သူ့အကောင့်မှာ တင်သမျှ မြင်နေရတဲ့အခါ ငိုချင်သလို ဖြစ်လာရတော့တာပါပဲ။
 

ဘယ်လိုကြီးပါလိမ့်... သူ့ကို မမြင်ချင် မပတ်သက်ချင်တော့ပါဘူးဆိုမှ unfollow မလုပ်ရဘူးဆိုတော့ စိတ်ထဲ တွေးစရာဖြစ်သွားပါလိမ့်မယ်။ ရည်းစားဟောင်းဆိုတာလည်း တစ်ချိန်က ဘယ်လိုပဲ ချစ်ခဲ့ချစ်ခဲ့ အနာဂတ်အတွက်တော့ ခလုတ်တစ်ခုပဲ။ မမြင်ရလေကောင်းလေ ဝေးလေကောင်းလေပေါ့။ ဒါပေမဲ့ ရင်းနှီးဖူးပြီးသားဆိုတော့လည်း သံယောဇဉ်က ဖြတ်ရခက်ပါတယ်။

 

အလုပ်ကိစ္စကြောင့်၊ အပေါင်းအသင်း အသိုင်းအဝိုင်းတွေကြောင့် သူနဲ့ ဖေ့စ်ဘွတ်ပေါ်မှာ friend အဖြစ် ဆက်ပြီး ရှိနေတာက ကိုယ့်ကို အတော်လေး စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ သူ့ဘက်ကလည်း စိတ်ရှုပ်ကောင်း ရှုပ်ပါလိမ့်မယ်။ တကယ်လို့များ ကိုယ်က သံယောဇဉ်မပြတ်နိုင်ဘူးဆိုရင်တော့ သူ့အကောင့်မှာ တင်သမျှ မြင်နေရတဲ့အခါ ငိုချင်သလို၊ နာကျင်သလို ဖြစ်လာရတော့တာပါပဲ။

 

ဒါဆိုရင် unfollow လုပ်မလား ? မလုပ်ပါနဲ့လို့ ပြောချင်ပါတယ်။ ကိုယ့်စိတ်ကိုက မပြတ်သားတော့ unfollow လုပ်ထားပြီးမှ တကူးတက သွားကြည့်ဖြစ်နေမှာ သေချာပါတယ်။ like တွေ comment တွေ ပေးမိကောင်း ပေးမိနေဦးမှာပါ။ သူ့ကိုမပတ်သတ်ချင်ဘူးလို့ ဆုံးဖြတ်ပြီးရင် unfriend ဒါမှမဟုတ် block လိုက်တာ အကောင်းဆုံးပါပဲ။ Block လုပ်ထားတော့ ကိုယ့်မျက်စိရှေ့လည်း ပေါ်မလာတော့ဘူး။ ကိုယ်က မပြတ်သားလို့ သွားကြည့်မယ်ဆိုရင်တောင် ကြည့်လို့မရတော့ဘူးဆိုတော့ ကိုယ်ရှိန်သတ်လိုက်သလိုဖြစ်သွားပါလိမ့်မယ်။ ဒီတော့ ရည်းစားဟောင်းကို unfollow မလုပ်ပါနဲ့။ အပြတ်သာ block ထားလိုက်ပါ။ သူတောင် ကိုယ့်ကိုဂရုမစိုက်တော့တဲ့ဥစ္စာ ကိုယ်က လွမ်းနေရင် ပိုပြီးနာကျင်ရုံပဲရှိတော့မပေါ့။

Share

Loading Next Article...
က္က