Relationships: သင့် crush ကိုဘယ်တော့မှ မပြောသင့်တဲ့ အချက် (၆) ချက်

သူ့ကိုကြိုက်နေကြောင်း သင့်ဆီကနေပဲ အရင်ဆုံးသိသင့်ပါတယ်။

play

 

၁ - လေ့လာမှုအား

သူ့ဖေ့စ်ဘွတ်စာမျက်နှာကို နေ့တိုင်းသွားကြည့်နေတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ ဒီလိုကြည့်ရင်းကနေ လွန်ခဲ့တဲ့ တစ်နှစ် နှစ်နှစ်လောက်က သူဘာလုပ်ခဲ့တဲ့ ၊ ဘယ်ခရီးထွက်ခဲ့တယ်ဆိုတာကို သိလာပြီး ဒီလို သိကြောင်း သူ့ကို သွားမပြောပါနဲ့။ အဲ့လောက်ကြီးကျတော့ သူလန့်သွားပါလိမ့်မယ်။

၂ - ရည်းစားဟောင်း

စကားပြောမိကြတဲ့အခါ ရည်းစားဟောင်း၊ အချစ်ဟောင်းတွေ အကြောင်း ဘယ်တော့မှ အစဖော်မပြောပါနဲ့။

play

 

၃ - ငြီးငွေ့လို့

တစ်ယောက်တည်း ဖြစ်နေတာကို ငြီးငွေ့လို သူ့ကိုကြိုက်တယ်ဆိုတာမျိုး မပြောမိပါစေနဲ့။ စကားပြောစရာမရှိလို့ လျှောက်ပြောရာကနေ ဒီလိုမျိုး ပြောမိတတ်ပါတယ်။ တစ်ယောက်တည်း မနေချင်တော့လို့ လာကြိုက်တယ်ဆိုတာမျိုးက ကြိုက်ခံရတဲ့လူအတွက် မမိုက်ပါဘူး။

၎ - မက်ဆေ့ဂ်ျ

မက်ဆေ့ဂ်ျပို့လိုက်လို့ ချက်ချင်းပြန်မပို့ရင် နောက်သုံးလေးခု ဆက်တိုက်မပို့ပါနဲ့။

play

 

၅ - မပြောဘူး

သင့် crush ကို ဘာမှမပြောတာက မကောင်းပါဘူး။ သင်ကြိုက်နေကြောင်းတော့ သိသင့်ပါတယ်။ သူ့ကို ကြိုက်တာနဲ့ ပက်သက်ပြီး တကယ်စိတ်ထဲနှစ်နှစ်ကာကာ ရှိကြောင်း သူသိမှ ဖြစ်မှာပါ။

၆ - ကြားလူ

ကြားလူဆီကနေ သူကြိုသိထားတာ မကောင်းပါဘူး။ သူ့ကိုကြိုက်နေကြောင်း သင့်ဆီကနေပဲ အရင်ဆုံးသိသင့်ပါတယ်။

Photos & Source: Her Campus

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