ကလေးတစ်ယောက်ကို အလိုက်ကမ်းဆိုးမသိဘူး။ တစ်ခုပြီးတစ်ခုဖျက်ဆီးနေတယ်။ အရမ်း ဆိုးတာပဲလို့ ခံစားဖူးပါသလား?
 

ဟိုးတရက်တုံးက Boss Baby ကားသွားကြည့်တယ်။ Dream Work က ထုံးစံအတိုင်း ခပ်မိုက်မိုက်လေး ရိုက်သွားတယ်။ သူများတွေတဝါးဝါး တဟားဟားဖြစ်နေတဲ့အချိန်။ ဒါတွေက ကလေးနဲ့ဆိုင်တဲ့စိတ်ပညာရေးကို ဘယ်လောက်ထိ အားပြုရိုက်သွားလည်းဆိုတာကို သတိမပြုမိဘဲ မနေနိုင်ဖြစ်ရတယ်။ အဲဒီတော့ ကျနော် ဒီစာပုဒ်မှာ သုံးခုကို အဓိကထားပြောသွားပါမယ်။ ကားကို Spoil သလို မဖြစ်အောင်ပါ သတိပြုသွားပါမယ်။

cover-boss-baby.jpg

၁။ လူကြီးတွေရဲ့ကမ္ဘာနဲ့ကလေးတွေရဲ့ ကမ္ဘာကွာခြားမှု

ကလေးတစ်ယောက်ကို အလိုက်ကမ်းဆိုးမသိဘူး။ တစ်ခုပြီးတစ်ခုဖျက်ဆီးနေတယ်။ အရမ်း ဆိုးတာပဲလို့ ခံစားဖူးပါသလား?

အဲဒါဆို ကလေးဘဝကို သင်မေ့သွားပြီဆိုတာ သေချာပါတယ်။ ကလေးတစ်ယောက်ရဲ့ လောကကြီးအပေါ် ရှုမြင်တာက လူကြီးတွေလို ဆင်ခြင်တရားနဲ့ မဟုတ်ပါဘူး။ ဥပမာ- နာရီက ကလေးတွေအတွက် ဘာမှအရေးမပါတဲ့အကွက်တွေနဲ့ လုံးလုံးထောင့်ထောင့်ကြီးတစ်ခုပါ။ စာအုပ်စဉ်ပေါ်က စာအုပ်တွေဟာ ကလေးအတွက်တော့ ဖျက်ဆီးဆုတ်ဖြဲစရာ အရာတွေပါပဲ။

ကလေးတွေဟာ လူကြီးတွေလိုစဉ်းစားချင့်ချိန်နေမှာ မဟုတ်ပါဘူး။ သူတို့ဟာ စူးစမ်းသူတွေပါ။ အရုပ်ကို တစဆီဖြုတ်ပစ်တာက အရုပ်ထဲမှာ ဘာရှိချင်လဲ ဒါမှမဟုတ် ဒီအရုပ်ဘယ်လိုအလုပ်လုပ်လဲ စူးစမ်း မိရုံလေးတင်ပါ။

 

ဒီနေရာမှာ လူကြီးတွေက ဝယ်ပေးရင် တန်ဖိုးမထားဘူး ဖျက်ဆီးပစ်တယ် အလိုက်ကမ်းဆိုးကိုမသိဘူး အစရှိသဖြင့် ဆူပူခဲ့ရင် အဲဒီကလေးက ကြောက်တတ်တဲ့ကလေး ဖြစ်လာဖို့များပါတယ်။ ကလေးတစ်ယောက်ဟာ ဒါတွေကို နားမလည်ပါဘူး။ ကျနော်တို့ဟာ အလုပ်လုပ်ရာမှာ မှားမှာကြောက်တဲ့စိတ်ဆိုတာ အဲဒီကလာတာပါ။

