးလာတဲ့အခါ ပြန်လည်ပျိုးထောင်ဖို့ဟာ ခက်ခဲတတ်ပါတယ်။
 

တချို့အရာတွေဟာ ငယ်စဉ်ကတည်းက ကလေးတွေအတွက် အလေ့အကျင့်ဖြစ်နေသင့်တဲ့အရာတွေပါ။ ကြီးလာတဲ့အခါ ဒီလိုအလေ့အကျင့်တွေ ရှိနေတဲ့အတွက် သူတို့အတွက် အလွန်အသုံးဝင်မှာပါ။ ငယ်စဉ်ကတည်းက သင်ကြားထားပေးသင့်တဲ့ အလေ့အကျင့်လေးတွေကို ဖော်ပြပေးချင်ပါတယ်။

၁ - တစ်ကိုယ်ရေကျန်းမာရေး

 တစ်ကိုယ်ရေ ကျန်းမာရေးအသိဟာ ငယ်ငယ်ကတည်းက သင်ကြားပေးထားရမယ့် ကိစ္စဖြစ်ပါတယ်။ ပြုစုပျိုးထောင်ပေးထားရမယ့် အလေ့အကျင့်လည်း ဖြစ်ပါတယ်။  အိပ်ရာဝင်ရင် သွားတိုက်ဖို့၊ ထမင်းစားမယ်ဆို လက်ဆေးဖို့၊ ခြေသည်းလက်သည်း ညှပ်ဖို့ စတာတွေဟာ ငယ်စဉ်ကတည်းက သင်ကြားလေ့ကျင့်ပေးထားရမှာ ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက အလေ့အကျင့်မရှိရင် ကြီးလာတဲ့အခါ ပြန်လည်ပျိုးထောင်ဖို့ဟာ ခက်ခဲတတ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ဆောင်းပါး - ယုံကြည်ရတဲ့သူ ဟုတ်မဟုတ် ဒီအချက်တွေကြည့်ပြီး သိနိုင်)

 

၂ - အချိန် စီမံခန့်ခွဲမှု

အချိန်ကို စီမံခန့်ခွဲနိုင်မှုဟာ အလွန်အရေးကြီးပါတယ်။ ငယ်စဉ်ကတည်းက အချိန်ကို ထိထိရောက်ရောက်အသုံးချတတ်အောင် လေ့ကျင့်ပေးထားသင့်ပါတယ်။ လုပ်ရမယ့်အစီစဉ်အတိုင်းပဲ အချိန်မဆွဲဘဲ လုပ်ကိုင်ခြင်းဟာ ရိုးရှင်းလွယ်ကူတဲ့ နေထိုင်မှု ဘဝကို ရရှိစေတယ်လို့ သိရှိစေပါတယ်။

၃ - ထမင်း၊ဟင်း

ငယ်ရွယ်တဲ့ကလေးတွေဟာ ထမင်းဟင်းတွေကို မီးဖိုချောင်ထဲမှာ ဘယ်လိုပြင်စားရတယ်ဆိုတာမျိုးကို သိထားသင့်ပါပြီ။ ကျောင်းကို ရောက်သွားတဲ့အခါ သူတို့ကိုယ်တိုင် စားရတော့မှာ ဖြစ်ပါတယ်။ ထမင်းဟင်း ကိုယ်တိုင် ပြင်စားတတ်တဲ့အခါ ထမင်းဘူးကိုလည်း ကိုယ်တိုင် ပြင်ဆင်လာတတ်မှာ ဖြစ်ပါတယ်။

 

၄ - ငွေကြေးစီမံခန့်ခွဲမှု

ငွေကြေးစီမံခန့်ခွဲမှုကလည်း ငယ်ငယ်ကတည်းက အကျင့်လုပ်ပေးထားရမှာပါ။ ငွေကြေးကို ထိရောက်စွာ စီမံခန့်ခွဲနိုင်စွမ်းမရှိတဲ့အခါ အသက်အရွယ်ကြီးရင် အခက်အခဲများစွာ ကြုံရမှာပါ။ မလိုအပ်ဘဲ မသုံးစွဲတဲ့အကျင့်၊ ပိုက်ဆံစုတဲ့အကျင့်၊ ပိုက်ဆံဆိုတာ ရင်းနှီးရှာဖွေမှ ရရှိလာမှု စတာတွေကို သင်ကြားပေးရမှာ ဖြစ်ပါတယ်။

၅ - သန့်ရှင်းရေး

အိမ်ကို ဘယ်လိုသန့်ရှင်းအောင် ထားရမယ်ဆိုတာ ကလေးတွေကို ကြီးတဲ့ထိတောင် မသင်ပေးမိဘဲ ဖြစ်နေတတ်ပါတယ်။ ဒီအခါမှာ မိမိကလေးပဲ ဒုက္ခရောက်ရမှာပါ။ အကြောင်းအရင်းတစ်ခုခုကြောင့် တစ်ကိုယ်တည်း နေရတဲ့အချိန်တွေမှာ သူ့အခန်းဟာ အမြဲမသပ်မယပ်ဖြစ်နေမှာပါ။ အိပ်ရာခင်းတာ၊ ပန်းကန်ဆေးတာမျိုးကနေစပြီး သူ့ကို သင်ပေးသင့်ပါတယ်။

 

၆ - အဝတ်အစား

အဝတ်အစားတွေကို ထိန်းသိမ်းတတ်ဖို့လည်း သင်ပေးသင့်ပါတယ်။ အဝတ်ကို ဘယ်လိုလျှော်ရမယ်၊ ဘယ်လိုခေါက်ရမယ်ဆိုတာမျိုးတွေပါ။ ဒီလိုသင်ကြားပေးခြင်းဟာ သူတို့အတွက် အထောက်အကူဖြစ်ရုံမကဘဲ သင့်အတွက်ပါ အထောက်အကူ ဖြစ်စေပါတယ်။

Photos & Source: the spruce

 

Share

Loading Next Article...
က္က