သစ္စာဖောက်ခံရတယ်ဆိုတာ လက်နက်တစ်စုံတရာမှမပါဘဲ လူ့စိတ်ကိုသတ်ပစ်နိုင်တဲ့ အကြောင်းအရာတစ်မျိုးပါပဲ။
 

သစ္စာဖောက်ခံရတယ်ဆိုတာ လက်နက်တစ်စုံတရာမှမပါဘဲ လူ့စိတ်ကိုသတ်ပစ်နိုင်တဲ့ အကြောင်းအရာတစ်မျိုးပါပဲ။ ဒီကိစ္စက ထိန်းချုပ်လို့မရတဲ့ ဝမ်းနည်းစရာဖြစ်ရပ်မှန်တစ်မျိုးပါပဲ။ ကျွန်တော်တို့ရဲ့ လက်တွဲဖော်တွေ ကျွန်တော်တို့ဘေးမှာမရှိတဲ့အချိန်မှာ ဘာတွေလုပ်နေလဲဆိုတာ ဘယ်သူမှတိတိကျကျမသိနိုင်ပါဘူး။

တကယ်တော့ သမီးရည်းစားဆက်ဆံရေးဆိုတာ တစ်ဦးပေါ်တစ်ဦးယုံကြည်မှုနဲ့ နားလည်မှုတွေခိုင်မြဲနေဖို့က အဓိကပါပဲ။ လူတစ်ယောက်ကိုခံစားချက်တွေပုံပြီး ယုံလိုက်မယ်ဆိုရင် တစ်ဖက်လူမှာ မိမိရဲ့ယုံကြည်မှုရရှိသင့်သလားဆိုတဲ့ မေးခွန်းကိုပါ မေးစရာရှိလာပါတယ်။

သစ္စာဖောက်ခံရခြင်းကနေ ကာကွယ်ပေးနိုင်တဲ့ ကာကွယ်ဆေးဆိုတာတော့ မရှိပါဘူး။ ဒါပေမယ့် လူတွေသစ္စာဖောက်ရတဲ့ အကြောင်းရင်းတွေကို သိထားရင် ရှောင်သင့်တာရှောင်၊ ထိန်းသင့်တာထိန်းလို့တော့ ရတာပေါ့။ အောက်မှာ တချို့လူတွေ သစ္စာဖောက်ရတဲ့အကြောင်းပြချက်တွေကို ဖော်ပြထားပါတယ်။

၁။ ပျင်းရိညည်းငွေ့ဖွယ်ကောင်းတဲ့ နေ့စဉ်ဘဝ

မနက်အိပ်ယာထ အိမ်သာတက်၊ မျက်နှာသစ်.. ပြီးရင်ဖုန်းခဏပြော။ အလုပ်သွား... အိမ်ပြန်ရောက်ရင် ရေမိုးချိုးထမင်းစားပြီး ဖုန်းပြော။ စနေ၊ တနင်္ဂနွေအပြင်သွား... လျှောက်လည်... မုန့်စား... အိမ်ပြန်.... ဖုန်းပြော။ အပြောင်းအလဲမရှိတဲ့ ပျင်းရိဖွယ် နေ့စဉ်ဘဝတွေကို ညည်းငွေ့တတ်သူတွေရှိနိုင်ပါတယ်။

တကယ်တော့ သမီးရည်းစားဆက်ဆံရေးဆိုတာ စွန့်စားခန်းတစ်ခုလိုပါပဲ။ ဒါကြောင့်လည်း တွဲလာတာ (၄)၊ (၅) နှစ်ကြာတဲ့ အတွဲတွေတောင် ယူခါနီးမှလမ်းခွဲလိုက်ရတာတွေ ဖြစ်လာတာပါပဲ။ တချို့လူတွေက ပျင်းရိဖွယ်ကောင်းခြင်းကို သည်းမခံနိုင်၊ လမ်းခွဲဖို့ကိုလည်း မပြောရက်ရာကနေ အပျော်ရှာရင်း သစ္စာဖောက်မှုတွေ ဖြစ်လာတော့တာပါပဲ။

