Relationships: သင်ပို့တဲ့ friend request ကို လက်မခံရတဲ့ အကြောင်းအရင်း (၇) ချက်

အပြင်မှာ သိတဲ့လူပဲ လက်ခံမယ်ဆိုတာမျိုးပါ။

play

 

၁ - မသုံး

သင်ပို့တဲ့အချိန်နဲ့ သူတို့ ဖေ့စ်ဘွတ်မသုံးဖို့ ဆုံးဖြတ်ထားတဲ့အချိန် တိုက်ဆိုင် သွားလို့ပါ။

၂ - noti ဂရုမစိုက်

noti ကို ဂရုစိုက် မကြည့်တဲ့ လူတွေပါ။ သူတို့ကို သူငယ်ချင်းတောင်းရင် ပရိုဖိုင် ဝင်ကြည့်တာတွေ ဘာတွေလည်း မလုပ်ပါဘူး။ ဒီလိုပဲ ထားလိုက်တာပါ။ နောက်မှ စိတ်ပါမှ ကြည့်ချင်ကြည့်တာပါ။

play

 

၃ - လုပ်ငန်းဆန်

လုပ်ငန်းသဘောအနေနဲ့ သုံးတာပါ။ လုပ်ငန်းအဆက်အသွယ်အရ သုံးတာပါ။ သူတို့နဲ့ အပြင်မှာ သိတဲ့လူ၊ သူတို့လုပ်ငန်းနယ်ပယ်ထဲက လူမဟုတ်ရင် လက်မခံပါဘူး။ သူတို့မှာ နောက်ထပ်အကောင့်တစ်ခု ရှိတတ်ပါတယ်။

၎ - မမှတ်မိ

မမှတ်မိတာကြောင့်ပါ။ သင့်အမည်က နာမည်တူများတာ၊ ပရိုဖိုင် အမှန်မတင်တာ၊ ထင်ထင်ရှားရှား မရှိတာတွေကြောင့်ပါ။

play

 

၅ - ထိခိုက်မှု

သူတို့စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေတာကြောင့်ပါ။ အပြင်မှာ လူအသစ်တွေနဲ့ ပေါင်းသင်းချင်စိတ်မရှိသလို၊ ဖေ့စ်ဘွတ်မှာလည်း ဘာမှ ထူးထူးခြားခြား မဖြစ်ချင်လို့ပါ။

၆ - လက်တွဲဖော်

သဝန်တိုတတ်တဲ့ သူတို့ရဲ့ လက်တွဲဖော်တွေကြောင့်ပါ။ စစ်လား၊မေးလား သူတို့ လုပ်ခံရမှာ ကြောက်လို့ပါ။

play

 

၇ - လက်မခံချင်လို့

လက်မခံချင်လို့ပါ။ တစ်ချို့က သတ်မှတ်ချက် ရှိပါတယ်။ အပြင်မှာ သိတဲ့လူပဲ လက်ခံမယ်ဆိုတာမျိုးပါ။ မသိရင် လုံးဝလက်မခံတာပါ။

Photos & Source: Social Times

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