ပလုပ်ပလောင်းနဲ့စားနေသောက်နေတဲ့အချိန်ဟာ သူ့ကိုတောင် ကောင်းကောင်းနှုတ်မဆက်နိုင်၊ စကားမပြောနိုင်အောင် ဖြစ်မိသွားရင်တော့ အဂွမ်းကြီးဂွမ်းပါပြီ။
 

ကိုယ်အပီအပြင်ကြိုက်ခိုက်ရတဲ့ Crush နဲ့ ဆုံရမယ်မှန်းသာသိရင် လူတိုင်းက အကောင်းဆုံးပြင်ဆင်ကြမှာသေချာပါတယ်။ ဒါပေမဲ့ကိုယ်မထင်မှတ်တဲ့အချိန်မှာ Crush နဲ့ဆုံလိုက်ရလို့ ကိုယ့်ဘက်က အခုလိုအခြေအနေတွေထဲက တစ်ခုထက်ပိုပြီးရှိနေရင်တော့ အမှတ်လျော့ချင်လောက်စရာဖြစ်သွားမှာပါ။ ဒီလိုအခြေအနေတွေမကြုံဖို့ကတော့ ကြိုတင်ပြင်ဆင်တယ်ဆိုတာထက် ကံနဲ့လည်းဆိုင်နေတော့တာပါ။

 

၁။ အဝတ်အစားထပ်တာ

သူနဲ့ဆုံဖြစ်မယ်မှန်းမသိဘဲ ကံဆိုးစွာနဲ့ သူကိုယ့်ကိုနောက်ဆုံးမြင်ဖူးပြီးသား အဝတ်အစားနဲ့ပဲ နောက်တစ်ခါထပ်ဆုံတာကိုပြောတာပါ။ ပိုဆိုးတာကတော့ ၂ခါထက်ပိုပြီး အဲ့လိုဆုံတယ်ဆိုရင်တော့ ကိုယ့်မှာဝတ်စရာဒါပဲရှိသလားလို့ ထင်ကောင်းထင်သွားနိုင်ပါတယ်။

 

၂။ ပလုပ်ပလောင်းစားသောက်နေတာ

သူ့ကိုတွေ့လိုက်တာနဲ့ ဖြစ်နိုင်ရင် အမြန်ဆုံး အနေအထားကိုပြင်လိုက်ပါ။ အချိန်မီကောင်းမီနိုင်ပါတယ်။ အဲဒီလိုမှမဟုတ်ဘဲ ကိုယ်က အားပါးတရ ပလုပ်ပလောင်းနဲ့စားနေသောက်နေတဲ့အချိန်ဟာ သူ့ကိုတောင် ကောင်းကောင်းနှုတ်မဆက်နိုင်၊ စကားမပြောနိုင်အောင် ဖြစ်မိသွားရင်တော့ အဂွမ်းကြီးဂွမ်းပါပြီ။

 

၃။ မူးနေတာ

မူးနေပြီဆိုမှတော့ လှလှပပမူးတယ်ရယ်လို့ မရှိနိုင်ပါဘူး။ ပိုဆိုးတာက လုံးဝအသိစိတ်လွတ်မူးနေတဲ့အချိန် သူကလည်းရောက်လာ၊ သူ့ကိုလည်း သူမှန်းသတိမထားမိဘဲကိုယ်က ဆက်လွဲနေရင်တော့ အခြေအနေက ဘယ်လိုမှကောင်းတဲ့ဘက်သွားဖို့လမ်းမမြင်ပါဘူး။

 

၄။ တစ်ယောက်ယောက်နဲ့ရန်ဖြစ်နေတာ

အကြီးအကျယ်ရုပ်ပျက်ဆင်းပျက် အော်ဟစ်ရန်ဖြစ်နေတာမဟုတ်ရင်တောင် မျက်စိမျက်နှာပျက်နေရတဲ့အချိန်မျိုး၊ တစ်ယောက်တစ်ခွန်း ပြောဆိုရန်ဖြစ်နေတဲ့အချိန်မျိုးမှာ တွေ့သွားတာကိုဆိုလိုတာပါ။ ဘယ်လောက်ပဲဒေါသကိုထိန်းလိုက်ပြီး အနေအထားကိုပြင်လိုက်တယ်ပြောပြော ကိုယ်ရန်ဖြစ်နေတာကိုတွေ့ထားပြီးသားဖြစ်နေရင်တော့ အချည်းနှီးပါပဲ။

 

၅။ နှာစေးနေချိန်

ကျန်းမာရေးမကောင်းတဲ့အဖြစ်တွေထဲမှာမှ နှာစေးနေတဲ့အချိန်မှာ Crush နဲ့ကြုံတာက အဆိုးဆုံးပါ။ လက်ကိုင်ပုဝါတွေ၊ တစ်ရှူးတွေနဲ့ တရှုံ့ရှုံ့ဖြစ်နေရတဲ့လူဟာ ဘယ်လိုမှဆွဲဆောင်မှုရှိနိုင်စရာအကြောင်း မရှိပါဘူး။

Source : Cosmopolitan

Share

Loading Next Article...
က္က