လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ တွဲတော့မယ်ဆိုရင် (၂) ခါမက ပြန်စဉ်းစားဖို့လိုပါတယ်။

အလုပ်အကိုင်တည်တည်ငြိမ်ငြိမ် ရှိပြီးသားလူူတစ်ယောက်ဆိုရင် တခြားနေရာတွေမှာထက် ရုံးမှာအချိန်ဖြုန်းရတဲ့အချိန်က ပိုများမှာပါ။ ဒါကြောင့် ရုံးမှာ လစဉ်ရမယ့် လစာထက်ပိုတဲ့အရာတွေလည်း ရလာနိုင်ပါတယ်။ အဲဒီထဲမှာ လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ ချစ်ကျွမ်းဝင်မိတာလည်း ပါလာနိုင်ပါတယ်။

 

ဒါပေမယ့် လုပ်ငန်းခွင်ထဲမှာ ချစ်ကျွမ်းဝင်မိရင် ဘယ်လိုလုပ်မလဲ။ အဲဒီခံစားချက်တွေကို ပရော်ဖက်ရှင်နယ်ဆန်ဆန် ဘယ်လိုဖြေရှင်းမလဲ။ အလုပ်ကိုလည်းမထိခိုက်အောင်၊ အချစ်နဲ့ဘဝကိုလည်း မထိခိုက်အောင် ဘယ်လိုကိုင်တွယ်မလဲ။ လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ တွဲဖို့ စဉ်းစားတော့မယ်ဆိုရင် ဒီမေးခွန်းလေးတွေကို ကိုယ့်ကိုယ်ကိုအရင်ပြန်မေးသင့်ပါတယ်။

ရုံးတွင်းအချစ်ဇာတ်လမ်းတွေဆိုတာ ဘယ်လောက်အဖြစ်များလဲ

o-FLIRTING-facebook.jpg 

ရုံးကလုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို ချိန်းမတွေ့မိဖို့ ဘယ်လိုပဲသံမဏိစည်းမျဉ်းတွေ ချမှတ်ထား၊ ချမှတ်ထား... ရုံးတွင်းအချစ်ဇာတ်လမ်းတွေကတော့ ခင်ဗျားထင်ထားတာထက် ပိုများနေနိုင်ပါတယ်လို့ Monster.com ရဲ့ အလုပ်အကိုင်အကြံပေး Vicki Salemi က ဆိုပါတယ်။

လေ့လာမှုတစ်ခုအရဆိုရင် (၃၈) ရာခိုင်နှုန်းသောရုံးဝန်ထမ်းတွေဟာ သူတို့ရဲ့လုပ်ဖော်ကိုင်ဖက် တစ်ယောက်ယောက်နဲ့ ချိန်းတွေ့ဖူးကြောင်း ဆိုလာပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အလုပ်ထဲမှာ ပုံမှန်ထိတွေ့နေရတဲ့အတွက် အချိန်တွေအများကြီးကို တူတူဖြတ်သန်းနိုင်ပြီး တစ်ယောက်အကြောင်းတစ်ယောက်လည်း နားလည်ရပါတယ်။ အလုပ်အပြင်က လူတစ်ယောက်ကို ချိန်းတွေ့ဖို့ဆိုတာ စိန်ခေါ်မှုတစ်ခုပါပဲ လို့ ဆိုကြပါတယ်။

နှစ်ခါပြန်တွေးပါဦး

Blog-Pic-Jealous-Woman-Man-Flirting-12719482.jpg

လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို ချိန်းတွေ့ရမှာ စိတ်လှုပ်ရှားနေတယ်ဆိုတာဟာလည်း ပုံမှန်ပါပဲ။ ဘာလို့လဲဆိုတော့ အချစ်ရေးဇာတ်လမ်းတစ်ခုဆိုတာ လုပ်ရည်ကိုင်ရည်၊ ဂုဏ်သတင်းတွေအပေါ် သက်ရောက်မှုတစ်ခုရှိနေနိုင်ပြီး ရာထူးတိုးဖို့အတွက် တက်လမ်းကိုလည်း ပိတ်ဆို့စေနိုင်ပါတယ်။ ဒါကြောင့် မတွဲခင် သေချာအချိန်ယူစဉ်းစားတာဟာ မှန်ကန်တဲ့လုပ်ရပ်တစ်ခုပါ။

