အတိတ်ကို အထပ်ထပ်အခါခါတွေးရင်း ပူဆွေးနေရင် ကိုယ့်ဘဝက ဘယ်လိုမှ မလှပနိုင်တော့ဘူး။

ချစ်ဖူးတဲ့လူတစ်ယောက်ကို ချက်ခြင်းမေ့လိုက်ဖို့ဆိုတာ ဘယ်လွယ်ပါ့မလဲ။ တစ်ခါတုန်းက ချစ်သူတွေဖြစ်ခဲ့ပေမဲ့ ခုချိန်မှာ မသက်ဆိုင်တော့တဲ့ ex ကို အဝေးကနေလွမ်းရတာ နာကျင်လိုက်တာလေ။ ဘယ်လိုနည်းနဲ့မှ မေ့လို့မရဘူးဖြစ်နေတယ်ဆိုရင်တော့ ဒီနည်းတွေကိုသုံးပြီး ကြိုးစားမေ့လိုက်ပါ။

 

၁။ အမှတ်တရတွေကို ပြန်လည်ခံစားနိုင်တယ်လို့တွေးပါ

သူနဲ့ကိုယ့်ကြားမှာ ဖြစ်ပျက်ခဲ့တဲ့ အမှတ်တရကောင်းလေးတွေကို ပြန်မြင်ယောင်ကြည့်ပါ။ နှစ်ယောက်အတူ ကြည်နူးခဲ့ကြချိန်တွေပေါ့။ ဒါပေမဲ့ အခုလက်ရှိမှာ ဒါတွေ ဖြစ်မလာနိုင်တော့ဘူး။ အတိတ်ကအတိတ်ပဲ။ လက်ရှိနဲ့ကွာခြားသွားပြီဆိုမှတော့ လက်လွှတ်လိုက်ဖို့ပဲကျန်တော့တယ်။ အတိတ်ကိုပြန်တွေးရင်း အရှုံးတွေထဲမှာ နစ်မွန်းနေမလား ၊ ဒါမှမဟုတ် အတိတ်ရဲ့လှပတဲ့အမှတ်တရတွေကို သိမ်းထားပြီး ကိုယ့်ဘဝကိုယ်လျှောက်မလား။ ဒုတိယနည်းကိုပဲ ရွေးလိုက်ပါ။ ဒုတိယနည်းကို ရွေးလိုက်မယ်ဆိုရင် အနာဂတ်မှာ ပျော်ရွှင်နိုင်မယ့် အလားအလာတွေ အများကြီးရှိပါတယ်။ ပြန်မရတော့တဲ့အတိတ်ကို အထပ်ထပ်အခါခါတွေးရင်း ပူဆွေးနေရင် ကိုယ့်ဘဝက ဘယ်လိုမှ မလှပနိုင်တော့ဘူး။

 

၂။ ကိုယ့်အပေါ်ကောင်းခဲ့ပါတယ်

များသောအားဖြင့်တော့ လူတစ်ယောက်ကို မေ့ချင်တဲ့အခါ မုန်းဖို့ကြိုးစားကြတယ်။ သူ့ရဲ့မကောင်းတဲ့အချက်တွေကို ရှာကြံတွေးတတ်ကြတယ်။ တကယ်တမ်း အဲ့ဒီနည်းက ထင်သလောက်တော့ အလုပ်မဖြစ်ဘူး။ မုန်းစရာရှာရင်း ချစ်စရာတွေချည်း မြင်ယောင်မိလာရင် ခက်ကုန်ရော။ ဒီလိုတွေးကြည့်ရအောင်။ သူကိုယ့်အပေါ် ကောင်းခဲ့တယ်လို့ တွေးရအောင်။ လမ်းခွဲရတယ်ဆိုတာ တကယ်ကိုခက်ခဲပင်ပန်းတဲ့အလုပ်ကြီးပါ။ ဒါပေမဲ့ သူကိုယ့်အပေါ်ကောင်းခဲ့တာကို ပြန်တွေးကြည့်မယ်ဆိုရင် သူ့ကိုဖမ်းဆုပ်မထားဘဲ လွှတ်ပေးချင်စိတ်တွေ ပေါ်လာလိမ့်မယ်။ "သွားလိုရာသွားပါ... ငါ့ဆီမှာမင်းမှမပျော်နိုင်တာ" ဆိုတဲ့ ဝိုင်းစုရဲ့သီချင်းလေးလိုပေါ့။ ကိုယ်တကယ်သူ့ကိုချစ်တယ်၊ သူကောင်းခဲ့တာတွေကိုလည်း သိနေတယ်ဆိုရင် သူပျော်ရာကိုသာ ရွေးချယ်ပါစေတော့လေ။ ကိုယ်လည်း အတင်းတွယ်ကပ်မနေသင့်တော့ဘူးလို့ တွေးကြည့်ပေးလိုက်ပါလား။ သူအဆင်ပြေနေတဲ့အခါ ကိုယ်လည်း နေနိုင်သွားမှာပါ။

သင်အကြိုက်တွေ့နိုင်မယ့်ဆောင်းပါး ---> ချစ်သူကိုလမ်းခွဲတော့မယ်ဆို ဒါလေးတွေအရင်ဖြေပါ

Share

Loading Next Article...
က္က