ခပ်တည်တည်ကြီးလည်း လုပ်မနေနဲ့။ ပြုံးပြုံးလေးနေ။

ကိုယ်သဘောကျရသူကို တွေ့နေပြီ။ သူ့ဘက်က ကိုယ့်ကို ရှိတယ်လို့တောင်မထင်ဘူး။ ကိုယ့်အနေနဲ့ နည်းမျိုးစုံနဲ့ ကြိုးစားခွင့်ရှိတယ်။ သူအထင်ကြီးနှစ်သက်လာအောင်တော့ ဒါတွေရှိနေဖို့ လိုလိမ့်မယ်။

၁။ ပင်ကိုယ်အရည်အချင်းတိုးတက်မှု

ကိုယ့်မှာရှိပြီးသား အရည်အချင်းတွေ၊ လုပ်ကိုင်နိုင်စွမ်းတွေကို တိုးတက်ကောင်းမွန်လာအောင် အမြဲတမ်းကြိုးစားနေပါ။ တစ်နေရာတည်းမှာ ရပ်တန့်မနေဘဲ ကြိုးစားနေတဲ့လူတွေဟာ ဆွဲဆောင်မှုဖြစ်ပေါ်စေပါတယ်။

fsd_gallery1_5864551c03bd9_1.0.png 

၂။ ရုပ်ပိုင်းဆိုင်ရာပြင်ဆင်မှု

သပ်သပ်ရပ်ရပ်နေပါ။ သန့်ရှင်းသပ်ရပ်မှုမရှိရင် ဘယ်သူဖြစ်ဖြစ် အနားမကပ်ချင်ဘူး။ ဆံပင်စတိုင်လ်တွေ ပြောင်းကြည့်လိုက်။

၃။ သဘောထားကြီးပါ

စိတ်ထားကောင်းပြီး ဖော်ရွေသူကို လူတိုင်းချစ်ကြပါတယ်။ ဒေါသအိုးတွေကိုတော့ ဘယ်သူကမှ မပတ်သက်ချင်ဘူးလေ။

9f6146f702a0f2840b8a291f3fb41805.jpg 

၄။ သင်ယူလေ့လာပါ

အသစ်တစ်ခုခုလောက် သင်ယူကြည့်ပါ။ Gym သွားတာမျိုး၊ ယောဂသင်တန်းတက်တာမျိုး လုပ်ကြည့်ပါ။ မိတ်ဆွေသစ်လည်း တိုးလာဦးမှာ။

၅။ အလုပ်မှာတိုးတက်မှု

အရွယ်ရောက်လာလို့ လုပ်ငန်းခွင်ထဲကို ရောက်လာပြီ။ ဒါပေမဲ နှစ်ရှည်ဝန်ထမ်းသာဖြစ်နေတယ် ဘာမှထူးခြားမလာဘူး။ ဒီလိုဆိုရင် ကိုယ့်အရည်အချင်းနည်းနေလို့ မတိုးတက်တာပါ။ အလုပ်ကို စမတ်ကျကျလုပ်ရင်း လစာတိုး၊ ရာထူးတွေတိုးလာတဲ့အခါ ကိုယ့်ရဲ့ကြိုးစားမှုကြောင့်လည်း လူတွေက ကိုယ့်ကိုစိတ်ဝင်စားလာမှာဖြစ်ပါတယ်။

၆။ ခရီးသွားပါ

မိတ်ဆွေသစ်တွေတိုးမယ်၊ အတွေ့အကြုံသစ်တွေ ရလာမယ်။ လူတွေအပေါ် အမြင်တွေပြောင်းလဲလာမှာမို့လို့ အရင်ကကိုယ် ဆိုတာထက် ခရီးထွက်ပြီးကိုယ်က ပိုပြီးလန်းဆန်းနေတော့တာပဲလေ။

Fotolia_54815935_Subscription_Monthly_M.jpg 

၇။ ရယ်မောတတ်ပါစေ

စူပုတ်မနေနဲ့။ ခပ်တည်တည်ကြီးလည်း လုပ်မနေနဲ့။ ပြုံးပြုံးလေးနေ။ အားပါးတရ ရယ်မောလိုက်ပြီဆို အရမ်းကို ချစ်စရာကောင်းသွားပါတယ်။

Share

Loading Next Article...
က္က