ဒီလိုနဲ့ပဲ နောက်ဆို သူတို့ဘယ်ခေါ်ခေါ် မလိုက်ချင်တော့ဘူး....
 

ကိုယ်ကသာ မစွံတာ ကိုယ့်အချစ်ဆုံးသူငယ်ချင်းက ရည်းစားနဲ့ အဆင်ကိုပြေလို့။ ခါတိုင်းဆို ဘယ်သွားသွား ဘာလုပ်လုပ် အမြဲတမ်း စိတ်တူကိုယ်တူရှိခဲ့တဲ့ သူငယ်ချင်းက ရည်းစားရပြီးနောက်မှာ ကိုယ့်ကိုလည်း အချိန်မပေးနိုင်တော့ပါဘူး။ ဒီကြားထဲမှာ သူတို့သွားလေရာကို အလိုက်ကန်းဆိုးမသိ ခေါ်သေးတယ်။ တစ်ခါတစ်လေ ကိုယ်တိုင်ကလည်း သူတို့နဲ့အတူ လျှောက်လည်ဖို့ စိတ်ကူးပေါ်လာလို့ အတူတူအပြင်သွားမိရင်တော့ စိတ်ရှုပ်စရာတွေချည်း ကြုံရတာပါပဲ။

၁။ မျက်စိနောက်တယ်

ကိုယ်တစ်ယောက်လုံး ဘေးမှာရှိနေတာတောင် အချင်းချင်း ယုယကြင်နာနေတာကို မြင်ရတော့ မျက်စိထဲ ဘယ်လိုမှကို အဆင်မပြေဘူး။ မျက်နှာကို ဘယ်နားထားရမှန်းမသိ ဖြစ်ရတယ်။ ကြာလာတော့ မျက်စိနောက်လာရော။

2017-04-23_153435.jpg 

၂။ သူတို့ရဲ့အဖြည့်ခံ

တကယ်တမ်းကျတော့ ဘယ်စုံတွဲကမှ အပြင်သွားတိုင်း သူငယ်ချင်းကို မခေါ်ချင်ပါဘူး။ FA (ဂေါ်မစွံတဲ့ forever alone) သူငယ်ချင်းကို သူတို့နဲ့အတူလိုက်ခဲ့ပါလို့ ခေါ်တာကလည်း အကြံရှိလို့ပဲ။ အနည်းဆုံးတော့ သူတို့စုံတွဲရဲ့ ကင်မရာမန်းလုပ်ပေးရတာ။ ပုံပေါင်းတစ်ထောင်လောက် ရိုက်ပေးတာတောင်မှ စိတ်တိုင်းမကျလို့ ထပ်ရိုက်ခိုင်းလိုက်သေး။ ကိုယ့်ပုံကိုကျ ဖြစ်သလိုရိုက်ပေးကြတာမျိုး။

2017-04-23_153453.jpg 

၃။ အခင်အမင်ပျက်ရ

ကြာလာတော့ သူတို့ကိုကြည့်ရင်း မျက်စိလည်းနောက်လာ၊ ကိုယ့်ကိုယ်ကိုယ်လည်း သနားလာပြီး သူငယ်ချင်းကိုပါ အဆက်အသွယ် မလုပ်ချင်တော့ဘူး။ သူကတော့ သူ့ရည်းစားကို အကောင်းမြင်မှာပဲ။ ဒါကို ကိုယ်က ထုတ်ပြောလိုက်ရင် သဘောထားသေးသိမ်တယ်ဆိုပြီး အခင်အမင်ပျက်ရမှာ။ ဒီလိုနဲ့ပဲ နောက်ဆို သူတို့ဘယ်ခေါ်ခေါ် မလိုက်ချင်တော့ဘူး။ သူငယ်ချင်းကလည်း ကိုယ်က သူ့ကို တကယ်မခင်တော့ဘူးလို့ မြင်သွားတတ်တယ်။

 

ဒီလိုမျိုးတွေ မကြုံချင်ဘူးဆိုရင်တော့ သူငယ်ချင်းစုံတွဲနဲ့ အပြင်မသွားတာပဲ ကောင်းပါတယ်။ သွားရင်လည်း ကိုယ့်သွားကိုသာ ဖြီးထားပါ။ ဒါမှမဟုတ် ဖုန်းကိုအားအပြည့်သွင်း နားကြပ်တပ်ပြီးတော့သာ မသိသလိုနေလိုက်။ ဘယ်လိုပဲပြောပြော သူတို့အကူအညီတောင်းတာကိုတော့ လုပ်ပေးရဦးမှာပဲဆိုတာ သေချာပါတယ်။

Share

Loading Next Article...
က္က