၂။ ကြောက်ရွံ့မှု

Romance-Couple-in-Love-Drinking-Images.jpg 

တချို့လူတွေက အချစ်ဆိုတဲ့အရာကြီးကို ကြောက်မက်ဖွယ် ကြိုးတစ်ချောင်းအဖြစ် မြင်မိတတ်ကြပါတယ်။ မိမိတို့ကို ချည်နှောင်မယ့်ကြိုး၊ အသက်ရှူကျပ်လောက်အောင် ရစ်ပတ်မယ့်ကြိုးလို့ မြင်လာတဲ့အခါ သမီးရည်းစားဆက်ဆံရေးကြီး တစ်ခုလုံးကိုလည်း မွန်းကြပ်ဖို့ကောင်းတယ်လို့ ခံစားလာမိတတ်ပါတယ်။

အထူးသဖြင့် တွဲလာတာကြာပြီး ကတောက်ကဆလေးတွေ များလာတဲ့စုံတွဲတွေမှာ ဖြစ်တတ်ပါတယ်။ အချစ်ကနေ နောက်တစ်ဆင့်ကိုတက်လှမ်းဖို့ ကြောက်ရွံ့တဲ့အခါ အပြင်မှာအပျော်ရှာရင်း သစ္စာဖောက်မိကြတော့တာပါပဲ။

၃။ မပြတ်သားတဲ့ခံစားချက်တွေ

8_Confessions_That_Reveal_Why_People_Cheat_04.jpg 

ကြုံဖူးလား။ ရည်းစားဟောင်းကထားသွားတဲ့အချိန်၊ ခံစားချက်တွေမပြတ်သားသေးချိန်မှာ နောက်တစ်ယောက်ထပ်တွဲမိတာမျိုး။ တစ်ခါတလေမှာ ကျွန်တော်တို့ရဲ့အတိတ်တွေက နောက်ကနေအရိပ်လို လိုက်ပါလာတတ်ပါတယ်။ ရည်းစားဟောင်းနဲ့ပတ်သက်တဲ့ ခံစားချက်တွေ အကင်းသေသွားပြီဆိုတဲ့ အသိနဲ့ပဲ ကျွန်တော်တို့တွေ နောက်ထပ်ဆက်ဆံရေးတစ်ခုကို တည်ဆောက်မိခဲ့ကြတာပါပဲ။

ဒါပေမယ့် တကယ်တမ်းကျတော့ အတိတ်ရဲ့ခံစားချက်တွေက အကင်းမသေသေးတဲ့အခါ ပစ္စုပ္ပန်ထိလိုက်လာပြီး ကျွန်တော်တို့ကို လိုက်နှောင့်ယှက်ပါတော့တယ်။ ဒီလိုနဲ့ပဲ ရည်းစားဟောင်းနဲ့ ပြန်ချိတ်မိပြီး လက်ရှိရည်းစားကို သစ္စာဖောက်မိကြတော့တာပါပဲ။

၄။ စပ်စုခြင်း

angry-couple-bed.jpg 

တချို့သစ္စာဖောက်မှုတွေကျတော့ စိတ်ပိုင်းဆိုင်ရာခံစားမှုတွေကြောင့်မဟုတ်ဘဲ စပ်စုတတ်တဲ့သဘာဝကြောင့်ဖြစ်ပါတယ်။ ဒီလိုဖြစ်ရပ်မျိုးဟာ အရမ်းအဆင်ပြေနေတဲ့ အတွဲတွေမှာဖြစ်တတ်ပါတယ်။ မိဘတွေကလည်း သဘောတူထားတယ်။ အချင်းချင်းကလည်း တစ်ယောက်ကိုယ်တစ်ယောက် ချစ်ကြတဲ့အပြင် လက်ထပ်ဖို့ကလည်း ကြံရွယ်ထားတယ်။

