Relationships: ဖေ့စ်ဘွတ်ပေါ်က Like (၅) မျိုး

လိုက်ခ်မလုပ်ရင် အပြစ်ရှိသလို ခံစားရတာကြောင့်ပါ။

play

 

၁ - သတိရပါလိုက်ခ်

ကိုယ် လိုက်ခ် လုပ်လိုက်တဲ့ ပို့စ်ပိုင်ရှင် သတိထားမိအောင် လိုက်ခ်လုပ်တာပါ။ တစ်စုံတစ်ယောက်ရဲ့ အာရုံစိုက်မှုကို လိုချင်လို့ လိုက်ခ်လုပ်တာပါ။ အပြင်မှာ စကားမပြောချင်တာမျိုး၊ မက်ဆေ့ကနေ စကားမပြောချင်တာမျိုး ရှိပေမဲ့ အခင်မင်မပျက်အောင် လိုက်ခ်လုပ်တာမျိုးပါ။ ခရက်ရှ်နေတဲ့ တစ်ယောက်ရဲ့ အာရုံစိုက်မှုကို လိုချင်တဲ့အခါမှာလည်း လုပ်တတ်ကြပါတယ်။

၂ - အပေးအယူလိုက်ခ်

ကိုယ့်ပို့စ်ကို သူက အမြဲလိုက်ခ်လုပ်နေကျမို့ ကိုယ်က ပြန်လိုက်ခ်လုပ်ပေးတာပါ။ ကိုယ့်ကိုယ် သုံးခုလောက် လိုက်ခ်ရင် သူ့ကို နှစ်ခုလောက်ပြန်လိုက်ခ်ပေးမယ်ဆိုတဲ့ အပေးအယူနဲ့လည်း လုပ်တတ်ပါတယ်။ ကိုယ်တင်တဲ့ အတွေးစာသားမျိုးတွေဆို လိုက်ခ်မလုပ်ဘဲ ပုံတင်မှ လုပ်တယ်ဆိုရင် သူ့ကိုလည်း ပုံတင်မှပဲ လိုက်ခ်လုပ်ပေးတာပါ။

play

 

၃ - အပြစ်မရှိလိုတဲ့ လိုက်ခ်

လိုက်ခ်မလုပ်ရင် အပြစ်ရှိသလို ခံစားရတာကြောင့်ပါ။ သူငယ်ချင်းဟာ ခဏခဏ အသည်းကွဲသူဖြစ်ပေမဲ့ အသည်းကွဲပို့စ်တွေကို ထိုင်လိုက်ခ်ပေးနေတာဟာ ခံစားနားလည်ပေးတာကြောင့် မဟုတ်ဘဲ လိုက်ခ်မလုပ်လိုက်ရင် အပြစ်ရှိသလို ခံစားရတာကြောင့်ပါ။

play

 

၎ - သနားလိုက်ခ်

ကိုယ်ကိုယ်တိုင်လည်း ဒီပို့စ်ကို သိပ်အကြိုက်ကြီး မဟုတ်ပါဘူး။ ဘယ်သူမှလည်း ကြိုက်မယ် မထင်ပါဘူး။ ဒါပေမဲ့ သူ့မှာ လိုက်ခ်နည်းနေတာကြောင့် လိုက်ခ်ပေးလိုက်တာ ဖြစ်ပါတယ်။

play

 

၅ - အစစ်အမှန်လိုက်ခ်

တကယ်ကြိုက်လို့လိုက်တာ ဖြစ်ပါတယ်။ စာသားတစ်ခုခု၊ ဓာတ်ပုံတစ်ခုခုကို တကယ်ကြိုက်လို့ ဖြစ်ပါတယ်။

Photos & Source: Tought Catalog

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