Relationships: crush ဆီ မက်ဆေ့ပို့ပြီးရင် ပူပန်နေရတဲ့ အဆင့် (၇) ဆင့်

မက်ဆေ့သံ ကြားတဲ့အခါတိုင်း ထိတ်ခနဲ ဖြစ်သွားတတ်ပါတယ်။

play

 

၁ - စာလုံးပေါင်းသတ်ပုံ

စာလုံးပေါင်းသတ်ပုံမှားမှာ ကြောက်ပါတယ်။ ရေးပြီးသားစာကို ပြန်ပြန်ဖတ်ပါတယ်။ ပို့ပြီးပေမဲ့လည်း စာလုံးပေါင်းမှားသွားလားဆိုပြီး ပြန်ပြန်ဖတ်ပါတယ်။

၂ - မဖတ်ဘူး

ပို့ထားတာ သိပေမဲ့ မဖတ်ဘဲနေမလားဆိုပြီး စိတ်ထဲမှာ တထင့်ထင့် ဖြစ်နေပါတယ်။

play

 

၃ - မဖတ်ရင်

မဖတ်ရင် ဘာလုပ်မလဲဆိုပြီး တွေးတောပူပန်ပါတယ်။ ဒါ သူ့ဆီ ငါနောက်ဆုံးပို့တာပဲလို့ တွေးတောပြီး ဒေါသလည်း ထွက်နေတတ်ပါတယ်။

၎ - အသံ

မက်ဆေ့သံ ကြားတဲ့အခါတိုင်း ထိတ်ခနဲ ဖြစ်သွားတတ်ပါတယ်။

၅ - အချိန်

ပို့ပြီးပြီးချင်း မိနစ်သုံးဆယ်ဟာ သင့်အတွက် အဆိုးဆုံးအချိန်ပါပဲ။ အလုပ်လုပ်နေပေမဲ့လည်း စိတ်နဲ့ကိုယ် မကပ်တတ်ပါဘူး။

play

 

၆ - သုံးနာရီ

သုံးနာရီဆိုတဲ့ အချိန်အတိုင်းအတာတစ်ခုလောက်ရောက်ရင် သူ့ဘက်က ပြန်မပို့တာ သေချာသွားပါပြီ။ ပြန်စာမလာတော့ဘူးဆိုတာကို သင့်ဘက်က လက်ခံရပါပြီ။

၇ - မမျှော်လင့်ဘဲ

မက်ဆေ့ပို့ထားတာ မသိဘူး၊ ခုမှတွေ့လို့ဆိုတဲ့ မက်ဆေ့တစ်ခု မမျှော်လင့်ဘဲ ပြန်လာတာတွေ့ရင်တော့ သင့်အပျော်တွေ ထိန်းမရနိုင်တော့ပါဘူး။ ဒါပေမဲ့ ချက်ချင်း ပြန်မပို့ဖို့ အရေးကြီးပါတယ်။ ၁၀ မိနစ် ၁၅ မိနစ်လောက်တော့ အနည်းဆုံး အချိန်ဆွဲပါ။

Photos & Source: Mashable

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