Relationships: ကြောင်ချစ်သူတွေက ခွေးချစ်သူတွေထက် Single ဖြစ်နိုင်ခြေ ပိုများ

ကြောင်ချစ်သူတွေက အပေါင်းအသင်းနည်းပါးသူတွေလို့ ဆိုပါတယ်။

play

 

တက်ကြွပြီး ချစ်စရာအရမ်းကောင်းတဲ့ ခွေးတွေထက် ကြောင်တွေကို ပိုချစ်သူတွေဟာ အနေအေးသူတွေ များတယ်လို့ လေ့လာမှုတစ်ခုအရ သိရပါတယ်။

ဖေ့စ်ဘွတ်အသုံးပြုသူ တစ်သိန်းခြောက်သောင်းကို သုတေသန လုပ်ကြည့်တဲ့အခါ ကြောင်ပုံမျှဝေသူတွေရဲ့ ၃၀ ရာခိုင်နှုန်းဟာ Single တွေဖြစ်ကြောင်း တွေ့ရှိရပါတယ်။

play

 

ဖေ့စ်ဘွတ်ခ်အရ ခွေးချစ်သူတွေဟာ ကြောင်ချစ်သူတွေထက် ပျမ်းမျှ သူငယ်ချင်း ၂၆ ဦး ပိုရှိပြီး ခွေးချစ်သူတွေက ကျေးလက်ဒေသတွေမှာ နေချင်ပြီး ကြောင်ချစ်သူတွေက မြို့ကြီးပြကြီးတွေကို သဘောကျပါတယ်။

ခွေးချစ်သူတွေက အပြင်ထွက်ရတာ ပျော်ပြီး ကြောင်ချစ်သူတွေက စာအုပ်တွေ၊ တီဗွီနဲ့ ရုပ်ရှင်ကို နှစ်ခြိုက်သူလို့လည်း သုတေသနအရ သိရပါတယ်။

play

 

တိရစ္ဆာန်ချစ်သူတွေဟာ သူတို့ချစ်တဲ့ တိရစ္ဆာန်တွေရဲ့ ခံစားချက်တွေနဲ့ ဆင်တူကြပါတယ်။ ကြောင်ချစ်သူတွေက ပင်ပန်းလိုက်တာလို့ ပြောရတာ ကြိုက်ပြီး ခွေးချစ်သူတွေက တက်ကြွမှုနဲ့ ဂုဏ်ယူမှုကို ဖော်ပြချင်ကြပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