တစ်နေကုန် အိပ်ရာထဲမှာ အိပ်နေမလား၊ ဇာတ်ကားတွေပဲ တောက်လျှောက်ကြည့်နေမလား။ ဘယ်သူကမှ ဘာမှလာပြောမှာမဟုတ်ဘူး။
 

ခုခေတ်မှာ single ဘဝလေး နေရဖို့က တော်ရုံကုသိုလ်နဲ့တော့ မရဘူးပေါ့။ မစွံတဲ့ FA (forever alone) လို့ ဘယ်သူတွေပြောပြော single ဘဝလောက် သာယာတာ မရှိပါဘူး။ အနှောင်အဖွဲ့တွေကင်းပြီး စိတ်သွားတိုင်းကိုယ်ပါတဲ့ single ဘဝလေးမှာ ဒါလေးတွေကို လုပ်ထားလိုက်ရင် အကျိုးရှိမှာပါ။

၁။ တစ်ကိုယ်တော်ခရီး

ချစ်သူရှိလာရင် ခရီးထွက်ရတာ မလွတ်လပ်တော့ပါဘူး။ သူ့ကိုငဲ့ရတာနဲ့ပဲ အနားယူအပန်းဖြေခရီးတွေချည်း ရွေးရတော့မှာလေ။ ကိုယ့်ဘာသာကိုယ်ဆို ခြေလျှင်၊ တောင်တက် ခရီးမျိုး စိတ်ကြိုက်သွားလို့ရပါတယ်။

၂။ သင်တန်းတက်

ကိုယ်ဝါသနာပါတဲ့ အရာတစ်ခုခုကို ဖြစ်မြောက်အောင် လုပ်လို့ရပါတယ်။ ပန်းချီဆွဲသင်တန်းတက်မလား၊ မုန့်ဖုတ်နည်းသင်တန်းတက်မလား။ ဒါမှမဟုတ် လေယာဉ်မောင်းသင်တန်းတက်ပြီး အောင်လက်မှတ်လေးတစ်ခုလောက်တော့ ယူထားလို့ရတာပေါ့။

 

၃။ အလုပ်အပြောင်းအလဲ

လက်ရှိလုပ်နေတဲ့အလုပ်ကို မကြိုက်ဘူးလား။ ကိုယ်နဲ့ကိုက်ညီမယ့် အလုပ်ကို ရှာဖွေဖို့အတွက် အသင့်လျော်ဆုံးအချိန်ပါပဲ။ အနှောင်အဖွဲ့တွေရှိလာရင် အလုပ်ပြောင်းဖို့က ထင်သလောက်မလွယ်တော့ပါဘူး။

၄။ လုပ်ချင်တာလုပ် အေးဆေး

တစ်နေကုန် အိပ်ရာထဲမှာ အိပ်နေမလား၊ ဇာတ်ကားတွေပဲ တောက်လျှောက်ကြည့်နေမလား။ ဘယ်သူကမှ ဘာမှလာပြောမှာမဟုတ်ဘူး။ ကိုယ့်အမေကလည်း အပြင်မသွားဘဲ အိမ်မှာနေနေရုံနဲ့တင် သဘောကျနေတာဆိုတော့ ကိုယ့်စိတ်ကြိုက်နေလို့ရတယ်လေ။

 

၅။ ကိုယ့်အတွက်ကိုယ် ပိုဦးစားပေးနိုင်

ပိုက်ဆံကုန်သက်သာတယ်ဆိုတာ တကယ်ကောင်းတဲ့ကိစ္စနော်။ ဘယ်သူကမှ ကိုယ့်အတွက်မဟုတ်ဘဲ ပိုက်ဆံတွေ အိတ်ထဲက မထုတ်ချင်ဘူးရယ်။ ရည်းစားလေးများ ရလာပြီဆို ဟိုသွားဒီသွားနဲ့ လျှောက်လည်လို့ ကုန်တော့မှာ။ ဒီကြားထဲ သူ့မျက်စိထဲ ကြည့်ကောင်းအောင် ကိုယ်က ပြင်ဆင်ရမှာဆိုတော့ အလုပ်ကလည်းရှုပ်ဦးမယ်။ Single သမားမှာ ဒီဒုက္ခတွေမရှိဘူး။ ကိုယ့်ဘာသာကိုယ် အလှကြိုက်လို့ ပြင်နေလည်း ကိုယ်ပဲလှနေမှာ။ ဘယ်သူ့အတွက်မှမဟုတ်လို့ အလှပြင်နည်းတွေလေ့လာပြီး ဖက်ရှင်ကျကျ နေလိုက်ပါ။

Source : Cosmo

Share

Loading Next Article...
က္က