ရည်းစားဘဝရောက်ပြီဆိုတိုင်း တစ်ဖက်လူက ကိုယ့်ကို အတည်ကြံတာလား။ အပျော်ကြံတာလားဆိုတာ သိနိုင်ဖို့မလွယ်ပါဘူး။
 

ရည်းစားထားတယ်ဆိုတာ ပျော်ဖို့ကောင်းတယ်ဆိုတာတော့ ငြင်းဖွယ်မရှိပါဘူး။ ဒါပေမယ့် ရည်းစားဘဝရောက်ပြီဆိုတိုင်း တစ်ဖက်လူက ကိုယ့်ကို အတည်ကြံတာလား။ အပျော်ကြံတာလားဆိုတာ သိနိုင်ဖို့ မလွယ်ပါဘူး။ အတည်ကြံတာပါ။ အတည်ကြံတာပါ ပြောပြောပြီး မရှူနိုင်၊ မကယ်နိုင်ဖြစ်တော့မှ လုံးနေအောင်ပြေးတာလည်းသူတို့ပါပဲ။ ယောကျ်ားလေးတစ်ယောက် ကိုယ့်ကို အတည်ကြံနေတာလား။ အပျော်ကြံနေတာလား သိနိုင်မယ့်အချက်လေးတွေတော့ရှိပါတယ်။

၁။ ပေါ်တင်တွဲမယ်

anastasiya-kvitko-gajtesia-235315.2.jpg 

အတည်ကြံတဲ့သူနဲ့ အပျော်ကြံတဲ့သူ အဓိကကွာခြားချက်ကတော့ silent တွဲတာ၊ မတွဲတာပါပဲ။ လူတစ်ယောက်က ခင်ဗျားကို silent တွဲနေပြီဆိုရင် သူ့ရဲ့စိတ်ပျော်ရွှင်မှုအတွက် ခင်ဗျားကိုယာယီအသုံးချတာ ဖြစ်ဖို့များပါတယ်။ (တခြားအကြောင်းပြချက်ကောင်း မရှိဘူးဆိုရင်ပေါ့) ခင်ဗျားကိုအတည်ကြံတဲ့သူ၊ လက်ထပ်ဖို့ထိရည်စူးထားတဲ့သူဆို သူ့ရဲ့အရင်းနှီးဆုံးသူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ ခင်ဗျားကို မိတ်ဆက်ပေးထားမှာပါ။

သွားရင်းလာရင်းလမ်းမှာတွေ့တဲ့ သူ့ရဲ့သူငယ်ချင်းဆိုသူတွေနဲ့ ခင်ဗျားကို မိတ်ဆက်ပေးဖို့ ပျက်ကွက်နေမယ်ဆိုရင် သူဟာခင်ဗျားနဲ့ ရေရှည်ဆက်ဆံရေးမတည်ဆောက်ချင်တာ ထင်ရှားပါတယ်။ တကယ်ချစ်တဲ့သူဆိုရင် ခင်ဗျားဟာသူ့ရဲ့ချစ်သူဖြစ်ကြောင်းကို ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုမှာပါ။

၂။ ချိန်းတွေ့ဖို့ သေချာစီစဉ်ထားတယ်

maxresdefault.jpg 

Date လုပ်တာ (ချိန်းတွေ့တာ) နဲ့ hangout (တွဲတာ) တူသလိုလိုနဲ့ ကွဲပြားပါတယ်။ အပြင်လျှောက်သွား၊ မုန့်အတူတူစား၊ ရုပ်ရှင်တူတူကြည့်၊ ဂိမ်းတူတူဆော့တယ်ဆိုတာ တွဲတဲ့အဆင့်ပဲရှိပါတယ်။ ကိုယ့်ကို အတည်ကြံတဲ့သူဆိုရင် ချိန်းတွေ့ဖို့နေရာတွေ၊ ချိန်းတွေ့ဖို့အစီအစဉ်တွေကို သေချာဆွဲပြီး ခင်ဗျားကို surprise လုပ်ပေးမှာပါ။

