ချစ်သူကို ချစ်တယ်လို့ ပြောဖို့အတွက် ဘယ်တော့မှ ဝန်မလေးပါနဲ့။

အရွယ်ရောက်ပြီးလို့ ကိုယ်စီ လုပ်ငန်းခွင်ဝင်နေကြတဲ့ ချစ်သူနှစ်ဦးအတွက်တော့ အေးအေးဆေးဆေးစကားပြောချိန်ဆိုတာ ညနေဘက်တွေပဲ ဖြစ်လာခဲ့တယ်။ မဆုံဖြစ်တဲ့အခါကျတော့လည်း ညအိပ်ခါနီး ဖုန်းပြောကြတာပေါ့။ အဲ့ဒီအခါမှာ အများဆုံးပြောဖြစ်ကြတာ "ဒီနေ့ဘယ်လိုလဲ၊ အဆင်ပြေလား" ဆိုတဲ့ စကားပဲဖြစ်လိမ့်မယ်ထင်တယ်နော်။ ချစ်သူနဲ့ အမြဲတမ်းပြောနေရမယ့် စကားတွေလည်း ရှိသေးတယ်။ ဘဝတစ်လျှောက်လုံး လက်တွဲသွားဖို့ ရည်ရွယ်ထားပြီးပြီဆိုရင်တော့ ဒီစကားတွေကို နေ့တိုင်းပြောသင့်ပါတယ်။

 

၁။ ရည်မှန်းချက်တွေ

နှစ်ယောက်လုံးက အလုပ်လုပ်နေကြပြီဆိုတော့ ရည်မှန်းချက်ကိုယ်စီရှိကြမှာပဲ။ အလုပ်ပြောင်းချင်တာတို့၊ အလုပ်နဲ့ပတ်သက်ပြီး ရာထူးတိုးချင်တာတို့ဆိုတာတွေက ပန်းတိုင်တွေပဲ။ အဲ့တာတွေရအောင် ဘယ်လိုလုပ်ကြမလဲဆိုတာ အပြန်အလှန် တိုင်ပင်ဆွေးနွေးဖို့ကောင်းတယ်။ တစ်ယောက်ကိုတစ်ယောက် အကြံပေးကြမယ်၊ အတူတူကြိုးစားကြမယ်ဆိုရင် ပိုပြီးသံယောဇဉ်ခိုင်မာလာမယ်။ ကိုယ့်ရဲ့ပန်းတိုင်ဆီကိုလည်း မြန်မြန်ရောက်နိုင်တယ်။

သင်အကြိုက်တွေ့နိုင်မယ့်ဆောင်းပါး ---> အချစ်နဲ့ကစားနိုင်မယ့် ကစားနည်း (၃) မျိုး

၂။ အခက်အခဲတွေ

ရင်ဖွင့်ကြတာပေါ့။ အဆင်မပြေတာတွေ ကြုံရတဲ့အခါ ကိုယ့်ချစ်သူအပြင် ဘယ်သူ့ကို ရင်ဖွင့်မလဲနော်။ အပြန်အလှန် နှစ်သိမ့်အားပေးကြတာလည်း ချစ်သူတို့ရဲ့သဘာဝပါပဲ။

 

၃။ ကျန်းမာရေး

အလုပ်မှာထိုင်ရတာကြာလို့ ကျောနာ၊ ခါးနာနေလား။ အိပ်ရေးဝ၀ အိပ်ရဲ့လား။ ကိုယ့်ချစ်သူရဲ့ ကျန်းမာရေးကို ဂရုစိုက်ပေးပါနော်။

သင်အကြိုက်တွေ့နိုင်မယ့်ဆောင်းပါး ---> ကိုယ့်ကို အတည်ကြံနေတာလား သိနိုင်မယ့်အချက် (၇) ချက်

၄။ ပျော်စရာအချိန်တွေ

ပျော်ခဲ့တဲ့အချိန်တွေကို ပြန်ပြောကြပါဦး။ ပင်ပန်းစရာတွေ ကြုံနေရပေမဲ့ ပျော်ခဲ့ရဖူးတယ်ဆိုတာ မှတ်မိနေရင် ပင်ပန်းတာတွေလည်း လျော့သွားမယ်။ မျှော်လင့်ချက်တွေလည်း ခိုင်မာလာမယ်။ အနေဝေးနေချိန်မှာတောင် အချစ်တွေနဲ့ နွေးထွေးနေစေတယ်။

 

၅။ အနာဂတ်

ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်ပြီးပြီမဟုတ်လား။ ဒါဆိုရင် အနာဂတ်ကိုလည်း တိုင်ပင်ရမှာပေါ့။ အိမ်ဝယ်ဖို့ ငွေစုနေတာ ဘယ်လောက်ရှိပြီ၊ အိမ်ဆောက်ရင် ဘယ်လိုပုံစံလေးဆောက်မယ် စတာတွေ ပြောပြ တိုင်ပင်ကြတာလည်း ကောင်းပါတယ်။

၆။ ချစ်သူအကြောင်း

ချစ်သူကို ချစ်တယ်လို့ ပြောဖို့အတွက် ဘယ်တော့မှ ဝန်မလေးပါနဲ့။ ချစ်တယ်လို့ပြောပါ။ ဒီလိုချစ်သူမျိုးကို ပိုင်ဆိုင်ထားရတဲ့အတွက် ကိုယ့်မှာ ဘယ်လိုတောင် ကံကောင်းရသလဲဆိုတာ ပြောလိုက်ပါဦး။

Source : Women Health Mag

Share

Loading Next Article...
က္က