အမှားအယွင်းတစ်ခုခု ဖြစ်လာခဲ့ရင် တာဝန်ယူတတ်ကြသလို ရှုံးနိမ့်မှုထဲမှာ နစ်မျောနေမယ့်အရွယ် မဟုတ်တော့ဘူးလေ။ အမှားတွေကနေ သင်ခန်းစာယူတတ်လာပါပြီ။
 

မိန်းကလေးတစ်ယောက်ဟာ အသက် ၂၅ နှစ် ကျော်လွန်လာပြီဆိုတာနဲ့ အတော်အတန် တည်ငြိမ်စပြုလာပါပြီ။ အထူးသဖြင့် အသက် ၂၇ နှစ်ကျော်လို့ ပြောမယ်ဆို ပိုသေချာပါတယ်။ ဒီအရွယ်ဟာ မိန်းကလေးတစ်ယောက်အတွက် အတောက်ပဆုံးအချိန်လို့တောင် ပြောရမှာပါ။ ဘာလို့လဲဆိုတော့ ကလေးဆန်တာတွေ မရှိတော့ဘဲ တည်ငြိမ်စပြုလာပြီလေ။ ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ထိန်းသိမ်းလာတတ်တဲ့အရွယ်မို့လို့ တည်ငြိမ်တဲ့အလှအပနဲ့ အောင်မြင်စပြုနေကြတဲ့အရွယ် ဖြစ်ပါတယ်။

၁။ အလုပ်အကိုင်

ဒီအသက်အရွယ်ရောက်ပြီဆို အလုပ်အကိုင်က တည်ငြိမ်သွားပါပြီ။ ကိုယ်ဘာလုပ်ချင်သလဲဆိုတာကိုလည်း သိနေပြီဖြစ်လို့ အဲ့ဒီလမ်းကြောင်းပေါ်ကိုလည်း ရောက်နေပါပြီ။ ငွေမရှိလို့ ဘိုင်ပြတ်ပြီး လိုက်ချေးနေရတာမျိုးလည်း မရှိတော့ပါဘူး။ အသုံးအစွဲကိုလည်း ဆင်ခြင်တတ်လာတဲ့အရွယ်မို့ ငွေရေးကြေးရေးပိုင်းမှာ ယုံကြည်စိတ်ချရပါတယ်။

 

၂။ တည်ငြိမ်လာပြီ

သစ်ရွက်ကြွေတာမြင်ရုံနဲ့ ငိုတော့တဲ့အရွယ် မဟုတ်တော့ဘူးလေ။ လူ့သက်တမ်း ၃ ပုံ ၁ ပုံကျော် ဖြတ်သန်းခဲ့ပြီးပြီဆိုတော့ အတွေ့အကြုံတွေကနေ သင်ခန်းစာယူတတ်လာပါပြီ။ လွယ်လွယ်နဲ့ရင်မခုန်တတ်တော့လို့ အမှားတွေလည်း နည်းလာပါတယ်။

၃။ သူများတွေကိုစိတ်ရှုပ်အောင်မလုပ်တော့ဘူး

အသက် ၂၅ နှစ် မတိုင်မီကတော့ မရင့်ကျင်သေးဘူးလေ။ သူများတွေကိုလည်း စိတ်အနှောင့်အယှက်တွေ ပေးမိမှန်းမသိ ပေးခဲ့မိပါတယ်။ ကိုယ်ကြိုက်ခိုက်ရသူအကြောင်း၊ အလှကုန်ပစ္စည်းတွေ၊ အိမ်ကအကြောင်းတွေ၊ ရည်းစားနဲ့အဆင်မပြေတာတွေက ဘေးလူတွေကိုပါ စိတ်ရှုပ်အောင် လိုက်ပြောနေမိခဲ့ပါတယ်။ ခုတော့ ကိုယ့်အပူတွေကို သူများတွေဆီ မကူးစက်စေတော့ဘူး။ ပြဿနာတွေကိုလည်း ရင်ဆိုင်နိုင်လာပါတယ်။

၄။ ပြတ်သားတယ်

ဝေဝေဝါးဝါးနဲ့ ဘာလုပ်ရမှန်းမသိတာမျိုးလည်း ရှားသွားပါပြီ။ အားမနာသင့်တဲ့အရာတွေကိုလည်း အားမနာတော့ပါဘူး။ သူများကိုစိတ်ရှုပ်အောင်မလုပ်တော့သလို ကိုယ့်ကိုလာနွှယ်နေမှာကိုလည်း လက်မခံတော့ဘူးလေ။ ပြတ်ပြတ်သားသား ငြင်းပယ်တတ်လာတဲ့အရွယ်ပါ။

 

၅။ မရပ်တန့်တော့တဲ့ အောင်မြင်မှုတွေ

ကိုယ်လိုချင်တာကိုလည်း ကောင်းကောင်းသိသွားပြီဖြစ်လို့ ရအောင်လည်း ရယူနိုင်ကြသူတွေပါ။ လိုက်လျောသင့်သလောက်ပဲ လိုက်လျောတဲ့အတွက် ဆုံးရှုံးမှုတွေလည်း နည်းသွားပါတယ်။ လိုချင်တဲ့အရာကို ဘယ်လိုယူရမလဲဆိုတာသိပြီးရင် နောက်ထပ် လိုချင်သမျှအရာတွေကိုလည်း သေသေချာချာ ကြံစည်ဆောင်ရွက်ကာ ရယူကြဦးမှာဖြစ်ပါတယ်။

Share

Loading Next Article...
က္က