ဒီဇင်ဘာ (၄) မှ ဒီဇင်ဘာ (၁၀)

Duwun ပရိတ်သတ်တွေ အတွက် တစ်ပတ်စာ ဟောစာတမ်းတွေ လာပြီနော်...



ဒီဇင်ဘာ (၄) မှ ဒီဇင်ဘာ (၁၀) ရက်နေ့ ထိ တစ်ပတ်စာ ဟောစာတမ်းများ ကတော့...





မိဿရာသီဖွား

---

စိတ်အာရုံတွေ ထွေပြားနေတတ်သည်။ ဟိုဟာလုပ်ရမလို ဒီဟာလုပ်ရမလိုဖြစ်နေတတ်သည်။စိတ်ကို စုစည်းနိုင်အောင် ကိုယ်ကိုတိုင်ကြိုးစားကြည့်ပါ။ အခြားသူတွေထံမှ သင့်ပျော်ရွှင်မှုကို ရှာဖွေမနေပါနှင့်။ ဒီတစ်ပတ်ကုန်ခါနီးအချိန်မှာ အကောင်းဆုံးမဟုတ်တောင် သင်ရဲ့အထိုက်တန်ဆုံးဆိုတဲ့ အရာတွေ ရရှိလာလိမ့်မည်။

 

ပြိဿရာသီဖွား

----

ကြိုးစားခြင်းခြင့် အနိုင်ယူခြင်းဆိုတာတော့ သင်နဲ့အသင့်လျော်ဆုံးပါပဲ။ အလွယ်တကူရမယ့် ကိစ္စမျိုးတွေမှာတောင် သင့်အတွက်ကတော့ ခက်ခက်ခဲခဲကြိုးစားယူနေရလိမ့်မည်။ ဒါပေမယ့် စိတ်မလျော့လိုက်ပါနဲ့ အကောင်းဆုံးဖြစ်အောင်သာ ကြိုးစားလိုက်ပါ။ ဖြစ်ချင်တာတွေနဲ့ အနီးစပ်ဆုံး သင်ပိုင်ဆိုင်နိုင်ပါတယ်။

 

 

မေထုန်ရာသီဖွား

----

မိတ်ဆွေတွေနဲ့ စိတ်ဆိုး၊ဒေါသထွက်ရမယ့် အချိန်ဖြစ်နေတတ်ပါတယ်။ ယုံကြည်လွယ်တဲ့ စိတ်ရှိသူများအနေနဲ့ကတော့ အထူးသတိထားရပါလိမ့်မယ်။ အရမ်းလည်း မယုံကြည်သလို၊ မိတ်ဆွေတွေအပေါ် ဥပေက္ခာလည်းအလွန်မပြုပါနှင့်။

 

ကရကဋ်ရာသီဖွား

----

သင့်အတွက်ကတော့ အကောင်းတကာ့အကောင်းဆုံး ရက်သတ္တပတ်လေးပါပဲ။ အိပ်မက်တွေကို အကောင်အထည်ဖော်လိုက်ပါ။ စိတ်ကူးတွေကို ပုံဖော်လိုက်ပါ။ သင်ဖြစ်ချင်တောင့်တခဲ့ဖူးတာတွေ အမှန်ဖြစ်လာနိုင်မယ့်ကံတွေ သင့်ဆီမှာ ရှိနေပါတယ်။

 

 

သိဟ်ရာသီဖွား

----

စောင့်မျှော်နေရခြင်းက သင့်နဲ့ရင်းနှီးလို့နေပါမယ်။ ဘယ်လိုပြဿနာတွေနဲ့ ကြုံကြုံ အချိန်ကိုသာ ခေတ္တစောင့်ဆိုင်းလိုက်ပါ အားလုံးအဆင်ပြေသွားနိုင်ပါတယ်။ အချိန်ရေးမှာလည်း စောင့်ဆိုင်းဖို့မမေ့ပါနဲ့။

 

 

