ကာလံဒေသံနဲ့လည်း လိုက်လျောညီထွေရှိပြီး သက်တောင့်သက်တာရှိတဲ့ အဝတ်အစားမျိုးမှ အဆင်ပြေမှာပါ။
 

အလုပ်အင်တာဗျူးတစ်ခုမှာ အင်တာဗျူးအောင်ဖို့ ခက်ခက်ခဲခဲမေးခွန်းတွေဖြေနိုင်အောင် ပြင်ဆင်ရတာမလွယ်ပါဘူး။ ဒါပေမယ့် အင်တာဗျူးဖြေဖို့သွားရင် အင်တာဗျူးမယ့်သူ ကိုယ့်ကိုအထင်ကြီးအောင် ဘယ်လိုဝတ်စားသွားရမလဲဆိုတာကိုလည်း သိထားဖို့ လိုပါတယ်။ အကောင်းဆုံးအဝတ်အစားတွေ ဝတ်ဆင်ထားတိုင်းလည်း အင်တာဗျူးမေးသူက အထင်ကြီးချင်မှကြီးမှာပါ။ ကာလံဒေသံနဲ့လည်း လိုက်လျောညီထွေရှိပြီး သက်တောင့်သက်တာရှိတဲ့ အဝတ်အစားမျိုးမှ အဆင်ပြေမှာပါ။

ဘာဝတ်သွားရမလဲ

ဒါနဲ့ပတ်သက်တဲ့အကြံပြုထားတဲ့အချက်တွေကိုလည်း ဖတ်ဖူးကြမှာပေါ့။ ကိုယ်အင်တာဗျူးဖြေမယ့် လုပ်ငန်းနဲ့ကိုက်ညီမယ့် အဝတ်အစားကို ဝတ်ဆင်ပါဆိုတာလေ။ ဥပမာပေးရရင် ခင်ဗျားအလုပ်လျှောက်မယ့် ကုမ္မဏီက ဥပဒေအကြံပေးအေဂျင်စီဆိုရင် မြန်မာဝတ်စုံ (သို့) အနောက်တိုင်းဝတ်စုံနဲ့ သပ်သပ်ရပ်ရပ်ဝတ်ဆင်သွားသင့်ပြီး နည်းပညာကုမ္မဏီဆိုရင်တော့ အရမ်းကြီး formal ကျတဲ့အဝတ်အစားတွေ ဝတ်ဖို့မလိုဘဲ ပေါ့ပေါ့ပါးပါး သပ်သပ်ရပ်ရပ်ဝတ်ဆင်သွားနိုင်ပါတယ်။

သူငယ်ချင်းတွေနဲ့လျှောက်လည်ရင်ဝတ်သလို အရမ်းလူငယ်ဆန်တဲ့ဖက်ရှင်မျိုးကိုတော့ မဝတ်ဆင်သင့်ပါဘူး။ အင်တာဗျူးဆိုတာ TGIF party နဲ့မတူဘူးဆိုတာတစ်ချက်တော့ သတိပြုထားသင့်ပါတယ်။

ဘာအရောင်ဝတ်ရမလဲ

Dress-to-impress.jpg 

CareerBuilder and Harris Interactive ကနေပြီးတော့ HR မန်နေဂျာတွေနဲ့ ဝန်ထမ်းရွေးချယ်ရေးမန်နေဂျာပေါင်းစုံကို တစ်ခုတည်းသောမေးခွန်းကိုမေးပြီး ဆာဗေးကောက်ခဲ့ပါတယ်။ အဲဒီမေးခွန်းကတော့ "အလုပ်အင်တာဗျူးတစ်ခုမှာ ဘယ်အရောင် ဝတ်လာတာအကောင်းဆုံးလဲ" ဆိုတဲ့မေးခွန်းပါပဲ။ ဆာဗေးအရတော့ အပြာရောင်ဟာ အင်တာဗျူးမယ့်သူတွေ အကြိုက်ဆုံးအရောင် ဖြစ်ပြီး လိမ္မော်ရောင် တောက်တောက်ကြီးကတော့ လူကြိုက်အနည်းဆုံးအရောင်ဖြစ်ပါတယ်။