ဥပမာ... ရုံးပိတ်ရက်မှာချိန်းတွေ့ကြမယ်ဆိုရင် သမရိုးကျအတွဲတွေလုပ်တတ်တဲ့ အတိုင်း ရုပ်ရှင်ကြည့်မယ်။ မုန့်စားမယ်။ အိမ်ပြန်လိုက်ပို့မယ်ဆိုတာတွေတင်မကဘဲ ရိုမန်းတစ်ဖြစ်စေမယ့်စားသောက်ဆိုင်မှာ ခင်ဗျားကို ညစာကျွေးဖို့စီစဉ်ထားတာ၊ ကမ်းနားမှာ မီးရှူးမီးပန်းလွှတ်တာ၊ ပန်းချီပြခန်းတွေကိုခေါ်သွားတာ စတဲ့ ချိန်းတွေ့ဖို့အစီအစဉ်တွေကို သေချာစီစဉ်ထားမှာပါ။ အပျော်ကြံတဲ့သူကတော့ ဒါတွေ ရှည်ရှည်ဝေးဝေးအုန်းစားနေမှာ မဟုတ်ပါဘူး။ အခွင့်သာရင် စိတ်ကွယ်ရာခေါ်သွားဖို့ပဲ ချောင်းနေမှာပါ။

၃။ သဝန်နည်းနည်းကြောင်မယ်

how-to-make-your-ex-boyfriend-jealous.jpg 

ယောကျ်ားလေးသူငယ်ချင်းတွေနဲ့ စကားပြောတိုင်း သဝန်ကြောင်ပြီး ပြဿနာရှာတတ်တဲ့ ရည်းစားမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ ဒါပေမယ့် ခင်ဗျားဘယ်သူနဲ့ ဘာပြောပြော၊ ဘာလုပ်လုပ် သဝန်လည်းမတို၊ စိတ်လည်းမဝင်စားတဲ့ ရည်းစားမျိုးကတော့ ခင်ဗျားကိုအတည်ကြံနေတာလို့ ပြောရင်ယုံရခက်ပါလိမ့်မယ်။ သဝန်တိုမှုမပါတဲ့အချစ်ဆိုတာမရှိ ဆိုတဲ့အတိုင်း အချစ်စစ်မှန်ရင်တော့ နည်းနည်းတော့သဝန်ကြောင်ကြမှာပါပဲ။

၄။ ခင်ဗျားရဲ့ဝါသနာတွေကိုနားလည်ပေးတယ်

hipster-couple-portraits-13.jpg 

ရှော့ပင်ထွက်တာကို ဝါသနာမပါတဲ့မိန်းကလေး ဘယ်သူရှိမလဲ။ တကယ်လို့ ခင်ဗျားရည်းစားက ခင်ဗျားရှော့ပင်ထွက်ရင် မညည်းမညူနောက်ကလိုက်ပေးရင်၊ ဒါမှမဟုတ် လေ့ကျင့်ခန်းတူတူလိုက်လုပ်ပေးရင်၊ ဒါမှမဟုတ် ခင်ဗျားသူငယ်ချင်းတွေနဲ့ဆုံတဲ့အခါ ဘေးမှာလိုက်ထိုင်ပေးရင် သူဟာခင်ဗျားအပေါ်တကယ်စိတ်ဝင်စားတယ်ဆိုတာ သိသာပါတယ်။ သူဟာခင်ဗျားရဲ့ဝါသနာတွေ၊ နှစ်သက်တာတွေကို လိုက်လုပ်ပေးရင်း ခင်ဗျားနဲ့အတူ အချိန်တိုင်းရှိနေချင်တာပါ။

