အဲဒီလို အိမ်ထောင်ရေးအဆင်မပြေမှုတွေက သတိထားမထိန်းသိမ်းရင် ကွာရှင်းပြတ်ဆဲသည်အထိ ဖြစ်သွားနိုင်ပါတယ်။
 

အိမ်ထောင်သည်ရယ်လို့ ဖြစ်လာပြီဆိုရင် ကြုံတွေ့ရမှာတွေကတော့ အများကြီးပါ။ အိမ်ထောင်ရေးအဆင်မပြေမှုတွေ၊ ပြဿနာတွေလည်း ရှိချင်ရှိလာမှာပါ။ အဲဒီလို အိမ်ထောင်ရေးအဆင်မပြေမှုတွေက သတိထားမထိန်းသိမ်းရင် ကွာရှင်းပြတ်ဆဲသည်အထိ ဖြစ်သွားနိုင်ပါတယ်။ အိမ်ထောင်သည်ဘဝမှာ သာယာစေဖို့ အောက်ပါနည်းလမ်းလေးတွေကို လိုက်နာပေးသင့်ပါတယ်။

၁။ ချစ်ခင်ခြင်းကို ဖော်ထုတ်ပြသပါ

00.jpg 

အိမ်ထောင်တစ်ခုသာယာနေဖို့ဆိုရင် တစ်ဦးနဲ့တစ်ဦး ချစ်ခင်ယုယမှုရှိဖို့က အရေးကြီးပါတယ်။ ပိုအရေးကြီးတာက အဲဒီချစ်ခင်ယုယနေကြောင်း တစ်ဖက်သားက သိလောက်မှာပဲလို့ မနေဘဲ သူမြင်အောင် ထုတ်ဖော်ပြသဖို့လည်း အရေးကြီးပါတယ်။။ ဒါကြောင့် မနက်ခင်းတိုင်းကို အနမ်းလေးနဲ့ နိုးထပါ။ အိပ်ယာဝင်ချိန်တိုင်းကို အနမ်းလေးနဲ့ အဆုံးသတ်ပါ။

၂။ ကျေးဇူးတင်ကြောင်း ဖော်ပြပါ

အိမ်ထောင်သည်ဘဝရောက်သွားပြီဆိုရင် တာဝန်ကိုယ်စီရှိလာမှာပါ။ လင်ကလည်း လင့်တာဝန်။ မယားကလည်း မယားတာဝန်။ ကိုယ့်တာဝန်ကိုယ်လုပ်နေကြရတာပဲဆိုပြီး တစ်ခါတလေမှာ ကိုယ့်ရဲ့ အိမ်ထောင်ဖက်က ကိုယ့်အတွက်လုပ်ပေးတာကို ကျေးဇူးမတင်မိတတ်တာမျိုးတွေရှိတတ်ပါတယ်။

ဥပမာ... မိမိရဲ့ဇနီးက မိမိကြိုက်တတ်တာလေးတွေ ချက်ထားမယ်ဆိုရင် ကျေးဇူးတင်စကားပြောဖို့ မမေ့ပါနဲ့။ မိမိခင်ပွန်းက မိမိအတွက်လက်ဆောင်တစ်ခုခု ဝယ်လာပေးမယ်ဆိုရင် ကျေးဇူးတင်စကားပြောဖို့ မမေ့ပါနဲ့။ အရေးမကြီးဘူးထင်ရပေမယ့် တစ်ဖက်လူအတွက်တော့ အရေးပါနိုင်တဲ့ အသေးအဖွဲလေးတွေ ဖြစ်နေလို့ပါ။

၃။ ခံစားချက်ကို အသိအမှတ်ပြုပါ

05-Things-All-Couples-Fight-About—and-How-to-Fix-Them-1024x683.jpg 

တစ်ခါတလေမှာ လင်မယားဘဝမှာလည်း အူကြောင်ကြောင်ခံစားချက်လေးတွေ ရှိတတ်ပါတယ်။ ဥပမာ.... ရည်းစားဟောင်း ကိုယ်စီရှိခဲ့တဲ့ လင်မယားတွေဆိုရင် သူတို့အချင်းချင်းမညားဘဲ ရည်းစားဟောင်းတွေ နဲ့သာ ညားခဲ့မယ်ဆိုရင် ရလာမယ့်ကလေးက ဘယ်သူ့ကလေးဖြစ်မလဲ ငြင်းတာတို့၊ ဘာတို့ပေါ့။

တစ်ခါတလေမှာ အဲဒီအူကြောင်ကြောင်ခံစားချက်လေးတွေက ကိုယ့်အတွက် ဘာမှမဟုတ်ပေမယ့် သူ့အတွက် serious ဖြစ်ချင်ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် သေချာဂရုစိုက်ပြီး သူတို့ရဲ့ခံစားချက်ကို အသိအမှတ်ပြုပေးပါ။

၄။ တစ်ယောက်ကိုတစ်ယောက် အားပေးကူညီပါ

လူတိုင်းမှာ စိတ်ဓာတ်ကျရတဲ့အချိန်ဆိုတာ ရှိပါတယ်။ မိမိရဲ့အိမ်ထောင်ဖက် အလုပ်အကိုင်၊ စီးပွားရေးမပြေလည်လို့ စိတ်ဓာတ်ကျနေပြီဆိုရင် မိမိကပဲ ထောက်ခံအားပေးရမှာပါ။ သူတို့တွေ စိတ်ပျက်အားငယ်နေချိန်မှာ သူတို့ရဲ့အကောင်းဆုံးခွန်အားကို မိမိကပဲ ထုတ်ဖော်ပြသပေးရမှာပါ။

