သမီးရည်းစားရယ်လို့ဖြစ်လာရင် ဘာပြဿနာမှမရှိဘဲ အားလုံးအဆင်ပြေချောမွေ့နေတယ်ဆိုတဲ့ အတွဲဆိုတာရှားပါတယ်။
 

သမီးရည်းစားရယ်လို့ဖြစ်လာရင် ဘာပြဿနာမှမရှိဘဲ အားလုံးအဆင်ပြေချောမွေ့နေတယ်ဆိုတဲ့ အတွဲဆိုတာရှားပါတယ်။ အဲဒီလိုအတွဲမျိုးရှိခဲ့ရင်တောင်မှ ဘာပြဿနာမှ မရှိရင် ပျင်းခြောက်ခြောက်ကြီးလို့တောင် ခံစားရမှာပါ။

ပြဿနာအသေးအဖွဲလေးတွေဖြစ်လိုက်၊ ဖြေရှင်းပြီး ပြန်ပြေလည်သွားတဲ့အခါ ကြည်နူးလိုက် လုပ်ရတာကိုက သမီးရည်းစား တွေကြားက အရသာပါ။ ဒါပေမယ့် သမီးရည်းစားတွေကြားက တချို့ ပြဿနာလေးတွေကတော့ ကြီးကျယ်တဲ့ပြဿနာတစ်ခု ဖြစ်လာဖို့အတွက် တွန်းအားတစ်ခုဖြစ်စေလာနိုင်ပြီး သတိပြုထိန်းသိမ်းသင့်ပါတယ်။ အဲဒါတွေကတော့...

၁။ ပိုက်ဆံ

01-Things-All-Couples-Fight-About—and-How-to-Fix-Them-1024x683.jpg 

သုတေသနတွေအရတော့ ငွေရေးကြေးရေးကိစ္စလေးတွေက အတွဲတွေကြားမှာ စကားများရတဲ့ အဖြစ်အများဆုံးကိစ္စတစ်ခုပါပဲ။ ဒီနေ့ခေတ်ကြီးထဲမှာ ယောကျ်ားလေးကပဲ အရာရာကိုတာဝန်ယူရတယ်ဆိုတဲ့ ခေတ်မရှိတော့ပါဘူး။ အတွဲတွေက မိမိတို့ရဲ့ ဝင်ငွေကိုပေါင်းပြီး တူတူသုံးနေကြရတဲ့ခေတ်ဖြစ်နေပါပြီ။ "ကျွန်တော်တို့အားလုံးက မတူညီတဲ့ဘဏ္ဍာရေးအခြေအနေရှိတဲ့ မိသားစုတွေက လာကြပါတယ်။ ဒါကြောင့် ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး မတူညီတဲ့အမြင်တွေလည်း ရှိကြပါတယ်" လို့ စိတ်ရောဂါကုဆရာဝန်နဲ့ အတိုင်ပင်ခံ Nikki Martinez က ဆိုပါတယ်။

လျှောက်လည်တာ၊ စားတာသောက်တာ၊ သွားတာလာတာ အစရှိတဲ့ သမီးရည်းစားတွေကြားမှာ လုပ်လေ့လုပ်ထရှိတဲ့အရာလေးတွေကို လုပ်ဆောင်မယ်ဆိုရင် ဘယ်နေရာမှာ ဘယ်သူက အကုန်ခံမယ်ဆိုပြီး ကြိုတင်ညှိနှိုင်းထားတာ အကောင်းဆုံးပါပဲ။

၂။ အတူရှိချင်တဲ့စိတ်

02-Things-All-Couples-Fight-About—and-How-to-Fix-Them-1024x683.jpg 

အထူးသဖြင့် တွဲခဲ့တာ နှစ်ကာလအတိုင်းအတာတစ်ခုထိကြာပြီးတဲ့ အတွဲတွေမှာအဖြစ်များပါတယ်။ နှစ်ယောက်တည်း တူတူရှိနေရတယ်ဆိုတဲ့ ကိစ္စလေးကို အထူးစွဲမက်တယ်ဆိုတာ တွဲကာစ အချိန်လေးတွေ မှာပါပဲ။ နောက်ပိုင်းမှာတော့ တစ်ယောက်ယောက်က ခံစားချက်တွေလျော့ပါးလာပြီး နှစ်ယောက်တူတူရှိနေဖို့ကို အဲဒီလောက်စိတ်မပါတော့တာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီအချိန်မှာ ကျန်တစ်ယောက်က နှစ်ယောက်တူတူရှိနေဖို့ တောင်းဆိုလာတဲ့အခါ ပြဿနာတွေရှိလာနိုင်ပါတယ်။

"ဒီကိစ္စဟာ သမီးရည်းစားနှစ်ယောက်ကို ဝေးကွာသွားစေနိုင်တဲ့ အဓိကပြဿနာတစ်ရပ်ပါပဲ" လို့ Martinez က ဆိုပါတယ်။ "တကယ်လို့ လူနှစ်ယောက်ဟာ တစ်ဦးကိုယ်တစ်ဦး မြတ်နိုးယုယခြင်းရဲ့အရေးပါပုံကိုမေ့လျော့လာမယ်ဆိုရင် အခြေအနေတွေက တင်းအားတွေများလာပြီး ပြတ်ထွက်သွားတဲ့အထိ ဖြစ်လာနိုင်ပါတယ်" လို့လည်း ဆိုပါတယ်။