၅။ ခင်ဗျားကို suprise ခဏခဏလုပ်တတ်တယ်

အကြောင်းပြချက် ခိုင်ခိုင်မာမာမရှိဘဲ လက်ဆောင်သေးသေးလေးတွေပေးတတ်သူဟာ ခင်ဗျားကိုအချိန်တိုင်းသတိရနေလို့ပါပဲ။ ချောကလက်ထုုပ်လေးတစ်ထုပ်ဖြစ်ချင်ဖြစ်မယ်။ ပန်းစည်းတစ်စည်း ဖြစ်ချင်ဖြစ်မယ်။ ခင်ဗျားနှစ်သက်တဲ့ကာတွန်းဇာတ်ကောင် အရုပ်လေးတစ်ရုပ်ဖြစ်ချင်ဖြစ်မယ်။ ခင်ဗျားကြိုက်တဲ့သီချင်းတွေကို CD ခွေနဲ့ burn ပေးထားပြီး လက်ဆောင်ပေးတာဖြစ်ချင်ဖြစ်မယ်။ ဒီလိုမျိုး လုပ်ပေးတယ်ဆိုတာ ပစ္စည်းရဲ့တန်ရာတန်ကြေးထက် သူ့ရဲ့ခင်ဗျားအပေါ်ထားတဲ့ချစ်ခြင်းနဲ့ စေတနာက ပိုအရေးကြီးပါတယ်။

၆။ ခင်ဗျားကိုသူ့ရဲ့စိတ်ခံစားချက်တွေကို ဖွင့်ချပြမယ်

ယောကျ်ားလေးတွေဟာလည်း မိန်းကလေးတွေလိုပဲ စိတ်ခံစားတတ်ပါတယ်။ မိန်းကလေးတွေလောက် စိတ်ခံစားမလွယ်ရင်သာ ရှိမယ်။ သူတို့လည်း အချိန်တိုင်း ခံစားချက်မဲ့နေတဲ့ စက်ရုပ်ကြီးတွေ မဟုတ်ပါဘူး။ ဒါပေမယ့် ယောကျ်ားမှန်ရင် မပျော့ညံ့ရဘူးဆိုတဲ့ စကားတွေကြောင့်သာ သူတို့ရဲ့စိတ်ခံစားချက်တွေကိုဖုံးကွယ်ထားတာ ဖြစ်ပါတယ်။

နောက်ပြီး သေချာတာက အပျော်တွဲတဲ့ ရည်းစားတွေရှေ့မှာတော့ သူတို့ရဲ့ စိတ်ခံစားချက်တွေကို ထုတ်ပြမှာမဟုတ်ပါဘူး။ အဲဒီလိုမှမဟုတ်ဘဲ ခင်ဗျားရှေ့မှာ သူတို့ရဲ့ပျော့ညံ့မှုတွေ၊ စိတ်ခံစားချက်တွေကို ထုတ်ပြဖို့ ဝန်မလေးဘူးဆိုရင်တော့ ခင်ဗျားနားမှာ နေရတာ သူ စိတ်သက်တောင့်သက်သာရှိကြောင်း ဖော်ပြတာပါပဲ။ နောက်ပြီး ခင်ဗျားနဲ့ဘဝတစ်သက်တာ လက်တွဲဖို့လည်း ရည်ရွယ်ထားပါတယ်။

၇။ အနာဂတ်အတွက်အစီအစဉ်တွေရှိတယ်

74_Foto-6.jpg 

အနာဂတ်အတွက် စီစဉ်တယ်ဆိုတာ တနေ့မှာလက်ထပ်ပြီးရင် အတူနေမယ့်အိမ်ကို ကြိတ်ဝယ်ထားတာတစ်ခုတည်းကို ဆိုလိုတာမဟုတ်ပါဘူး။ အတည်ကြံတဲ့သူဆိုတာ တနေ့လက်ထပ်ဖို့ စဉ်းစားမှာဆိုတာတော့ အသေအချာပါပဲ။ ဒါတင်မက လာမယ့်ဒီဇင်ဘာမှာ ခင်ဗျားနဲ့အတူ ခရီးထွက်မယ်ဆိုပြီး စီစဉ်ထားတာမျိုးကလည်း ခင်ဗျားနဲ့အတူ အနာဂတ်ကိုဖြတ်သန်းလိုကြောင်း ဖော်ပြတာပါပဲ။ အဲဒီလိုအပျော်ခရီးလို အသေးအဖွဲကိစ္စလေးတွေကအစ အနာဂတ်အတွက်ကြိုတွေးထားမယ်ဆိုရင် သူဟာ ခင်ဗျားအပေါ် ခံစားချက်ကြီးကြီးမားမားရှိနေတာပါပဲ။

Source: herbeauty

Share

Loading Next Article...
က္က