ဒါပေမယ့်် နောက်တစ်ခုရှိတာက ဘာအရောင်ဝတ်ရမလဲဆုံးဖြတ်တဲ့လုပ်ငန်းစဉ်ဟာ ဘာအင်တာဗျူးပဲဖြစ်ဖြစ် အပြာရောင်ကိုပဲ ရွေးချယ်ပြီး လိမ္မော်ရောင်အင်္ကျ ီတွေကို အမှိုက်ပုံးထဲဝဲလိုက်မယ်ဆိုတာထက် အများကြီးရှုပ်ထွေးနေပါသေးတယ်။ အလုပ်ရှင်တွေက အင်တာဗျူးဖြေမယ့်သူဝတ်လာတဲ့အရောင်ဟာလည်း အင်တာဗျူးဖြေနေနချိန်မှာ အသံတိတ်သတင်းပေးပို့မှုတွေကို လုပ်လာသလိုပဲလို့ ဆိုထားပါတယ်။ ခင်ဗျားဝတ်လာတဲ့အရောင်က team spirit (အဖွဲ့လိုက်အလုပ်လုပ်တတ်သူ) ရှိသူလို့ ဖော်ပြနေလား။ တီထွင်ဖန်တီးနိုင်စွမ်းကောင်းသူလို့ ဖော်ပြနေလား စသဖြင့်ပေါ့။

"အင်တာဗျူးတစ်ခုမှာ first impression လို့ခေါ်တဲ့ အခန်းထဲဝင်လာလာချင်းမှာ မိမိကိုအကဲဖြတ်ခံလိုက်ရတဲ့အမြင်ဟာ အလွန်အရေးကြီးပါတယ်။ အင်တာဗျူးတောင်မစရသေးဘဲ first impression နဲ့တင် အပယ်ခံလိုက်ရတာမျိုး ခင်ဗျားလည်း ဖြစ်ချင်မှာမဟုတ်ပါဘူး" လို့ အမေရိကန်၊ တက္ကဆပ်ပြည်နယ်က အတိုင်ပင်ခံကုမ္မဏီတစ်ခုက ဌာနမှူးတစ်ဦးဖြစ်သူ Sherry Maysonave လို့ဆိုပါတယ်။ "First impression ဆိုတာ စတွေ့တွေ့ချင်း စက္ကန့် (၃၀) အတွင်းမှာဖြစ်နိုင်ပြီး အဲဒီအချိန်မှာ ခင်ဗျားရဲ့ဝတ်ပုံစားပုံ၊ ပြောပံုံဆိုပုံတွေက အရမ်းတာသွားပါလိမ့်မယ်" လို့လည်း ဆိုပါတယ်။

အင်တာဗျူးတစ်ခုကို ကောင်းမွန်စွာဖြေနိုင်စေဖို့ အရောင်တွေကပေးနိုင်တဲ့ အသံတိတ်သတင်းပို့ချက်တွေအကြောင်း အောက်မှာ ဖော်ပြပေးထားပါတယ်။

၁။ အပြာရောင်

970d0b59f2d8ab773e57583e7625ed93--my-outfit-party-outfit-men.jpg 

အထက်မှာဖော်ပြထားသလိုပဲ။ ဆာဗေးတိုင်းတာချက်တွေအရ အပြာရောင်ဆိုတာ အလုပ်ရှင်တွေမျက်စိထဲမှာ သဘောအကျဆုံး အရောင်တစ်မျိုးပါပဲ။ ကျွမ်းကျင်သူတွေရဲ့အဆိုအရ အပြာရောင်ဟာ ခင်ဗျားဟာ ယုံကြည်လို့ရတဲ့လူတစ်ယောက်ဖြစ်ကြောင်းနဲ့ မိမိကိုယ်ကိုယ်လည်း ယုံကြည်မှုအပြည့်ရှိကြောင်း ဖော်ပြနေပါတယ်တဲ့။

၂။ အညိုရောင်

အညိုရောင်နဲ့ပတ်သက်ပြီး အဆိုးမြင်ကြတာတွေတော့ မရှိပါဘူး။ အညိုရောင်ဝတ်ဆင်ခြင်းဖြင့် သက်တောင့်သက်တာရှိခြင်း၊ ရိုးရှှင်းခြင်း၊ အလုပ်နဲ့ပတ်သက်ပြီး မှီခိုနိုင်ခြင်း၊ ရှေးရိုးဆန်ခြင်းစတာတွေကို ဖော်ပြနေပါတယ်။ ဒါပေမယ့် ဒီလိုအရောင်မျိုးကတော့ နည်းပညာကုမ္မဏီလိုမျိုး ခင်ဗျားရဲ့ဖောက်ထွက်တွေးခေါ်နိုင်စွမ်းတွေ၊ ခေတ်မီတဲ့အတွေးအခေါ်တွေကို လိုချင်တဲ့သူတွေရှေ့မှာတော့ ဝတ်လို့အဆင်မပြေ ပါဘူး။ နည်းနည်းရှေးရိုးဆန်ပြီး တည်ငြိမ်ဖို့လိုတဲ့ အလုပ်အင်တာဗျူးမျိုးမှာပဲ ဝတ်ဆင်ဖို့ရွေးချယ်သင့်ပါတယ်။

