Lifestyle: အဝတ်လျှော်စက်နဲ့လျှော်ချင်တယ်၊မပြောင်မှာစိုးလို့လက်နဲ့လည်းပွတ်တိုက်ချင်သူတွေ အတွက်သတင်းကောင်း

, updated

အဝတ်အဖြူတွေ၊ စက်နဲ့လျှော်လို့ လုံးလုံးမပြောင်သွားတဲ့အဝတ်တွေကိုကျတော့ အပြင်ထုတ်ပြီးတစ်ခါလက်နဲ့ပွတ်တိုက်နေရတာ အလုပ်ရှုပ်သလို အချိန်လည်းကုန်ပါတယ်။

play

 

အဝတ်လျှော်စက်နဲ့လျှော်ရ၊ဖွတ်ရတာက လူသက်သာတာတော့အမှန်ပါပဲ။ ဒါပေမဲ့ အဝတ်အဖြူတွေ၊ စက်နဲ့လျှော်လို့ လုံးလုံးမပြောင်သွားတဲ့အဝတ်တွေကိုကျတော့ အပြင်ထုတ်ပြီးတစ်ခါလက်နဲ့ပွတ်တိုက်နေရတာ အလုပ်ရှုပ်သလို အချိန်လည်းကုန်ပါတယ်။

ဒီပြဿနာနဲ့ကြုံတွေ့နေရတဲ့ အိမ်ရှင်မတွေအတွက် သတင်းကောင်းလေးတစ်ခု ပြောပြချင်ပါတယ်။

Samsung မှာရှိတဲ့ Activ Dual Wash က အဲဒီပြသနာတွေကို ဖြေရှင်းပေးမှာနော်

Activ Dual Wash ဆိုတာဘာလဲ ?

play

 

Activ Dual Wash ဆိုတာက အဝတ်လျှော်စက်ထဲမှာတင် လက်နဲ့ပွတ်ပြီးလျှော်ဖို့အတွက် လက်လျော်ကန်ငယ်ပါဝင်တယ်နော်။

ဒီလိုပါဝင်တာကြောင့် လက်နဲ့ပွတ်လျှော်မှအဆင်ပြေမယ့်အဝတ်တွေကို လျှော်ဖို့၊ အစွန်းတွေစွန်းသွားလို့ မလျှော်ခင် အစွန်းချွတ်ဆေးနဲ့ချွတ်ဖို့လိုတဲ့အဝတ်တွေကိုလျှော်ဖို့ အရမ်းပဲအဆင်ပြေသွားပါတယ်။ ရေအဖွင့်၊အပိတ်ကိုလည်း ခလုတ်တစ်ချက်တည်းနဲ့လုပ်ဆောင်နိုင်တာကြောင့် အချိန်ကုန်လည်းအရမ်းပဲသက်သာမှာဖြစ်ပါတယ်။

ဒါကြောင့် Samsung Activ Dual Wash အဝတ်လျှော်စက်က စက်နဲ့လျှော်ရင်တောင် လက်နဲ့တော့ပွတ်လိုက်ရမှ အားရတယ်ဆိုတဲ့သူတွေအတွက် သတင်းကောင်းလို့ပြောရတာပါ။

တခြားအရည်အသွေးအပိုင်းတွေအတွက်တော့ Samsung ဆိုတာ ကမ္ဘာကျော်အီလက်ထရောနစ်အမှတ်တံဆိပ်မှန်း အားလုံးသိပြီးသားဖြစ်တာကြောင့် စိတ်မပူဖို့ ပြောမနေတော့ဘူးနော် ။

Samsung ရဲ့ Activ Dual Wash အကြောင်း ဖတ်ပြီးလို့သိသွားပြီဆိုရင်လည်း မေ့မပစ်လိုက်နဲ့ဦးနော်။ ဘာကြောင့်လဲဆိုတော့ Activ Dual Wash အကြောင်းမေးခွန်းလေးတွေဖြေပြီး ဆုလက်ဆောင်တွေရမယ့် အခွင့်အရေး တစ်ရပ်ရှိနေလို့ပါ။

play

 

အဲဒါကတော့  နိုဝင်ဘာ၊ ၁ ရက်နေ့နဲ့ ၂ ရက်နေ့တို့မှာ မြန်မာပလာဇာမှာကျင်းပသွားမယ့် Juniors' Festival ပွဲတော်ကြီးမှာ Samsung Activ Dual Wash အဝတ်လျှော်စက်အကြောင်းကို ပိုပြီးအသေးစိတ်လေ့လာစိတ်ကြိုက်စမ်းသပ်ကြည့်ပြီး ဥာဏ်စမ်းမေးခွန်းတွေဖြေရင်း ဆုလက်ဆောင်တွေရယူနိုင်သလို အထူးအစီအစဉ်တွေနဲ့ဝယ်ယူကာ အထူးကံစမ်းမဲတွေကံစမ်းနိုင်မယ့် အခွင့်အရေးပါ။

ဒါကြောင့် Juniors' Festival ပွဲမှာ Samsung Activ Dual Wash အဝတ်လျှော်စက်အကြောင်းမေးခွန်းတွေဖြေနိုင်အောင် ဒီဆောင်းပါးကို Share ထားပြီး အနားနီးရင် တစ်ခေါက်ပြန်ဖက်ထားဦးနော်။

သားသား၊မီးမီးတွေရော ဖေဖေ၊မေမေတို့ပါအပျော်ကြီးပျော်ရမယ့် Juniors' Festival ပွဲတော်ကြီးကို Samsung Myanmar က Silver Sponsored အဖြစ်ထောက်ပံ့ပေးထားပြီး ပွဲတော်ကိုလာတဲ့သူတွေအတွက် ရင်ခုန်စရာအစီအစဉ်တွေကိုလည်း စီစဉ်ထားတာကြောင့် ဆက်ဆက်ရောက်အောင်သွားကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

#Partnersforlife

#SamsungMyanmar

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