သင့်ကိုယ်ပိုင်ပုံစံကို လက်မခံဘဲ သင့်ကို အမြဲဝေဖန်နေပါတယ်။
 

အိမ်နဲ့ ပြဿနာ ကြီးကြီးမားမားတော့ မရှိပါဘူး။ သူတို့ဘက်က သင့်ကိုနားမလည်တာလား၊ သင့်ဘက်ကပဲ မှားနေတာလားဆိုတာမသိပေမယ့် အိမ်သားတွေကို သင်သဘောမကျရတဲ့အကြောင်းအရင်းတွေ ရှိပါတယ်။ အဆိုပါအကြောင်းအရင်းတွေက ဒီအချက်လေးတွေ ဖြစ်နေနိုင်ပါတယ်။

၁ - အမြဲဝေဖန်နေတယ်

အိမ်က မိဘတွေက ကိုယ့်အပေါ် အကောင်းဆုံးဆိုတာတွေကိုပဲ မျှော်လင့်နေပါတယ်။ ဒါပေမယ့် အကောင်းဆုံးဆိုတဲ့ သတ်မှတ်ချက်နဲ့ ပတ်သက်လို့ လူတစ်ဦးနဲ့ တစ်ဦးမှာ ကွဲပြားမှုတွေ ရှိပါတယ်။ ဒါကို နားမလည်တာကြောင့် အိမ်က လူတွေက အဆက်မပြတ်ကို သင့်ကို ဝေဖန်နေပါတယ်။ တခြားလူတွေနဲ့လည်း အမြဲနှိုင်းယှဉ်နေပါတယ်။ သင့်ကိုယ်ပိုင်ပုံစံကို လက်မခံဘဲ သင့်ကို အမြဲဝေဖန်နေပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ဆောင်းပါး - သူငယ်ချင်းတွေ ဝေးကွာသွားရတဲ့အကြောင်းရင်းတွေ)

 

၂ - အများရှေ့မှာ

အဆိုးဆုံးကတော့ သူစိမ်းတွေရှေ့မှာ၊ အများရှေ့မှာ ဝေဖန်တာ ဖြစ်ပါတယ်။ သင့်ကို နည်းနည်းလေးမှ ထည့်မတွက်ဘဲ သူစိမ်းတွေကို သင့်အကြောင်းတွေ သင့်ရှေ့မှာ ပြောတာပါ။ သူစိမ်းတွေကပါ အထင်သေးပြီး သင့်အိမ်သားတွေ ဆက်ဆံသလို လာဆက်ဆံချင်တာမျိုးဟာ သင့်အတွက် သဘောမကျစရာတွေပါ။

၃ - မသိကျိုးကျွံ

စကားပြောတဲ့အခါ၊ ဆွေးနွေးတဲ့အခါမျိုးတွေမှာ သင့်အမြင့်ကို မသိကျိုးကျွံပြုကြပါတယ်။ ဘာမှလည်း မသိဘဲနဲ့ ဝင်ပြောတယ်ဆိုတဲ့အကြည့်မျိုး၊ အပြောမျိုးတွေနဲ့ သင့်အိမ်သားတွေက သင့်ကို တုံ့ပြန်တတ်ပါတယ်။ သင်တင်ပြတဲ့ အကြောင်းအရာကိုလည်း သူတို့စကားတွေနဲ့ ပြန်ပြောပြီးမှ လက်ခံတာမျိုး ဖြစ်ပါတယ်။ သင်ပြောတာကို အလွယ်တကူ နားထောင်ပေးတယ်ဆိုတာ မရှိပါဘူး။

၄ - လက်မခံဘူး

သင့်ဘက်က ဘာတွေပြုပြင်ရမယ်ဆိုတာကိုပဲ အမြဲထောက်ပြနေပြီး သင့်ကောင်းကွက်တွေကိုတော့ မသိကျိုးကျွံပြုထားတာ ဖြစ်ပါတယ်။ သင့်အောင်မြင်မှုတွေကလည်း လုံလောက်တဲ့ အောင်မြင်မှု မဟုတ်သလို သဘောထားနေကြတာ ဖြစ်ပါတယ်။

 

၅ - ဆုံးဖြတ်ချက်

သင့်ဆုံးဖြတ်ချက်၊ သင့်ရည်ရွယ်ချက်တွေဟာ ဘာမှမဟုတ်သလို သူတို့ဘက်က ပြုမူတာပါ။ ဒီရည်မှန်းချက်နဲ့ပတ်သက်လို့ သင့်မှာရှိနေတဲ့ စိတ်တွေကိုလည်း လျော့ပါးအောင် လုပ်နေတာပါ။  တစ်ခါတစ်လေ အိမ်သားတွေက ကိုယ့်အပေါ် ဒီလိုပြုမူနေတာဟာ ကိုယ်ကိုယ်တိုင် ဒီရည်မှန်းချက်တွေပေါ် ယုံကြည်မှုနည်းပါးနေတာကြောင့်လည်း ဖြစ်တတ်ပါတယ်။

၆ - အမြဲပါဝင်ပတ်သက်တယ်

သင့်အပေါင်းအသင်း၊ သင့်အချစ်ရေး၊ သင့်အလုပ်အကိုင် စတာတွေထိပါ လိုက်လံပါဝင်ပတ်သက်နေတာ ဖြစ်ပါတယ်။ အစစအရာရာ သင့်ကို အဆင်ပြေချောမွေ့စေချင်နေတာ ဖြစ်ပါတယ်။ ဒီလိုအပြုအမူတွေက အသက်ကြီးလေ သဘောမကျ ဖြစ်ရလေပါပဲ။

Photos & Source: Bustle

Share

Loading Next Article...
က္က