၃။ အနက်ရောင်

13cc75e3e9374941f570bc963169eef9.jpg 

အပြာရောင်လိုပဲ... အနက်ရောင်ဟာလည်း အလုပ်ရှင်တွေ၊ အင်တာဗျူးပုဂ္ဂိုလ်တွေ အနှစ်သက်ဆုံးအရောင်တစ်မျိုးပါပဲတဲ့။ အနက်ရောင်မှာ ရိုးစင်းပြီး မိမိကိုယ်ကိုယ်ယုံကြည်မှုအပြည့်ရှိခြင်းကို ပေါ်လွင်နေစေပါတယ်။ ဒါပေမယ့် အလုပ်အင်တာဗျူးတစ်ခုမှာ အနက်ရောင်ဝတ်မယ်ဆိုရင် သတိထားစရာလေးတွေရှိနေပါသေးတယ်။ အရောင်ကျွမ်းကျင်သူတွေကတော့ အနက်ရောင်ဟာ သြဇာအာဏာ ရှိခြင်းကိုလည်း ကိုယ်စားပြုနေတော့ အုပ်ချုပ်ရေးပိုင်းရာထူးတွေကို လျှောက်မယ့်သူတွေနဲ့ အထူးသင့််လျော်ပါတယ် လို့ဆိုပါတယ်။

ဒါပေမယ့် မိမိလျှောက်မယ့်ရာထူးဟာ လက်ထောက်ရာထူးမျိုးဖြစ်နေရင် မိမိကို အင်တာဗျူးမယ့်ပုဂ္ဂိုလ်ကို သြဇာလွှမ်းမိုးသလို ဖြစ်သွားနိုင်တာလေးတစ်ချက်တော့ သတိပြုပါ။ တစ်ခါတလေကျရင် အရမ်းကြီးယုံကြည်မှုလွန်ကဲပြီး သြဇာရှိပုံပေါက်နေတဲ့သူတွေကို မိမိတို့ရဲ့လက်ထောက်အဖြစ် မလိုချင်ကြပါဘူး။

၄။ အနီရောင်

အလုပ်အင်တာဗျူးတစ်ခုမှာ အနီရောင်ဝတ်သွားမယ်ဆိုရင် (များသောအားဖြင့် မိန်းကလေးတွေ) ဆွဲဆောင်မှုရှိခြင်းနဲ့ ထက်မြက်ခြင်းကို ဖော်ပြနိုင်မှာပါ။ ဒါပေမယ့် အင်တာဗျူးမယ့်သူတွေဟာ အနီရောင်ကို တစ်မျိုးမြင်သွားနိုင်ပါသေးတယ်။ အနီရောင်ဝတ်လာတဲ့သူတွေက စိတ်ကြွလွယ်ပြီး ကလန်ကဆန်လုပ်တတ်သူူတွေလို့ မြင်လာစရာရှိနိုင်ပါတယ်။ ဒါပေမယ့် အရောင်းစာရေးတို့၊ ဥပဒေလုပ်ငန်းတို့လို နယ်ပယ် တွေမှာတော့ အနီရောင်ဝတ်ဆင်ခြင်းဟာ အကောင်းဆုံးရွေးချယ်မှုပါပဲ။

၅။ မီးခိုးရောင်

တကယ်လို့ခင်ဗျားဟာ အလုပ်ရှင်ကို ခင်ဗျားရဲ့အကဲဖြတ်နိုင်စွမ်းနဲ့ စနစ်ကျကျတွေးခေါ်နိုင်စွမ်းတွေကို အသံတိတ်ပြသချင်တယ် ဆိုရင်တော့ မီးခိုးရောင်ကို ရွေးချယ်သင့်ပါတယ်။ ဒီအရောင်ကတော့ ဘယ်လုပ်ငန်းနယ်ပယ်က အလုပ်ရှင်မျိုးနဲ့မဆို ကိုက်ညီတဲ့အရောင်တစ်မျိုးပါ။

၆။ လိမ္မော်ရောင်

mens-opposuits-orange-suit.jpg 

CareerBuilder ရဲ့ဆာဗေးထဲမှာတော့ လိမ္မော်ရောင်ဟာ အလုပ်အင်တာဗျူးတစ်ခုမှာ မဝတ်ဆင်သင့်ဆုံးအရောင်တစ်မျိုးအဖြစ် စာရင်းဝင်နေပါတယ်။ အလုပ်ရှင်တော်တော်များများက လိမ္မော်ရောင်ဝတ်လာသူကို ပရော်ဖက်ရှင်နယ်မဆန်ဘူးလို့ အထင်ရောက်ကြပါတယ်။ နာရူတိုတွေအကြည့်များပြီး "This is my ninja way" ဆိုပြီး လိမ္မော်ရောင်ဝတ်ချင်စိတ်တွေ တဖွားဖွားပေါ်နေရင်တော့ အင်တာဗျူးကျဖို့ ရာခိုင်နှုန်းများပါတယ်။

Source: msn

Share

Loading Next Article...
က္က