အဲဒီမှာမှ လက်ထပ်ပြီးရင် ဒီအတွေ့အကြုံတွေ၊ ခံစားမှုတွေ ရတော့မှာမဟုတ်ဘူးဆိုတဲ့အသိက စပ်စုလိုစိတ်ကိုတွန်းပို့ပြီး မလုပ်သင့်တာတွေလုပ်မိစေတတ်ပါတယ်။ မကြာသေးခင်ကမှ အွန်လိုင်းမှာဟော့ထ်သွားတဲ့ လက်ထပ်ခါနီး ဘက်ချလာနိုက်မှာ အမျိုးသားဖော်ချွတ်အကမောင်နဲ့ ကဲမိလို့ မင်္ဂလာပွဲဖျက်သိမ်းလိုက်ရတဲ့ သတို့သမီးကို ဥပမာယူနိုင်ပါတယ်။

၅။ ခံစားချက်ကုန်ခမ်းခြင်း

o-COUPLE-ANGRY-facebook.jpg 

သမီးရည်းစားဆက်ဆံရေးဆိုတာ တကယ်တော့ အပြင်လူတွေအတွက် အရေးမပါဘူးလို့ထင်ရတဲ့အရာလေးတွေက အသက်တမျှအရေးပါနေတာမျိုး ဖြစ်နိုင်ပါတယ်။ သမီးရည်းစားချင်း "ချစ်တယ်" ပြောတာတို့၊ ဖုန်းထဲမှာ သီချင်းဆိုပြတာတို့ စသဖြင့်ပေါ့။ ဒါပေမယ့် တစ်ဖက်ဖက်က ခံစားချက်တွေကုန်ခမ်းလာတဲ့၊ အေးစက်လာတဲ့ လက္ခဏာပြလာရင်တော့ (စိတ်လိုလက်ရပဲဖြစ်ဖြစ်၊ မသိစိတ်ကပဲဖြစ်ဖြစ်) ကျွန်တော်တို့တွေ စိတ်ပိုင်းဆိုင်ရာဟာကွက်ကြီးကိုဖြည့်ဖို့ တခြားတစ်နေရာကို အာရုံပြောင်းမိတတ်ကြပါတယ်။

အဲဒီအချိန်မှာမလိုလားအပ်တာတွေ ဖြစ်လာရတော့တာပါပဲ။ သမီးရည်းစားကြားမှာ နွေးထွေးမှု ပျောက်ဆုံးခြင်းဟာ အဆုံးသတ်နီးလာပြီဆိုတဲ့သင်္ကေတလည်း ဖြစ်နေနိုင်လို့ သတိထားသင့်တာအမှန်ပါပဲ။

၆။ မချစ်တော့ခြင်း

lovers_5-t2.jpg 

အချစ်ဆိုတာ တစ်ခါတလေကျပြန်တော့လည်း တစ်သက်လုံးမကုန်ခမ်းနိုင်တဲ့ ရေပူစမ်းမဟုတ်ပါဘူး။ တချို့လူတွေမှာ ဘာအကြောင်းပြချက်မှလည်း လောက်လောက်လားလားမရှိဘဲ အချစ်ဆိုတဲ့အရာကြီးက ပျောက်ဆုံးသွားတတ်ပါတယ်။ အဲဒီအချိန်မှာ သမီးရည်းစားဆက်ဆံရေးကြီးတစ်ခုလုံးကို အဆုံးသတ်လိုက်တော့မယ်ဆိုတဲ့ အသိနဲ့ဆုံးဖြတ်ချက်က ခံစားချက်အသစ်တွေကို နှိုးဆော်ပေးနိုင်ပါတယ်။ လမ်းခွဲစကားကို ပြောမထွက်သူတွေကတော့ လွယ်လွယ်ပဲ နောက်တစ်ယောက်ကောက်တွဲလိုက်တာပါပဲ။ ဒီနည်းလမ်းက နာမည်ပျက်စေနိုင်တယ်ဆိုပေမယ့် တချို့ပြောမထွက်တဲ့စကားတွေကို ပြောရသက်သာစေပါတယ်။

Source: Herbeauty

Share

Loading Next Article...
က္က