၅။ အသာစီးရဖို့ မကြိုးစားပါနဲ့

အိမ်ထောင်ရေးဆိုတာ အပြေးပြိုင်ပွဲတစ်ပွဲမဟုတ်ပါဘူး။ ကိုယ့်အိမ်ထောင်ဖက်ထက် သာသွားလို့လည်း ဘယ်သူကမှ ခင်ဗျားကို ရွှေတံဆိပ်ဆု မချပါဘူး။ တချို့တွေကတော့ ဘာမဟုတ်တဲ့ "ငါ မင်းထက် ငွေပို ရှာနိုင်တယ်" ဆိုတဲ့ အနိုင်လိုချင်တဲ့စကားလုံးတွေနဲ့ အိမ်ထောင်ရေးသာယာမှုကို ချနင်းပစ်တတ်ကြပါတယ်။ ဒီလိုမျိုးအိမ်ထောင်ရေးမျိုးက ဘယ်တော့မှ မသာယာပါဘူး။

၆။ ချီးကျူးစကားဆိုပါ

1491855207-43898e465d3bcc326f7fcd311616f0ac.jpg 

လောကကြီးမှာ အမြှောက်မကြိုက်တဲ့သူ၊ ချီးကျူးစကားကို မနှစ်သက်တဲ့သူရယ်လို့ မရှိပါဘူး။ မိမိရဲ့အိမ်ထောင်ဖက် (မိမိချစ်ရသူ) ကပြောတဲ့ ချီးကျူးစကားဆိုတာ သူစိမ်းတွေပြောတဲ့ ချီးကျူးစကားထက် ပိုပြီး နားဝင်ချိုပါတယ်။ ဒါကြောင့် အမျိုးသားတွေဆိုရင် မိမိတို့ရဲ့ဇနီး ဘယ်လောက်ကြည့်ကောင်းကြောင်း၊ ချောမောကြောင်း ချီးကျူးပေးဖို့ မမေ့ပါနဲ့။ အမျိုးသမီးတွေကလည်း မိမိတို့ရဲ့ခင်ပွန်း အလုပ်မှာရရှိတဲ့ အောင်မြင်မှုတွေကို ချီးကျူးစကားပြောပေးဖို့မမေ့ပါနဲ့။

၇။ စိတ်ရှည်သည်းခံပါ

လူဆိုတာ အမှားနဲ့မကင်းပါဘူး။ အိမ်ထောင်ရေးမှာလည်း တစ်ကြိမ်တစ်ခါ ကျူးလွန်မိတတ်ကြတဲ့အမှားတွေ ရှိပါတယ်။ ခွင့်မလွှတ်နိုင်တဲ့အမှားမျိုးမဟုတ်ရင် သည်းခံခွင့်လွှတ်ပေးလိုက်ပါ။ နောက်ပြီး သူတို့ရဲ့ အကျင့်ဆိုးတွေနဲ့ပတ်သက်ရင်လည်း စိတ်ရှည်သည်းခံပေးလိုက်ပါ။

၈။ အချိန်ပေးပါ

02e5c379800772a731681db3d3290fad.jpg 

အိမ်ထောင်သည်ရယ်လို့ ဖြစ်လာရင် တစ်ယောက်မျက်နှာကို တစ်ယောက် နေ့တိုင်းလိုလို တွေ့မြင်နေရတော့ ရိုးအီသွားတတ်ပါတယ်။ ဒီလိုမဖြစ်ရလေအောင် တစ်လမှာတစ်ကြိမ်လောက်တော့ နှစ်ယောက်တည်း date လုပ် (ချိန်းတွေ့) သင့်ပါတယ်။ ကလေးတွေရှိရင်လည်း အဘိုး၊ အဘွားနဲ့ ခဏထားခဲ့ပါ။

လင်မယားဘဝရောက်လို့ ရိုမန်းတစ်မဆန်ရတော့ဘူး ဘယ်သူပြောလဲ။ အိမ်ထောင်ရေး သာယာစေဖို့ တစ်လတစ်ခါလောက် ဆိုင်ကောင်းကောင်းတစ်ခုမှာ ညစာတူတူစားတာမျိုး၊ ရုပ်ရှင်တူတူကြည့်တာမျိုးလုပ်ပြီး ချိန်းတွေ့ပေးမယ်ဆိုရင် အိမ်ထောင်ရေးသာယာလာမှာပါ။

၉။ လေးစားမှုရှိပါစေ

အိမ်ထောင်ရေးတစ်ခုမှာ အချစ်ကအရေးကြီးသလို လေးစားမှုကလည်း အရေးကြီးပါတယ်။ မိမိရဲ့အိမ်ထောင်ဖက်ကို မိမိကိုယ်တိုင်ကတောင် မလေးစားရင် ဘယ်သူကလေးစားတော့မလဲ။ လေးစားမှုဆိုရာမှာ တစ်ဖက်သားကို လေးစားဖို့လိုသလို သူ့ရဲ့ privacy (ပုဂ္ဂိုလ်ရေးလုံခြုံမှု) ကိုလည်း လေးစားဖို့လိုပါတယ်။

Source: mother.ly

Share

Loading Next Article...
က္က