Relationships: Facebook ဖြတ်လိုက်ရင် သင့်ဆီမှာ ဖြစ်လာမယ့် အရာ (၇) ခု

, updated

အခြားအရေးကြီးတာတွေကို အာရုံစိုက်လာနိုင်ပါမယ်။

play

 

၁ - ပတ်ဝန်းကျင်ကို သတိထားမိလာပါမယ်။ ဖေ့စ်ဘွတ်ကမ္ဘာထက် လက်တွေ့ကမ္ဘာကို ပိုသတိထားမိလာပြီး ပိုလည်း လက်တွေ့ကျလာပါမယ်။

၂ - အလုပ် ပိုတွင်လာပါမယ်။ ဖေ့စ်ဘွတ်မှာ အချိန်တိုလေးတွေကို ပေါင်းလိုက်ရင် တစ်နေ့ကို တစ်နာရီ၊ နှစ်နာရီလောက်ရှိပါမယ်။ ဖေ့စ်ဘွတ်သုံးပြီး လေးလံထိုင်းမှိုင်းနေတာမျိုးလည်း ပျောက်သွားမှာ ဖြစ်တာကြောင့် အလုပ်ပိုတွင်လာပါမယ်။

play

 

၃ - အခြားအရေးကြီးတာတွေကို အာရုံစိုက်လာနိုင်ပါမယ်။ လက်တွေ့ဘဝမှာ သင်တကယ်လိုအပ်တာတွေ လုပ်လာနိုင်ပါမယ်။

၎ - တကယ်အားကိုးရတဲ့ သူငယ်ချင်းအစစ်ကို သိလာပါမယ်။ ဖေ့စ်ဘွတ်ပေါ်က လိုက်ခ်၊ ကော်မန့် ဆက်ဆံရေးထက် ပိုခိုင်မာအားကိုးရတဲ့ ဆက်ဆံရေးကို သိလာပါမယ်။

၅ - သင့်ကိုယ်သင် ပိုကျေနပ်လာပါမယ်။ လူတွေက ဖေ့စ်ဘွတ်မှာ တစ်ဖက်လူတွေ သူတို့ကို ထင်စေချင်တဲ့ပုံစံမျိုး ပုံဖော်ကြပါတယ်။ ဒါကို အစစ်မှတ်ပြီး နှိုင်းယှဉ်စိတ်ဆင်းရဲနေတာမျိုး မရှိတော့ပါဘူး။

play

 

၆ - ကိုယ်ပိုင်ဆိုင်တာကို ကျေနပ်လာပါမယ်။ ကိုယ်ပိုင်ဆိုင်ထားတဲ့ သူငယ်ချင်း၊ ကိုယ်ပိုင်ဆိုင်ထားတဲ့ ချစ်သူ၊ ကိုယ်ပိုင်ဆိုင်ထားတဲ့ အခြေအနေ စတာတွေကို ပိုကျေနပ်လာပါမယ်။

၇ - ပိုအောင်မြင်လာတယ်လို့ ခံစားရပါမယ်။ အလုပ်တွေ ပိုတွင်လာတယ်၊ လက်ရှိအခြေအနေတွေ၊ လက်ရှိ အပေါင်းအသင်းတွေကို ပိုကျေနပ်လာတယ်ဆိုရင် အောင်မြင်တယ်လို့ သင်ခံစားလာရပါမယ်။

Photos & Source: Lifehack

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