Block သွားတဲ့သူတွေပါ များလာပြီဆိုရင်တော့ သင့်ရဲ့ ရေးသားပြောဆိုမှုတွေကြောင့် မခံနိုင်သူတော်တော်များနေပြီဆိုတဲ့ လက္ခဏာပါပဲ။
 

လူတွေက ကိုယ်သဘောကျတဲ့ ပုံစံမျိုးနဲ့ပဲ ဖေ့စ်ဘွတ်မှာ နေထိုင်နေကြတာပါ။ ဒါပေမယ့် ကိုယ့်ကြောင့် သူတစ်ပါး နစ်နာရတယ်ဆိုရင် မကောင်းပါဘူး။ သင်ကိုယ်တိုင်တောင် မသိဘဲ သူတို့ကို အနှောင့်အယှက်ပေးမိနေတာလေးတွေ ရှိတတ်ပါတယ်။

၁ - Unfriend

သင့်ကြောင့်အခြားလူတွေ စိတ်အနှောင့်အယှက်ဖြစ်နေပြီဆိုတဲ့ လက္ခဏာကတော့ ခဏခဏ unfriend လုပ်ခံနေရတာ ဖြစ်ပါတယ်။ ဒါဟာ အထင်ရှားဆုံးလက္ခဏာလည်း ဖြစ်ပါတယ်။ unfriend လုပ်သွားသူတစ်ဦးဦးဟာ မကြာခဏ ရှိနေတတ်နေပြီး Block သွားတဲ့သူတွေပါ များလာပြီဆိုရင်တော့ သင့်ရဲ့ ရေးသားပြောဆိုမှုတွေကြောင့် မခံနိုင်သူတော်တော်များနေပြီဆိုတဲ့ လက္ခဏာပါပဲ။

(သင်စိတ်ဝင်စားနိုင်တဲ့ဆောင်းပါး -အခင်အမင်ပျက်ပြားစေတဲ့ အကျင့်လေးတွေ )

 

၂ - အရောင်းသမား

ဆိုရှယ်မီဒီယာဟာ ဈေးကွက်တစ်ခုအတွက် အလွန်အသုံးဝင်ပါတယ်။ ဒါပေမယ့် သင့်ရဲ့ ပုဂ္ဂိုလ်ရေးနဲ့ သင့်လုပ်ငန်းကိုတော့ ခွဲခြားထားသင့်ပါတယ်။ လုပ်ငန်းတစ်ခုကို စတင်တာ၊ အောင်မြင်မှုတစ်ခု ရတာတွေကို သူငယ်ချင်းတွေနဲ့ ဝေမျှလို့ရပေမယ့် အမြဲဈေးရောင်းတဲ့ ပို့စ်တွေ ရှယ်နေတာကတော့ အဆင်မပြေပါဘူး။

၃ - အကုန်ပြောနေတာ

နေ့တိုင်း သင်ဘာလုပ်တယ်၊ သင်ဘာစားတယ်ဆိုတာတွေကို  အလွန်အမင်း ဝေမျှနေတာက တခြားလူတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ သင်ဟာ ဆယ်လီတစ်ဦးလည်း မဟုတ်တာကြောင့် အဲ့လောက်ကြီးလည်း သင့်အပေါ် စိတ်မဝင်စားကြပါဘူး။ ပညာရပ်တစ်ခုကို နေ့စဉ်ဝေမျှနေသူတစ်ဦးလည်း မဟုတ်တာကြောင့် သင်ပြောတဲ့အကြောင်းအရာတွေကို ဂရုမစိုက်ချင်ပါဘူး။ တချို့သူငယ်ချင်းတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာပါပဲ။

 

၄ - ဝေဖန်ရေးသမား

အမြဲဝေဖန်နေတာ ဖြစ်ပါတယ်။ အကြောင်းအရာတွေပေါ် ဝေဖန်တင်ပြလို့ရပေမယ့် သင်ကတော့ သူများထက်ကို များနေတာ ဖြစ်ပါတယ်။ မိုးလင်းမိုးချုပ် ဝေဖန်ရေးပို့စ်တွေပဲ ထိုင်တင်နေပြီး အရာရာအားလုံးကို သင်က တတ်ကျွမ်းနားလည်တဲ့ပုံ ဖြစ်နေတာပါ။ ကြာတော့ စိတ်အနှောင့်အယှက်ဖြစ်ပြီး သင့်ကို unfollow ချတာတွေပါ လုပ်လာတာပါ။

၅ - ရင်ဖွင့်သူ

အွန်လိုင်းမှာ ရင်ဖွင့်တာ ကောင်းပါတယ်။ ရင်ဖွင့်စရာလူမရှိတဲ့အချိန် ဒီလို ပြောလိုက်တော့ ပေါ့သွားတာပေါ့။ ဒါပေမယ့် ဒီလို ရေးသားရင်ဖွင့်မှုတွေဟာ ခဏခဏ ဖြစ်လာရင်တော့ သင့်ကို ပုံကြီးချဲ့သူလို့ သင့်သူငယ်ချင်းတွေက ထင်သွားတတ်ပါတယ်။ ဒရမ်မာ ကြိုက်သူလို့လည်း ထင်သွားမှာပါ။ ဘာမဆို အွန်လိုင်းမှာ ပြောနေတာကြောင့် သူတို့အကြောင်းတွေကို သင်က အွန်လိုင်းမှာ ပြောလာမှာကိုလည်း လန့်တာပါ။ ဒီတော့ အပြင်မှာပါ သင်နဲ့ဆက်ဆံရတော့မယ်ဆိုရင် သတိထားပြီး ဆက်ဆံကြတော့မှာပါ။

Photos & Source: Bustle

Share

Loading Next Article...
က္က