Lifestyle: Rolls-Royce သမိုင်းတစ်လျှောက် တစ်ကြိမ်တည်းနဲ့ အများဆုံးတင်ပို့မှုအဖြစ် မကာအိုသို့ Phantom အစီး ၃၀ တင်ပို့

ကမ္ဘာ့ထိပ်တန်းဇိမ်ခံကားကုမ္ပဏီကြီးဖြစ်တဲ့ Rolls-Royce ရဲ့သမိုင်းတစ်လျှောက် တစ်ကြိမ်တည်းနဲ့ အစီးရေ အများဆုံးမှာယူမှုအဖြစ် မကာအိုရှိ 13 ဟိုတယ်က မှာတဲ့ Rolls-Royce Phantom အစီး ၃၀ ကို အောင်အောင်မြင်မြင် လွှဲပြောင်းပေးအပ်ပြီးပြီလို့ Rolls- Royce ကကြေညာလိုက်ပါတယ်။

 

play

 

ကမ္ဘာ့ထိပ်တန်းဇိမ်ခံကားကုမ္ပဏီကြီးဖြစ်တဲ့ Rolls-Royce ရဲ့သမိုင်းတစ်လျှောက် တစ်ကြိမ်တည်းနဲ့ အစီးရေ အများဆုံးမှာယူမှုအဖြစ် မကာအိုရှိ 13 ဟိုတယ်က မှာတဲ့ Rolls-Royce Phantom အစီး ၃၀ ကို အောင်အောင်မြင်မြင် လွှဲပြောင်းပေးအပ်ပြီးပြီလို့ Rolls- Royce ကကြေညာလိုက်ပါတယ်။

၂၀၁၆ ခုနှစ်၊ မတ်လအတွင်းက ကျင်းပခဲ့တဲ့ ဂျနီဗာနိုင်ငံတကာမော်တော်ယာဉ်ပြပွဲအတွင်းမှာ Rolls-Royce Phantom ပထမတစ်စီးကို ကနဦးလွှဲပြောင်းပေးအပ်ခဲ့ပြီးနောက် အခုအခါမှာယူထားတဲ့ အစီး ၃၀ လုံးကို မကာအိုရှိ The 13 Holding Limited ရဲ့ ပူးတွဲဥက္ကဋ္ဌ နဲ့ luxury entrepreneur ဖြစ်သူ စတီဖင်ဟန် ထံကို Rolls-Royce က အောင်မြင်စွာ လွှဲပြောင်းပေးအပ်လိုက်တာ ဖြစ်ပါတယ်။

အခုမှာယူလိုက်တဲ့ Rolls-Royce Phantom အစီး ၃၀ ကို ၂၀၁၇ နှစ်ဆန်းပိုင်းမှာ မကာအိုမှာ ဖွင့်လှစ်မယ့် The 13 ဟိုတယ်မှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ The 13 ဟိုတယ်မှာ အသုံးပြုဖို့အတွက် မစ္စတာဟန် နဲ့ Rolls-Royce တို့အနီးကပ်ပူးပေါင်းပြီးဖန်တီးထားတဲ့ Phantom တွေအတွက် မစ္စတာဟန် ရဲ့ညွှန်ကြားမှုအတိုင်း Stephen Red လို့ခေါ်တဲ့အရောင်ကို အထူးဖော်စပ်အသုံးပြုပေးထားပြီး ကားရဲ့ Coach Line မှာ The 13 ဆိုတဲ့ အမှတ်အသားကနုတ်ကို ရွှေရောင်မျဉ်းနဲ့အတူ လက်မှုပညာနဲ့ အနုစိတ်ဖန်တီး ရေးဆွဲပေးထားပါတယ်။ ဒါ့အပြင် ၂၁ လက်မအရွယ်ရှိတဲ့ ကားဘီးတွေကိုလည်း Stephen Red အရောင်နဲ့ ဖန်တီးပေး ထားပါတယ်။

play

 

Phantom အစီး ၃၀ ထဲမှာ ကိုယ်ထည်ပိုမိုရှည်လျားတဲ့ ရွှေရောင်နှစ်စီးလည်း ပါဝင်ပြီး အဲဒီ ရွှေရောင်ကားတွေကိုတော့ The 13 ရဲ့အထူးဧည့်သည်တော်တွေအတွက် သီးသန့်အသုံးပြုသွားမယ်လို့ သိရပါတယ်။

Phantom အစီး ၃၀ ရဲ့ အပြင်ပိုင်း အပြင်အဆင်ဟာ တောက်ပပြီး ဆွဲဆောင်မှုရှိသလို အတွင်းပိုင်းကိုလည်း အပြင်ပိုင်း အပြင်အဆင်နဲ့ လိုက်ဖက်အောင် ခန့်ညားထည်ဝါတဲ့ အသွင်အပြင်မျိုး ဖန်တီးထားပါတယ်။ ကားအတွင်းခန်းတွေကို Stephen Red အရောင်ပေါ်လွင်မယ့် သစ်သားအရောင်တွေအသုံးပြုထားပြီး The 13 ဟိုတယ် ရဲ့ ခန်းမအဝင်မှာ ဒီဇိုင်းပြုလုပ်ခင်းကျင်းထားတဲ့ ကျားကွက်ပုံစံအတိုင်း ကားနောက်ခန်းထိုင်ခုံတွေကို အလှဆင်ထားပါတယ်။ ဒါ့အပြင် ကားထဲမှာ ပါဝင်တဲ့ နာရီကလည်း နာမည်ကျော် ရတနာ ဒီဇိုင်းပညာရှင် Graff က ပူးပေါင်းပါဝင် ဒီဇိုင်းရေးဆွဲပေးထားတာလို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ

ယခုကြော်ငြာနှင့် ပတ်သက်၍

Social Stream


ကြည့်ရှုသူ အများဆုံး