ဂျပန်မှာတော့ မိန်းကလေးတွေကပဲ ယောကျ်ားလေးတွေကို လက်ဆောင်ပေးကြပါတယ်။
 

ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ Valentine's Day (ချစ်သူများနေ့) ကတော့ နီးကပ်လို့ လာပြန်ပါပြီ။ ချစ်သူတွေကတော့ ရင်ခုန်စိတ်လှုပ်ရှားပြီး အစီအစဉ်တွေဆွဲနေတော့မယ်လို့ ထင်ပါတယ်။ ဗယ်လန်တိုင်းနေ့ကို သဘောမကျသူတွေလည်း အများကြီးရှိပါတယ်။ ကြိုက်တာ မကြိုက်တာကို ခဏဖယ်ထားပြီး နိုင်ငံအသီးသီးက ဗယ်လန်တိုင်းနေ့နဲ့ပတ်သက်တဲ့ ရိုးရာသတ်မှတ်ချက်တွေကို လေ့လာကြည့်ရအောင်။

၁။ အင်္ဂလန်

အင်္ဂလန်မှာတော့ ဗယ်လန်တိုင်းနေ့ကို ချစ်ခင်ရသူတိုင်းနဲ့ အပြန်အလှန် လက်ဆောင်တွေ လဲလှယ်ကြရင်း ဆင်နွှဲကြပါတယ်။ နော့ဖော့လ်မြို့မှာဆိုရင် ဂျက်ခ်ဗယ်လန်တိုင်းလို့ခေါ်တဲ့ ဇာတ်ကောင်တစ်ဦးက ကလေးတွေကို လက်ဆောင်တွေလိုက်ပေးလေ့ရှိပါတယ်။

၂။ ဂျာမနီ

ဝက်ဟာ ကံကောင်းခြင်းနဲ့ ရမ္မက်ကို ကိုယ်စားပြုညွှန်းဆိုထားကြလို့ ဗယ်လန်တိုင်းနေ့မှာ ပေးပို့တဲ့ကတ်ပြားလေးတွေမှာ ဝက်ပုံတွေက မပါမဖြစ်ပါပဲ။ အရွက်လေးခုနဲ့ Clover ရွက်လို တခြား ကံကောင်းစေတဲ့ သင်္ကေတတွေကိုလည်း ထည့်သွင်းပေးပို့ကြပါသေးတယ်။

၃။ ဖင်လန်နဲ့ အက်စ်တိုးနီးယား

ဖေဖော်ဝါရီ ၁၄ ရက်နေ့က အခြားနိုင်ငံတွေမှာ ချစ်သူတွေနဲ့ဖြတ်သန်းတဲ့နေ့ရက် ဖြစ်လင့်ကစား ဖင်လန်နဲ့ အက်စ်တိုးနီးယားမှာတော့ သူငယ်ချင်းတွေနဲ့ပဲ ဖြတ်သန်းကြပါတယ်။ သူတို့ဆီမှာ ဖေဖော်ဝါရီ ၁၄ က "Friend's Day" မို့လို့ပါပဲ။

၄။ ဘူလ်ဂေးရီးယား

ဘူလ်ဂေးရီးယားဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ဝိုင်ထုတ်လုပ်တဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁၄ ရက်နေ့ကို ဝိုင်ထုတ်လုပ်သူများနေ့ (Winemakers Day) အဖြစ် သတ်မှတ်ထားလို့ ချစ်သူစုံတွဲတွေဟာ ဝိုင်အတူသောက်ရင်း ရိုမန့်တစ်ဆန်ဆန်တွေ့ဆုံကြလေရဲ့။

10-japan-giri-choco.jpg 

၅။ ဂျပန်

ချစ်သူများနေ့ဆိုရင် ကောင်လေးတွေကပဲ ကောင်မလေးတွေကို လက်ဆောင်တွေပေးကြတယ်မဟုတ်လား။ ဂျပန်မှာတော့ မိန်းကလေးတွေကပဲ ယောကျ်ားလေးတွေကို လက်ဆောင်ပေးကြပါတယ်။ နောက်တစ်လကြာ (မတ်လ ၁၄ ရက်)မှ ယောက်ျားလေးတွေဘက်က မိန်းကလေးကို လက်ဆောင်ပြန်ပေးကြပါတယ်။ အဲ့ဒီနေ့ကိုတော့ White Day လို့ ခေါ်တွင်ပါတယ်။

၆။ တောင်အာဖရိက

အမျိုးသမီးတွေဟာ သူတို့ရဲ့ချစ်သူအမည်ကို အသည်းနှလုံးပုံစာရွက်လေးပေါ်မှာ ရေးသားပြီး အကျႌလက်ပေါ်မှာ ချိတ်နဲ့ချိတ်တွယ်ကာ အချစ်ကို ပြသကြပါတယ်။

 

၇။ ဆော်ဒီအာရေးဘီးယား

ဘာသာရေးကိုအခြေပြုထားတဲ့ ဥပဒေနဲ့ အုပ်ချုပ်တဲ့နိုင်ငံပီပီ ဗယ်လန်တိုင်းနေ့ကို ဆင်နွှဲခွင့်မပေးထားပါဘူး။ လူမြင်ကွင်းမှာ ချစ်သူနဲ့နမ်းရင်တောင်မှ ဥပဒေနဲ့ငြိစွန်းလို့ အပြစ်ပေးခံရပါတယ်။ ချစ်သူများနေ့မှာ ချစ်သူကို နှင်းဆီပေးချင်သူတွေအတွက်တော့ နှင်းဆီနီဟာ မှောင်ခိုဈေးကွက်ကနေတောင် ဝယ်နေရပါသတဲ့။

120213-valentines-iraq-2a.grid-8x2.jpg 

၈။ အီရတ်

အီရတ်မှာတော့ ချစ်သူများနေ့ကို အနီရောင်တွေနဲ့ လွှမ်းထုံကာ ဆင်နွှဲကြပါတယ်။ ဝက်ဝံရုပ်၊ အသည်းနှလုံး၊ ဘောလုံးနဲ့ နှင်းဆီတွေကို အနီရောင်တွေနဲ့ ပြင်ဆင်ကြပါတယ်။ ချစ်သူတွေကတော့ လက်ဆောင်တွေ အပြန်အလှန်ပေးအပ်ကြတယ်လို့လည်း သိရပါတယ်။

Source : Mail Online

Share

Loading Next Article...
က္က