ကိုယ်တိုင်ကတော့ အမှုမဲ့ အမှတ်မဲ့ပဲ...

လူတိုင်းမှာ စရိုက်ကိုယ်စီ ရှိကြတာပဲ။ ဒါပေမဲ့ ကိုယ့်ရဲ့အကျင့်စရိုက်တွေက မကောင်းဘူးဆိုရင်တော့ ပြင်ရမှာပေါ့။ အကျင့်ဆိုးတွေ ရှိနေသမျှ မိတ်ဆွေကောင်းရဖို့လည်းခက်တယ်။ ခင်မင်သူတွေနဲ့လည်း ကြာကြာလက်မတွဲနိုင်ဘူး။

၁။ ခွင့်မပြုဘဲမှတ်ချက်ပေးတာ

GettyImages-143177469-56a4f3433df78cf772857571.jpg 

ဘယ်သူကမှမေးဘဲ အတင်းစွက်ဖက် အကြံပေးမှတ်ချက်ချတာတွေ ဘယ်နှကြိမ်လောက် လုပ်ခဲ့ပြီးပြီလဲ။ နေရာတကာ ဝင်ပြောတတ်လွန်းတဲ့ အကျင့်က မကောင်းဘူးနော်။ သူတပါးရဲ့အပြစ်ကို ဝေဖန်ထောက်ပြတယ်ဆိုတာက တစ်ဖက်သားခွင့်ပြုချက်ကို အရင်တောင်းပြီးတော့မှ ပြောသင့်ပါတယ်။ ပြောကိုပြောမှ ဖြစ်မယ်လို့ ယူဆတယ်ဆိုရင်တောင် အခြေအနေနဲ့ အချိန်အခါကို ချင့်ချိန်ဖို့လိုသေးတယ်။ လူကြားထဲမှာ သူ့အမှားကိုထောက်ပြလိုက်တာမျိုးက မယဉ်ကျေးတဲ့အပြုအမူပါ။

၂။ လိုအပ်တဲ့အချိန်တွေမှာပစ်ထားတာ

Helping_Hand_on_Old_Rag_(22310055090).jpg 

မိတ်ဆွေ၊ ချစ်သူ ဆိုတာ အပြန်အလှန် ဖေးမကူညီရမယ်မဟုတ်လား။ ကိုယ်လိုအပ်တဲ့အချိန်တုန်းက အသည်းအသန် အကူအညီတောင်းခဲ့တယ်။ သူတို့ဆီက အကူအညီတွေ ယူခဲ့တယ်။ ဒီလိုပဲ အပြန်အလှန်အနေနဲ့ သူတို့လိုအပ်တဲ့အကူအညီကိုလည်း ကိုယ်က ပြန်ပေးနိုင်ရမယ်။ အရမ်းကို အကူအညီလိုနေချိန်မှာ ကိုယ်က မသိကျိုးကျွံပြုထားတာကတော့ တော်တော်ဆိုးပါတယ်။ တစ်ခါတစ်လေမှာ ကိုယ့်အမြင်အရ အကူညီပေးဖို့မလိုဘူးလို့ ထင်မိတယ်။ ဥပမာပြောရရင် အသည်းကွဲနေချိန်ဆို ကိုယ်က ဘာမှမလုပ်ပေးနိုင်ဘူးထင်ပြီး ပစ်ထားမိတယ်။ တကယ်တမ်းတော့ သူတို့က ရင်ဖွင့်ဖော်လိုအပ်နေလေ့ရှိပါတယ်။

၃။ ဘာမှထောက်ပြတာမျိုးမရှိဘူး

FEEDBACK-INED21-2.jpg 

အတင်းကာရော မှတ်ချက်ပေး ထောက်ပြတာမျိုးက မကောင်းပါဘူး။ ဒါပေမဲ့ ကောင်းသည်၊ ဆိုးသည် မှတ်ချက်မပေးတတ်တာမျိုးလည်း မဖြစ်သင့်ဘူး။ ဘာမှမပြောတာပဲ ကောင်းပါတယ်လို့ ထင်မိတယ်။ မိတ်ဆွေကောင်းဆိုတာ အကောင်း၊အဆိုး၊ အကြောင်း၊ အကျိုး ဝေဖန်ထောက်ပြနိုင်ရမယ်လေ။

Share

Loading Next Article...
က္က