ကိုယ်ကရော ဘယ်နှခု လုပ်နေမိလဲ

ခေတ်ကိုက gym ကစားတာတွေ ခေတ်စားတဲ့ခေတ်ကိုး။ လှချင်ပချင်၊ ကိတ်ချင်လို့ gym သွားကြသူတွေလည်းရှိသလို ပိန်ချင်လို့ လေ့ကျင့်ခန်းလုပ်ရင်း ဝိတ်ချသူတွေလည်း ရှိတာပဲ။ မိန်းကလေးတွေ gym သွားပြီဆိုရင် ဒါတွေကို တွေးမိကြတတ်ကြတယ်။ ရယ်လည်းရယ်ရတယ်။

၁။ ဆက်စီဝတ်စုံ

4199202_orig.jpg 

မင်းသမီးတွေ၊ မော်ဒယ်တွေ gym ကစားတဲ့ပုံတွေ တင်ပြီဆို ဆွဲသားဘောင်းဘီရှည်၊ sport bra လေးနဲ့ပဲ တွေ့နေရတယ်။ ကိုယ်လည်း ဘာဝတ်ရမလားပေါ့နော်။ ဆက်စီကျကျလေး ဖြစ်ချင်တာကိုး။ တကယ်တမ်းကျတော့ မင်းသမီးတွေက ဓာတ်ပုံတွေရိုက်မှာမို့လို့ရယ်၊ သူတို့ခန္ဓာကိုယ်အလှကို ပြချင်လို့ရယ်ကြောင့်သာ ဆက်စီကျတာလေးတွေဝတ်တာ။ ပုံမှန်ဆိုရင် မဝတ်ကြပါဘူး။

၂။ Gym အသုံးအဆောင်

ဘယ်လိုဝတ်စုံလေးက ပိုလှမလဲ၊ ခေါင်းစည်းကြိုးကိုလည်း လှတာလေးမှသုံးချင်တယ်။ Gym ထဲရောက်ရင် ကိုယ့်ကို လူတွေကြည့်တာကလည်း လိုချင်သေးတယ်။ နားကြပ်လေးနဲ့ ရေဘူးလှလှလေးကတော့ မပါမဖြစ်ပေါ့နော်။

၃။ ဓာတ်ပုံ

528415031.jpg 

မိန်းကလေးမှမဟုတ်ဘူး တချို့ယောက်ျားလေးတွေလည်းပါတယ်။ Gym ရောက်ပြီဆိုရင် ဓာတ်ပုံရိုက်လိုက်ရမှ။ ဆယ်ဖီလေးဆွဲပြီး "Gym နေသည်တို့ဘာတို့" ခေါင်းစဉ်လေးနဲ့ ဖေ့စ်ဘွတ်နဲ့ အင်စတာဂရမ်မှာ ပုံတင်မယ်လေ။ တချို့ဆို Live တောင် လွှင့်လိုက်သေး။

၄။ ကိတ်လာတော့မှာ

ခပ်တည်တည်ပဲလေ။ တစ်ပတ်လောက်ဆော့လိုက်တာနဲ့ ကိုယ့်ကိုယ်ကိုယ် အကိတ်လေးဖြစ်လာပြီလို့ ထင်မိတာလည်း မိန်းကလေးတွေပါပဲနော်။

 

၅။ ပျင်းလို့ဆို

hate exercise 16074.jpg 

အစကတော့ ဟုတ်တုတ်တုတ်ပဲ။ တက်ကြွလန်းဆန်းနေတာ။ တစ်ပတ်ကျော်လောက်ဆိုရင် gym သွားပြီး ဘာမှမလုပ်ချင်တော့ဘူး။ လုပ်ရတာ စိတ်မပါတော့ဘူး။ အိယောင်ဝါးဖြစ်သွားပြီ။ အဖော်တွေနဲ့သွားလို့ကတော့ စကားချည်းပြောနေမိကြတော့တာပါပဲရှင်။

Share

Loading Next Article...
က္က