တကယ်တော့ အမှားကနေ ပြင်ဆင်နိုင်စွမ်း သင်ယူနိုင်စွမ်း အသစ်အဆန်းတွေ တီထွင်နိုင်စွမ်းက ကြောက်စိတ်ကင်းမှဖြစ်မှာပါ။ ကလေးတစ်ယောက်ရဲ့ ကမ္ဘာဟာ ပျော်စရာ စိတ်လှုပ်ရှားစရာတွေနဲ့ အပြည့်ပါပဲ။ မီးခလုတ်ခုံတွေဟာ လက်ထိုးထည့်ချင်စရာ။ ခုတင်တွေထဲက ချောင်နေရာတွေမှာ

ဘောလုံးပစ်ထည့်ပြီး ပြန်ကောက်ချင်စရာ နေရာတွေပါ။ စိတ်ကူးဉာဏ်ကောင်းစေတဲ့ကလေးတွေဖြစ်စေချင်ရင် အဲဒီလိုဖြစ်ဖို့အတွက် သူတို့ရဲ့ကမ္ဘာကို ဖန်တီးပေးဖို့လိုပါတယ်။

 

၂။ကလေးတွေက လူကြီးတွေရဲ့ ကိုယ်ကျင့်တရားကို နားမလည်ဘူး

ကလေးတစ်ယောက်ကို ပန်းသီးပေးပြီး သူ့ညီလေးနဲ့မျှစားခိုင်းရင် အဲဒီကလေးဟာ သူ့ညီကိုမုန်းဖို့ များပါတယ်။ ဘာလို့လဲဆိုတော့ ကလေးတစ်ယောက်ရဲ့သဘာဝအရ အများစုဟာ အဲဒီပန်းသီးကို တစ်ယောက်တည်း အပိုင်စားချင်စိတ်ရှိလို့ပါ။ လူကြီးတွေက ဒါကို နားမလည်ပေးလေ အကိုတွေအမတွေက အငယ်တွေကို သူတို့တောင် မသိဘဲမုန်းနေကြတာ အဲဒါကြောင့်ပါ။ ကလေးတွေဟာ သူတစ်ယောက်တည်း အချစ်ခံချင်ပါတယ်။ ဝေမျှတတ်ဖို့ဆိုတာငယ်တုန်း မရပါဘူး။ ကလေးတွေ လိမ်ညာတာ ခိုးဝှက်တာ အတော်များများကလည်း လူကြီးတွေအသိအမှတ်ခံပြုတာ ခံချင်တာကြောင့် ပါ။(ဒါက ကြီးကောင်ပေါက်စအရွယ်နဲ့မဆိုင်ပါဘူး) ကလေးငယ်ငယ်လေးတစ်ယောက်က လူကြီးတွေ စကားပြောမရအောင် အော်ဟစ်ဆူပူတာက သူ့ကို လူကြီးတွေ ဂရုစိုက်စေချင်လို့ ပါတယ်။

 

ဒီနေရာမှာ လူကြီးကို သူ့ဂရုစိုက်ပေးစေချင်လို့ သွားရိုက်တဲ့ကလေးကို ကိုယ်ချင်းစာတတ်အောင်

ပြန်ရိုက်ပြီး သင်ကြားတာက အဲလူကြီးကို မုန်းသွားစေတာကတစ်ပါး ဘာအဓိပ္ပာယ်မှကို မရှိပါဘူး။

ဒီနေရာမှာ ကြုံလို့ ထည့်သွင်းပြောရရင် ကလေးကို ဂျိုးဂျိုးပြခိုင်းတာ အတင်းနမ်းတာတွေဟာ