နောက်ပြီး ဌာနထဲက မန်နေဂျာနဲ့တွဲလို့ မျက်နှာသာပေးခံရတယ်လို့ အထင်ခံရတာတို့၊ အချစ်တွေကုန်ခမ်းသွားလို့ အမုန်းတွေဝင်လာတဲ့အခါ အလုပ်ပျက်အကိုင်ပျက်ဖြစ်ရတာတို့၊ အလုပ်ထွက်လိုက်ရတာတို့ကလည်း လုပ်ဖော်ကိုင်ဖက်ကို ချိန်းတွေ့မိလို့ ဖြစ်တတ်တဲ့ အဖြစ်အပျက်တွေပါပဲ။ ဒါကြောင့် တွဲမယ်ဆိုရင်လည်း တခြားဌာန (သို့) တခြားအဆောက်အဦးမှာ အလုပ်လုပ်ကိုင်တဲ့ လုပ်ဖော်ကိုင်ဖက်ကို ရွေးချယ်တာက အန္တရာယ်ပိုနည်းပါတယ်။

ပြတ်သွားပြီဆိုရင် ဘယ်လိုလုပ်မလဲ

two_coworkers_talking_in_the_hall.jpg 

တကယ်လို့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ တွဲခဲ့ကြပြီးမှ သဘောထားမတိုက်ဆိုင်လို့ လမ်းခွဲကြမယ်ဆိုရင် ဘယ်လိုရှေ့ဆက် ပတ်သက်ကြမလဲ။ တစ်ခါတလေကျရင် အလုပ်သဘောအရ မပတ်သက်လို့ မရတာတွေရှိလာတဲ့အခါ၊ တွဲခဲ့ဖူးတဲ့ခံစားချက်တွေက အလုပ်ထဲမှာရောယှက်လာတဲ့အခါ မလိုလားအပ်တဲ့ ပြဿနာလေးတွေ ရှိလာနိုင်ပါတယ်။ အထူးသဖြင့် တစ်ဖက်သတ်ထားသွားတာ ခံရသူဆိုရင် ပိုဆိုးပါတယ်။

ကိုယ်မကြည့်ချင်၊ မမြင်ချင်လောက်အောင် မုန်းတီးနေမယ့်လူတစ်ယောက်ကို အလုပ်သဘောအရ စကားပြောနေရတာဟာ ခံစားလို့သိပ်ကောင်းလှတဲ့ ခံစားချက်တစ်ခု ဖြစ်မယ်တော့ မထင်ပါဘူး။ ဒီတော့ မတွဲခင် ဒါတွေကို ကိုင်တွယ်နိုင်လား ကိုယ့်ကိုယ်ကိုယ်အရင်ပြန်မေးပါ။

စည်းလေးတွေထားပါ

o-OFFICE-ROMANCE-facebook.jpg 

ဟုတ်ပြီ။ အထက်ဖော်ပြပါအချက်တွေအားလုံးကိုလည်း လက်ခံနိုင်လို့ တွဲလိုက်ပြီ။ ခင်ဗျားတို့နှစ်ယောက်တွဲနေပြီဆိုတာကို တခြားလုပ်ဖော်ကိုင်ဖက်တွေလည်း အနှေးနဲ့အမြန်သိသွားတော့မှာပါ။ ချစ်သူတွေ ဖြစ်သွားကြပြီဆိုရင် လက်ကိုင်တာတို့၊ ပုခုံးဖက်တာတို့လို ရုုပ်ပိုင်းဆိုင်ရာထိတွေ့မှုလေးတွေ ရှိချင်လာမှာ သဘာဝပါ။ အဲဒီလိုစိတ်တွေကို လုပ်ငန်းခွင်အတွင်းမှာတော့ တတ်နိုင်သမျှ ထိန်းချုပ်ထားပါ။

အလုပ်ထဲမှာတော့ ဘယ်လောက်ပဲ စိတ်ဆန္ဒပြင်းပြနေပါစေ။ ပရော်ဖက်ရှင်နယ်ဆန်နိုင်သမျှ ဆန်အောင် ကြိုးစားပါ။ မိမိတို့ရဲ့ ချစ်ရေးချစ်ရာကိစ္စတွေကို ရုံးချိန်ပြင်ပကျမှ စဉ်းစားပါ။ ဒီနည်းနဲ့ တခြား လုပ်ဖော်ကိုင်ဖက်တွေကပါ ခင်ဗျားတို့ကို ပရော်ဖက်ရှင်နယ်ဆန်တဲ့လူတွေအဖြစ် မြင်လာစေနိုင်ပြီး ရာထူးတိုးဖို့အတွက်လည်း ပိတ်ပင်မှုတွေ မရှိနိုင်တော့ပါဘူး။

Source: Reader's Digest

Share

Loading Next Article...
က္က