ကန်ရာသီဖွား

----------

ပျောက်နေသော ပစ္စည်းတွေကို လိုက်ရှာနေရတတ်သည်။ မိမိတန်ဖိုးထားသော အရာများ ပျောက်ဆုံးရတတ်သည်။ ချစ်ရသူကပင် မိမိအနားကနေ ပျောက်ဆုံးသွားသလို ခံစားနေရတတ်သည်။ ရေလမ်းခရီးသတိထားပါ သင့်အတွက် ဘေးဖြစ်စေနိုင်သည်။

 

တူရာသီဖွား

----

အချစ်ရေးမှာ ကံကောင်းနေတတ်သည်။ ဖွင့်ပြောမယ့်ချစ်ရသူရှိနေရင် ဒီတစ်ပတ်အတွင်း ဖွင့်ပြောခြင်းမှ ကံကောင်းစေနိုင်သည်။ နှလုံးသားရေးနဲ့ပတ်သက်ပြီး သင့်ကံပိုမိုကောင်းမွန်စေရန် ရင်းနှီးသူများကို မုန့်လင်မလား ဝယ်ကျွေးလိုက်ပါ။

 

ဗြိစ္ဆာရာသီဖွား

-----

အပြောင်းအလဲများဖြစ်နိုင်သည်။ ကောင်းသောပြောင်းလဲခြင်းလား ဆိုးသောပြောင်းလဲခြင်းလားဆိုတာတော့ သင်ရွေးချယ်မယ့်အပေါ်သာ မူတည်နေတာကြောင့် သင်လုပ်ဆောင်မယ့် အပြုအမူတွေအပေါ် အထူးဂရုပြုဆောင်ရွက်ပါ။

 

ဓနုရာသီဖွား

----

ဖြစ်လာသသမျှလက်ခံနိုင်အောင် ပြင်ဆင်ထားပါ။ ကြိုတင်ပြင်ဆင်ခြင်းက သ့င်ကိုအကောင်းမွန်ဆုံးဖြစ်အောင် ထောက်ပံ့ပေးပါလိမ့်မယ်။ လူလိမ်လူကောက်များနဲ့လည်း တွေ့ဆုံနိုင်တာဖြစ်လို့ သွားလေရာနေရာမှာ သတိကပ်၍သာ နေထိုင်ပြောဆိုပါ။

 

 

မကာရ ရာသီဖွား

----

ငွေရေးကြေးရေးကြောင့် အလုပ်များနေရတတ်သည်။ သင်ပိုင်ဆိုင်တဲ့ ငွေကြေးကိစ္စမဟုတ်ခဲ့သည်တိုင် အခြားသူတွေအတွက် ကူညီပေးရတတ်သည်။အာမခံသည့် ကိစ္စမျိုးတွေ ရှောင်ရှားပါ။ သင်နဲ့လုံး၀ မအပ်ဆက်သည့် လုပ်ငန်းများပင်ဖြစ်သည်။

 

ကုမ်ရာသီဖွား

------

ကျန်းမာရေး ဂရုပြုပါ။ အထူးသဖြင့် ခန္ဓာကိုယ်တွင်း အင်္ဂါများနဲ့ပတ်သက်သောရောဂါကြောင့် စိတ်ပူပန်နေရတတ်သည်။ မိမိနဲ့နီးစပ်သောသူတွေ အတွက်လည်း ကျန်းမာရေးအတွက် စိတ်ပူပန်နေရတတ်သည်။

 

မိန်ရာသီဖွား

----

မြင့်မြင့်တွေး၍ များများလုပ်ဆောင်ခြင်းက သင့်အတွက်အမှန်အကျိုးဖြစ်ထွန်းစေနိုင်သည်။ ဘယ်လိုစိတ်ပင်ပန်းစရာေတွေကြုံကြုံ အားမလျော့ပဲ လုပ်ဆောင်ခြင်းက သင့်နဲ့အကိုက်ညီဆုံး ပုံသဏ္ဌန်တစ်ခုပါပဲ။

 

 

Share

Loading Next Article...
က္က