တစ်ယောက်နဲ့ တစ်ယောက် ဖြည်းဖြည်းချင်း ဝေးသွားတာပါ။
 

ငယ်စဉ်တုန်းကတော့ သူငယ်ချင်းရဖို့ ဆိုတာ တကယ်လွယ်ကူတဲ့ ကိစ္စပါ။ ဒီလိုပဲ အတူသွား၊ အတူလာရင်း ခင်သွားကြတာပါပဲ။ ဒီလိုနဲ့ပဲ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်လာတာပါပဲ။ ဒီလိုနဲ့ပဲ အချိန်တွေကြာတဲ့အခါမှာ တချို့သူငယ်ချင်းတွေဟာ ဝေးသွားကြပါတယ်။ သူငယ်ချင်းချစ်ဆိုတာကို အလေးမထားတာကြောင့် သင့်ဘက်ကလည်း ဝေးကွာခွင့်ပြုလိုက်မိပါတယ်။ အချိန်တွေကြာမှ သင့်မှာ တိုင်ပင်စရာသူငယ်ချင်း၊ ရိုးရိုးသားသားဖွင့်ပြောခွင့်ရတဲ့ သူငယ်ချင်းဆိုတာ မရှိဘဲ ဖြစ်နေတာကို တွေ့ရတတ်ပါတယ်။ ဒါကြောင့် သူငယ်ချင်းချစ်ကို သင့်ဘက်က ပေါ့ပေါ့တန်တန် သဘောမထားသင့်ပါဘူး။

၁ - လက်တွေ့ကျကျ

ဘာကြောင့် သူငယ်ချင်းနဲ့ ကွဲရတာလဲဆိုတာကို လက်တွေ့ကျကျကစဉ်းစားပါ။ ပြသနာက သူငယ်ချင်းအချစ်ကို စွန့်လွှတ်ရလောက်အောင် မဟုတ်ဘူးဆိုရင် ခုချက်ချင်းပဲ ပြေလည်ဖို့ သင့်ဘက်ကပဲ စပြီး ကြိုးစားလိုက်ပါ။ သူငယ်ချင်းဆိုး ဆိုရင်တော့ သင့်ဘဝထဲ အမြဲထည့်ထားသင့်တာမျိုး မဟုတ်တာကြောင့် သူ့ဘက်က  အခြေအနေကိုပဲ စောင့်ကြည့်လိုက်ပါ။

(သင်စိတ်ဝင်စားနိုင်တဲ့သတင်း - ယုံကြည်ရတဲ့သူ ဟုတ်မဟုတ် ဒီအချက်တွေကြည့်ပြီး သိနိုင်)

 

၂ - မဝေးစေနဲ့

သင်လည်း အလုပ်တွေရှုပ်နေရင်းနဲ့ နေလာလိုက်တာ သူ့ကို မဆက်သွယ်တာ တစ်လလောက်တောင် ကျော်သွားပါပြီ။ ဒါမျိုး အဖြစ်မခံပါနဲ့၊ သူ့ဆီခုပဲ ဖုန်းဆက်ပြီး ဘာတွေလုပ်နေလဲ မေးလိုက်ပါ။ သူငယ်ချင်းတွေ ကွဲရတာဟာ ရန်ဖြစ်စိတ်ဆိုးတာတွေကြောင့် မဟုတ်ဘဲ ဒီလိုအခြေအနေတွေကြောင့်ပါ။ တစ်ယောက်နဲ့ တစ်ယောက် ဖြည်းဖြည်းချင်း ဝေးသွားတာပါ။ ဝေးလို့မရတဲ့ သူငယ်ချင်းဆိုတာ သေချာရင် သင့်ဘက်က အဆက်အသွယ်တော့ မပြတ်သင့်ပါဘူး။

၃ - အလုပ်ထဲက သူငယ်ချင်း

အလုပ်ထဲက လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းနဲ့ စကားများပြီး ကွဲရတာဟာ တကယ်ဆိုးပါတယ်။ အလုပ်နဲ့မဆိုင်ဘဲ အရေးမကြီးတဲ့ကိစ္စတွေနဲ့ စကားများတယ်ဆိုပေမယ့် အလုပ်ပေါ်သက်ရောက်မှု ရှိပါတယ်။ ဒီလိုအခြေအနေမှာ အကြံပေးချင်တာက ကိုယ့်ဘက်က အတတ်နိုင်ဆုံးဖော်ရွေမှု ရှိဖို့ လိုပါတယ်။ သူ့ဘက်ကလည်း စိတ်ပြေပြီး ပြန်ပြေလည်လာမယ့် အချိန်ကို စောင့်ဖို့ လိုပါတယ်။ အလုပ်ထဲက သူငယ်ချင်းနဲ့ မတည့်ဘူးဆိုရင်တော့ သင့်နေ့စဉ်ဘဝဟာ ညစ်ညူးစရာတွေ ဖြစ်လာနိုင်ပါတယ်။

 

၄ - လွမ်းစရာ သူငယ်ချင်း

ဒါကတော့ တကယ့်ကို အသည်းကွဲ လွမ်းဆွေးစရာပါ။ အခုတော့ ဒီသူငယ်ချင်းတွေ ဘယ်တွေရောက်နေကြပြီလဲလို့ တစ်ခါတစ်လေ တွေးမိပါတယ်။ တကယ်လက်တွဲညီခဲ့ကြပြီးမှ ကိုယ့်ဘဝကိုယ်တည်ဆောက်ရင်း နယ်ပယ်မတူတာကြောင့် ဝေးသွားကြတာပါ။ ဒီလိုသူငယ်ချင်းတွေဟာ ကျောင်းတုန်းက သူငယ်ချင်းတွေ ဖြစ်တတ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မခေါ်မပြောကြလို့ ဘယ်သူကတော့ မှားတယ်၊ ဘယ်သူကတော့ မှန်တယ်ဆိုတာ မရှိပါဘူး။   ဒီလိုပဲ ရွေ့လျားသွားကြတာပါ။

Photos & Source: Hello Giggles

Share

Loading Next Article...
က္က