ကလေးအတွက် မသင့်တော်လှပါဘူး။ လိင်စံလွဲမှုတွေ ကြောက်တတ်တဲ့စိတ်တွေ အားငယ်စိတ်တွေ

ပိုဖြစ်စေတယ် သတိပြုပြီး ရှောင်ကြင်သင့်ပါတယ်။

၃။ ကလေးလွတ်လပ်ခွင့်ကိုအလေးထား လူကြီးလွတ်လပ်ခွင့်ကို ထိန်းထား

ဒီအပုဒ်ကတော့ ဆက်စပ်ပြီး ဆက်တွေးတာပါ။ ကားနဲ့မဆိုင်ပါဘူး။ လူကြီးတွေက ကလေးလွတ်လပ်ခွင့်လို့ ဆိုတာနဲ့ လွတ်လပ်ခွင့်နဲ့ ထင်ရာစိုင်းခွင့်ကို ရောပလိုက်ကြတယ်။ ကလေးတွေကို ငယ်ငယ်လေးမှာ ဖုန်းပေးကိုင် တီဗွီပေးကြည့်တာက မသင့်လျော်ပါဘူး။ သူတို့ကို ဖျက်ဆီးရာကြပါတယ်။ အဲဒီလိုကလေးမျိုးတွေက ထင်ရာစိုင်းတတ်တဲ့အကျင့်ကို ပျိုးထောင်ရာကြပါတယ်။ တီဗွီမကြည့်ရလို့ အော်ဟစ်ဆူပူ။ အဲဒီဒဏ်ကို မခံနိုင်လို့ တီဗွီပေးကြည့်။ အဲဒါနဲ့ပဲ ကလေးက အော်ဟစ်ဆူပူရင် လိုချင်တာ ရတယ်ဆိုပြီး လက်နက်လို တောင်းလာကြတော့တာပဲ။ အဲဒီအခါမှာ လူကြီးလွတ်လပ်ခွင့် မရှိဖြစ်လာတယ်။

 

အဲဒီခါကြရင် ကျနော်တို့မသိစိတ်က ကလေးအပေါ်မှာ မုန်းလာတယ် နင်တို့အတွက် အသက်ရှင်နေရတယ်ဆိုတဲ့ စိတ်တွေဝင်လာတတ်တယ်။ ကျနော်တို့ဟာ တတ်နိုင်ရင် ကလေးကို သူတို့ကမ္ဘာတစ်ခု (ကစားစရာတွေ ကလေးနားလည်မယ့် အခန်းမျိုး)ဖန်တီးထားတာ အကောင်း ဆုံးပါ။ ဒါပေမဲ့ အိမ်တိုင်းဟာ အဲဒီလိုမဖြစ်လာရင် ဘယ်နေရာတွေကိုတော့ ကြောက်စိတ် မဝင်အောင် တားဆီးမယ် ဘယ်နေရာတွေကတော့ဖြင့် လွတ်လပ်ခွင့်ပေးမယ်

အချိန်တိုင်း ဆုံးဖြတ်ရပါမယ်။

 

ကျနော်တို့ဟာ Problem Child မရှိပါဘူး။ Child With Problem ပဲရှိပါတယ်။ ကျနော်တို့က ကလေးတွေကို နားလည်ပေးလိုက်ရင် ကလေးတွေကလည်း ကျနော်တို့ကို နားလည်လာဖို့များပါတယ်။

Boss Baby ကားဟာ Child Psychology ကို ကောင်းကောင်းတည်ပြီး ရိုက်ထားတာပါ။ အဲဒီကားမှာ ကလေးတွေရဲ့ ကမ္ဘာကို လှစ်ပြီး မြင်ရလိမ့်မယ်။ ကျနော်တို့ဟာ နောက်မျိုးဆက်ကို ပျိုးထောင်နိုင်ဖို့

အရေးကြီးလှပါတယ်။ ကလေးတွေရဲ့ ကမ္ဘာကို နားလည်ပြီး လှပအောင် ဖန်တီးပေးကြပါစို့။

(ယခု ဆောင်းပါးသည် Social Media Marketing ကျွမ်းကျင်သူ ရန်နိုင်ဦး၏ အတွေးအမြင်လက်ရာ တစ်ခုဖြစ်သည်။)

Share

Loading Next Article...
က္က