သူ့ဘေးနားမှာ တခြားအိမ်မွေးတိရစ္ဆာန်တွေရှိနေတာကို သည်းမခံနိုင် ဖြစ်တတ်ပါတယ်။
 

ကြောင်မွေးတာ ကြာနေပြီဆိုရင်တော့ ကြောင်တစ်ကောင်ရဲ့ကိုယ်ဝန်ဆောင်လက္ခဏာတွေကို သင်သိနိုင်ပါတယ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ ကြောင်တစ်ကောင်ရဲ့ ကိုယ်ဝန်ဆောင်လက္ခဏာတွေကို သင်သိထားဖို့လိုပါတယ်။ ဒီလိုသိထားမှလည်း သင်ဂရုစိုက်နိုင်မှာ ဖြစ်ပါတယ်။

၁ - အပြောင်းအလဲ

ကိုယ်ဝန်ရှိတဲ့အခါမျိုးမှာ ကြောင်တွေရဲ့ တုံ့ပြန်ပုံဟာ မတူညီတတ်ကြပါဘူး။ အချို့ကြောင်တွေက ပိုစားပြီး အချို့ကြောင်တွေကတော့ လျှော့စားကြပါတယ်။ ဒါကြောင့် သူတို့စားသောက်ပုံကို သတိထားမိဖို့လိုပါတယ်။ တကယ်လို့ သူတို့ရဲ့ အစားအသောက်ပုံစံပြောင်းလဲခြင်းဟာ ကိုယ်ဝန်ရှိတာကြောင့် မဟုတ်ဘူးဆိုရင်တောင်မှ ဖျားနာနေနေတာကြောင့် ဖြစ်ပါတယ်။ တိရစ္ဆာန်ဆရာဝန်နဲ့ ပြသင့်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့သတင်း -ကြောင်လေးတွေရဲ့ ချစ်ခင်ခြင်းကိုပြသတဲ့ အပြုအမူတွေ )

 

၂ - ဝမ်းဗိုက်

ဝမ်းဗိုက်ပူလာတယ်ဆိုတာကတော့ ထင်ရှားပါတယ်။ ကိုယ်ဝန်ရှိပြီး ရက်ပေါင်း သုံးဆယ်လောက်မှာ ကြောင်ရဲ့ ဝမ်းဗိုက်အရွယ်အစားဟာ သိသာလာမှာပါ။ ဒါပေမယ့် သင့်ကြောင်က အဝလွန်သလို အရွယ်အစားကြီးကြီးမားမားရှိတယ်ဆိုရင်တော့ သတိပြုမိဖို့ ခက်ခဲပါတယ်။ အသေးစိတ်ကြည့်ဖို့ လိုပါတယ်။

၃  - ဘယ်တော့မွေးမလဲ

မွေးဖွားဖို့ ၁၅ ရက်လောက်အလိုမှာ ကြောင်တွေဟာ မွေးဖွားဖို့ နေရာလေးကို ရှာလာတတ်ပါတယ်။ သူ့ရဲ့မွေးရာပါအသိနဲ့ နွေးထွေးလုံခြုံတဲ့နေရာလေးကို ရှာဖွေတာပါ။ ဒါ့အပြင် ပိုင်ရှင်ဖြစ်သူ သင့်ကို ယခင်ကထက် ချစ်တဲ့အပြုအမူတွေ ပြလာပါလိမ့်မယ်။ ဒါဟာ သူ့ရဲ့မိခင်စိတ်တွေ စတင်ဝင်ရောက်လာနေတာ ဖြစ်ပါတယ်။

 

၄ - အပြုအမူ

အပြုအမူတွေ ပြောင်းလဲလာမှာ ဖြစ်ပါတယ်။ သူ့ဘေးနားမှာ တခြားအိမ်မွေးတိရစ္ဆာန်တွေရှိနေတာကို သည်းမခံနိုင် ဖြစ်တတ်ပါတယ်။ အပြင်သွားခြင်းထက် အိမ်မှာပဲ ပိုနေလာပါတယ်။ ပိုပြီးလည်း အိပ်လာပါတယ်။ ရန်လိုမှုတွေလည်း ရှိလာပါတယ်။

၅ - မနက်ခင်း မကြည်မသာ

မနက်ခင်းကိုယ်လက်မကြည်မသာဖြစ်မှုဟာ သူတို့မှာလည်း ရှိပါတယ်။  မနက်ခင်းအန်တာမျိုး ခဏခဏ မြင်လာရပြီး အန်တဲ့ ပမာဏာကလည်း များတယ်ဆိုရင် ဆရာဝန်ကို ပြသင့်ပါတယ်။

 

၆ - နို့သီးခေါင်း

နို့သီးခေါင်းဟာ ကြီးလာရုံတင်မကဘဲ ပိုနက်လာပါတယ်။ ဒါဟာ မွေးဖွားလာတော့မယ့် သူတို့ရဲ့ ရင်သွေးလေးတွေအတွက် နို့ထုတ်လုပ်ဖို့ အဆင့်သင့်ဖြစ်လာတာပါ။

Photos & Source: enki

Share

Loading Next Article...
က္က