၃။ အတူတူရှိနေမယ့်အချိန်တွေ

သမီးရည်းစားနှစ်ယောက်ကြားက အခြေအနေက ဘယ်အဆင့်မှာပဲရှိနေသည်ဖြစ်စေ နှစ်ယောက်တူတူရှိနေမယ့်အချိန်နဲ့ ဝေးကွာနေရမယ့် အချိန်ကြားက မျှခြေလေးဟာလည်း အလွန်နူးညံ့သိမ်မွေ့ပါတယ်။ သမီးရည်းစားနှစ်ယောက်ဟာ အမြဲလိုလို တွေ့နေမြင်နေရမယ်ဆိုရင်လည်း ခံစားချက်တွေဟာ လျော့ပါးလာတတ်ပါတယ်။ တစ်ဆက်တည်းမှာပဲ သမီးရည်းစားနှစ်ယောက်ဟာ နှစ်ရှည်လများဝေးကွာပြီး အနေအရမ်းဝေးလွန်းနေမယ်ဆိုပြန်ရင်လည်း သွေးကအေးသွားတတ်ပါတယ်။ ဒါဟာလည်း သမီးရည်းစားတွေကြားမှာ ပြဿနာဖြစ်တတ်တဲ့အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ ဒီတော့ အဲဒီအချိန်နှစ်ခုကြားက မျှခြေကို သေချာထိန်းသိမ်းပြီး သမီးရည်းစားဆက်ဆံရေးလေးပြတ်တောက်မသွားအောင် စောင့်ရှောက်နိုင်ပါတယ်။

၄။ အဆက်အသွယ်ပြတ်တောက်ခြင်း

004-Things-All-Couples-Fight-About—and-How-to-Fix-Them-1024x683.jpg 

သမီးရည်းစားဆက်ဆံရေးဆိုတာ တကယ်တော့ အဆက်အသွယ်နဲ့လည်းဆိုင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်မရှိတဲ့ ဆက်ဆံရေးတစ်ခုဆိုတာ သွေးအေးပြီး ရပ်တန့်ပျောက်ကွယ်သွားဖို့ပဲ ရှိပါတယ်။ ဒါဟာအခြေခံကျတဲ့ အစီအစဉ်ဆွဲမှုနဲ့ပဲ စီစဉ်ဖန်တီးလို့ရပါတယ်။ ဥပမာ... ရုံးပိတ်ရက်ကျရင်ဘယ်သွားမယ်၊ ဘာလုပ်မယ်ပြောတာ၊ အနာဂတ်အကြောင်း ပြောတာ၊ တစ်နေ့မှာ လက်ထပ်ပြီးရင် ဘာလုပ်မယ်ဆိုတဲ့အကြောင်းပြောတာ စသဖြင့်ပေါ့။

အခြေခံကျတဲ့ဆက်သွယ်ရေးနည်းလမ်းတွေဖြစ်တဲ့ စကားပြောတာ၊ နားထောင်တာတောင်မရှိဘဲနဲ့ သမီးရည်းစားဆက်ဆံရေးတစ်ခုကို ရှေ့ဆက်သွားဖို့ဆိုတာ အလွန်ခက်ခဲပါတယ်။ ဒီလိုမှမဟုတ်ရင် သေးငယ်တဲ့အထင်အမြင်လွဲမှားမှုလေးတွေကနေ ကြီးမားတဲ့ ပြဿနာတွေဖြစ်လာနိုင်ပြီး အဆုံးမှာဆက်ဆံရေး ရပ်ဆိုင်သွားသည်အထိ ဖြစ်နိုင်ပါတယ်။

၅။ ခံစားချက်တွေကို မထိန်းချုပ်နိုင်တာ

05-Things-All-Couples-Fight-About—and-How-to-Fix-Them-1024x683.jpg 

နှစ်ဦးကြားမှာ ဆက်သွယ်ရေးကအရေးပါသလိုပဲ။ တစ်ယောက်ရဲ့စိတ်ခံစားချက်တွေကို တစ်ယောက်က နားမလည်တာ၊ လျစ်လျူရှုတာတွေကလည်း သမီးရည်းစားဆက်ဆံရေးမှာ အလွန်အရေးပါ ပါတယ်။ အတွဲကြားမှာ တစ်ယောက်ယောက်က (သို့) နှစ်ယောက်လုံးက စိတ်ခံစားချက်တွေကိုဖော်ထုတ်ပြောပြဖို့ ခက်ခဲနေပြီဆိုရင်၊ နားလည်မှုလေးတွေ ပျောက်ရှနေပြီဆိုရင် ဆက်ဆံရေးပျက်သုဉ်းဖို့ကိန်းကို ဆိုက်နေပါပြီ။

အထူးသဖြင့် ကိုယ်ကစေတနာနဲ့လုပ်ပေးလိုက်တဲ့ကိစ္စလေးတွေမှာ အသိအမှတ်ပြုမခံရတာတို့၊ တစ်ဖက်ကလည်း ဒီလောက်ကတော့ သူလုပ်ပေးရမှာပဲဆိုတဲ့စိတ်နဲ့ အလေးမထားတာတို့က စိတ်ခံစားချက်ကို ကောင်းစွာမကိုင်တွယ်နိုင်ခြင်းကို ဦးတည်နိုင်ပြီး ပြဿနာလေးတွေဖြစ်လာစေနိုင်ပါတယ်။

Source: Reader's Digest

Share

Loading Next Article...
က္က