ထင်ထားသလို ဖြစ်မလာရင် ကိုယ်ပဲစိတ်ဆင်းရဲရမှာ...

ဖေ့စ်ဘုတ်ပေါ်မှာဖြစ်ဖြစ် အပြင်မှာဖြစ်ဖြစ် မြင်နေရတဲ့ Relationship Goal တွေဟာ ကိုယ်နဲ့တော့ ကိုက်ညီချင်မှ ကိုက်ညီပါလိမ့်မယ်။ သူတို့ကိုကြည့်ရတာ ကြည်နူးစရာကောင်းတယ်ဆိုပြီး အားကျတာကမဆန်းဘူး။ ကိုယ်သာ လိုက်မလုပ်မိစေနဲ့။ တကယ်တမ်းကျ နောက်ပိုင်းမှာ နောင်တရမိနိုင်တဲ့ RS Goal တွေလည်း ရှိတယ်။ ဘာတွေလဲဆိုတော့.....

 

၁။ တက်တူးဆင်တူ

တစ်ယောက်ကိုတစ်ယောက် သေမလောက်ချစ်တယ်ဆိုဦးတော့ တက်တူးဆင်တူထိုးဖို့ဆိုတာ တော်တော်ကြီးကို စဉ်းစားရမယ့်ကိစ္စပါ။ အထူးသဖြင့်တော့ မိန်းကလေးတွေဘက်က အရင်ဆုံး စိတ်ကူးမိကြတယ်။ တကယ်တော့ တက်တူးဆင်တူထိုးလည်း ပြတ်ချင်ပြတ်မှာပဲ။ ဖောက်ပြန်ချင် ဖောက်ပြန်မှာပဲ။ သူနဲ့ဝေးသွားတော့မှ ဒီတက်တူးမြင်ပြီး စိတ်ညစ်ရမှာ ကိုယ်ပဲ မဟုတ်လား။

 

၂။ နှစ်ပတ်လည်

ချစ်သူသက်တမ်း ၃ နှစ်ပြည့်၊ ၄ နှစ်ပြည့်၊ ၅ နှစ်ပြည့် စသဖြင့် တစ်နှစ်ပြီးတစ်နှစ် ဖြတ်သန်းလာခဲ့ပြီးပြီ။ နှစ်တိုင်းလည်း နှစ်ပတ်လည် အမှတ်တရပွဲလေးတွေ လုပ်ဖြစ်တယ်။ တချို့ဆိုရင် ၁ လပြည့်၊ ၂ လပြည့် ဆိုပြီးတော့တောင် လုပ်သေးတယ်။ ဒါက ကြည်နူးစရာလေးနော်။ ဒါပေမဲ့ ချစ်သူဘဝနဲ့ ရပ်တန့်သွားမှာမဟုတ်ဘဲ လက်ထပ်ဖို့ထိ ရည်ရွယ်ထားကြတာဆိုရင်တော့ နှစ်ပတ်လည်နေ့ရက်တွေဟာ အမြဲတမ်းဆင်နွှဲနေဖို့ အချိန်ပေးနိုင်မှာမဟုတ်ပါဘူး။ ပြီးတော့ နှစ်ပတ်လည်ပွဲတွေ လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ ချစ်နေမယ့်လူကို ရွေးသင့်ပါတယ်။ နားလည်မှုက အဓိကပဲ။ အမှတ်တရဆိုတာ ဘယ်နေ့မှာမဆို ဖန်တီးလို့ရနေတဲ့ အချစ်ရေးပဲ ဖြစ်သင့်တယ်။

 

၃။ တန်ဖိုးကြီးအရာတွေ

နောက်ဆုံးထွက် iPhone ဆင်တူကိုင်တာမျိုး၊ ကားဆင်တူဝယ်တာမျိုးတွေပေါ့။ ဘောစိတွေမှ တတ်နိုင်တဲ့ ကိစ္စတွေပါ။ ဒါပေမဲ့ ကိုယ်က ပိုက်ဆံတွေ အရမ်းပေါနေတဲ့လူမဟုတ်ဘဲ သူနဲ့ဆင်တူဖြစ်ချင်တယ်၊ တန်ဖိုးကြီးတဲ့အရာလည်း ဖြစ်ချင်တယ်ဆိုပြီး ဝယ်လိုက်တာမျိုးက နောက်ပိုင်းမှာ အကြွေးပတ်လည်ဝိုင်းပြီး စားစရာမရှိချိန်မှာ နောင်တရလာပါလိမ့်မယ်။

 

၄။ အရမ်းလှတဲ့ စုံတွဲပုံတွေ

သူများတွေက စမတ်ကျကျ လှနေလို့၊ ဓာတ်ပုံကောင်းကောင်းရိုက်တတ်လို့ စုံတွဲပုံတွေ ရိုက်ကြတာ။ ကိုယ်တွေက မော်ဒယ်လည်းမဟုတ် ၊ ဘော်ဒီကလည်း မလှဘူးဆိုရင် ဒီစိတ်ကူးကို မေ့လိုက်ပါ။ ဘာကြီးဖြစ်ဖြစ် ရိုက်ကိုရိုက်ရမှာဆိုလည်း ရိုက်ပေါ့။ ဒါပေမဲ့ ဖေ့စ်ဘုတ်ပေါ် တင်လိုက်လို့မှ သူများတွေက အားကျပြီးကောင်းချီးပေးတာမျိုး မရရင်လည်း စိတ်မပျက်ပါနဲ့။

Source : Be Beautiful

Share

Loading Next Article...
က္က