နိုဝင်ဘာ (၂၀) ရက်နေ့မှ နိုဝင်ဘာ (၂၆) ရက်နေ့ ထိ တစ်ပတ်စာ ဟောစာတမ်းများ ကတော့
Duwun ပရိတ်သတ်တွေ အတွက် တစ်ပတ်စာ ဟောစာတမ်းတွေ လာပြီနော်...

နိုဝင်ဘာ (၂၀) ရက်နေ့မှ နိုဝင်ဘာ (၂၆) ရက်နေ့ ထိ တစ်ပတ်စာ ဟောစာတမ်းများ ကတော့...





မိဿရာသီဖွား

------

စိတ်ရှုပ်စရာများကို ဖြတ်ကျော်နိုင်လိမ့်မည်။ အယုံလွယ်တတ်သောစိတ်ကို ထိန်းနိုင်မှ စိတ်ညစ်စရာများကင်းဝေနိုင်မည်။ သူငယ်ချင်းများနဲ့အချိန်ပေးကာ ပျော်ရွှင်စရာတွေဖန်တီးလိုက်ပါ။

 

ပြိဿရာသီဖွား

-----

မိမိသော်လည်းကောင်း မိသားစုများသော်လည်းကောင်း ကျန်းမာရေချူချာနေတတ်သည်။ မိမိရဲ့ကြိုးစားမှုကြောင့်ရတဲ့ အကျိုးရလဒ်တွေအပေါ်အထင်လွဲခံနေရတတ်သည်။ သို့သော်လည်း အချစ်ရေးတွင် ပျော်ရွှင်နေရမည်။

 

မေထုန်ရာသီဖွား

-----

ကိုယ်ပြုလုပ်လိုက်တဲ့ အပြုအမူတွေကြောင့် လူချစ်လူခင်ပေါလာနိုင်သလို လူမုန်းများလာနိုင်သည်ကို အထူးဂရုပြုပါ။ မိတ်ဆွေတစ်ဦးထံမှ မမျှော်လင့်ထားတဲ့ အကူအညီတွေရရှိနိုင်သလို လက်ဆောင်ပစ္စည်းကောင်းတွေလည်း ရရှိနိုင်ပါတယ်။

 

ကရကဋ်ရာသီဖွား

-----

ထိုင်နေရင်အကောင်းသား ထသွားမှကျိုးမှန်သိ ဆိုတဲ့စကားပုံကိုအမြဲအမှတ်ရနေပါ။ အရေးကြီးသောဆုံးဖြတ်ချက်တွေကို သေသေချာချာတွေးတောပြီးမှသာ ဆုံးဖြတ်ချက်ချပါ။

 

သိဟ်ရာသီဖွား

-----

Relationship ကိစ္စများတွင် အချိန်ပေးများနေတတ်သည်။ ချစ်ခင်ရသူတွေနဲ့ စိတ်ကတောက်ကဆဖြစ်ပြီး ပြဿနာတွေများနေတတ်သည်။ ကိုယ့်ဘက်မှအရင်ကမ်းလှမ်း၍ ငြိမ်းချမ်းမှုကိုရှာဖွေလိုက်ပါ။

 

ကန်ရာသီဖွား

-----

လူမှုဆက်ဆံရေးများတွင် အဆင်မပြေမှုများ စိတ်ရှုပ်စရာများ ကြုံရတတ်သည်။ သို့သော်လည်း ထိုကဲ့သို့ ပြဿနာများအတွင်းမှ မိတ်ဆွေစစ်များရရှိနိုင်သည်။ စိတ်ရင်းမှန်ဖြင့်သာ ပြောဆိုဆက်ဆံလိုက်ပါ။

 

တူရာသီဖွား

-----

ငွေကြေးကိစ္စများတွင် ကံအလွန်ကောင်းနေတတ်သည်။ အလောင်းအစားကိစ္စများတွင်တောင် ကံအကျိုးပေးကောင်းနေမည်။ သို့သော်လည်း အလွန်အကျွံမလုပ်ပါနှင့် သင့်အတွက် အန္တရာယ်အလွန်များနေနိုင်သည်။

 

ဗြိစ္ဆာရာသီဖွား

-----

ကိုယ်ပိုင်အတွေးအခေါ်ကိုသာ အားကိုးပါ။ သူများပေးသောအကြံဉာဏ်များအပေါ် နားယောင်မိခြင်းကြောင့် ဘေးဖြစ်စေနိုင်သည်။ ညဘက်အပြင်ထွက်ခြင်း အထူးဂရုပြုပါ။

 

ဓနုရာသီဖွား

-----

လုံ့လကြောင့် အောင်မြင်မှုတွေရရှိနိုင်သည်။ သို့သော်လည်း စကားအပြောအဆိုကြောင့် လူကြီးတစ်ဦးဦးရဲ့ အမျက်ရှနိုင်သည်။ စကားနည်းနည်းပြော အလုပ်များများလုပ် ဆိုသကဲ့သို့ သင်လိုက်နာနိုင်မှ အဆင်ပြေနိုင်မည်။

 

မကာရ ရာသီဖွား

-----

ဆုံးရှုံးဖူးသော ငွေကြေးများပြန်လည်ရရှိနိုင်သည်။ ပြန်မရနိုင်တော့ဘူး ထင်မှတ်ထားတဲ့ အကြွေးတွေပင် ပြန်လည်ရရှိနိုင်သည်။ သို့သော်လည်း ကိုယ်မှပြန်လည်ပေးကမ်းစွန့်ကြဲခြင်းကို မမေ့လျော့ နေပါနဲ့။

 

ကုမ်ရာသီဖွား

-----

ကြီးမားသော အပြောင်းအလဲများဖြစ်လာနိုင်သည်။ဘယ်လို အပြောင်းအလဲမဆို အကောင်းမြင်စိတ်ဖြင့်သာ ကြည့်နိုင်မှ သင့်ဘဝမှာအပြုံးတွေဖြင့်သာ ဖြတ်သန်းနိုင်လိမ့်မည်။ သန်းခေါင်ကုန်ရင် အာရုံတက်ချိန်ရောက်လာမှာပါ။

 

မိန်ရာသီဖွား

-----

အလုပ်ထဲတွင်သော်လည်းကောင်း ကျောင်းတွင်သော်လည်းကောင်း အိမ်တွင်သော်လည်းကောင်း ကြီးမားတဲ့တာဝန်ယူမှုတွေ တာဝန်ကြီးတွေအတွက် ဗျာများနေရတတ်သည်။ ကိုယ်လုပ်ရမည့် ကိစ္စတစ်ခုကိုသာ သေချာအာရုံစိုက်ခြင်းဖြင့် အောင်မြင်စွာအဆုံးသတ်နိုင်လိမ့်မည်။

 

Share

Loading Next Article...
က္က