Lifestyle: Samsung Galaxy ဖုန်းများကို အခုပဲ အတိုးနှုန်းမဲ့ အရစ်ကျ ဝယ်ယူလိုက်ပါ

အရစ်ကျ ဝယ်ယူနေတဲ့ ကာလအတွင်းမှာလည်း မိမိရဲ့ ဘဏ်ထဲမှာရှိနေတဲ့ Saving Account (သို့) Call Account ဘဏ်စာရင်းထဲက ဘဏ်အတိုးနှုန်းများကိုလည်း ပုံမှန်ရနေဦးမှာပါ။

play

Samsung Galaxy ဖုန်းများကို အရစ်ကျ ဝယ်ယူလိုသူများအတွက် SAMSUNG နှင့် KBZ Bank တို့ ပူးပေါင်းပြုလုပ်တဲ့ “အရစ်ကျပေးသွင်း အတိုးနှုန်းကင်း” အစီအစဉ်အသစ်တခုကို သတင်းကောင်းပေးချင်ပါတယ်။

ဒီအစီအစဉ်ကတော့ KBZ Bank နှင့် ချိတ်ဆက်ပြီးတော့ Samsung Galaxy ဖုန်းများကို အတိုးမဲ့ အရစ်ကျ ပေးဝယ်စနစ်နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အရစ်ကျ ဝယ်ယူနေတဲ့ ကာလအတွင်းမှာလည်း မိမိရဲ့ ဘဏ်ထဲမှာရှိနေတဲ့ Saving Account (သို့) Call Account ဘဏ်စာရင်းထဲက ဘဏ်အတိုးနှုန်းများကိုလည်း ပုံမှန်ရနေဦးမှာပါ။

play

Samsung Galaxy ဖုန်းများကို KBZ Bank နဲ့ ချိတ်ဆက်ပြီး အတိုးမဲ့ အရစ်ကျပေး ဝယ်ယူဖို့အတွက် လုပ်ဆောင်ရမယ့် အချက်တွေကို တင်ဆက်ပေးလိုက်ပါတယ်။

၁။ ဝယ်ယူလိုသူတွေအနေနဲ့ ပထမဦးဆုံး မိမိဝယ်ယူလိုတဲ့ ဖုန်းအမျိုးအစား၊ အရောင်နှင့် ပစ္စည်းရှိ မရှိတို့ကို Hotline ဖုန်းနံပါတ် - ၀၉ - ၉၇၇ ၂၃၃ ၃၅၆ (သို့မဟုတ်) ၀၉- ၂၆၃၃ ၃၅၀ ၅၀ သို့ အစိုးရ ရုံးဖွင့်ရက်များတွင် မနက် (၉) နာရီမှ ညနေ (၆) နာရီအတွင်း ဆက်သွယ်မေးမြန်းပါ။

၂။ သင် ဝယ်လိုယူတဲ့ ဖုန်းအမျိုးအစားရှိခဲ့ပါက နီးစပ်ရာ KBZ Bank ကို သွားရောက်ပါ။ အကယ်၍ ဘဏ်စာရင်းမရှိပါက စာရင်းသစ်ဖွင့်ရမှာ ဖြစ်ပါတယ်။ ထို့နောက် ဝယ်ယူမဲ့ ဖုန်းအမျိုးအစားပေါ်မူတည်ပြီး ကျသင့်တဲ့ငွေပမဏကို ထားရှိရမှာပါ။

၃။ နောက်ထပ် ပေးချေရမယ့် ကျန်ငွေများကိုတော့ ငွေစတင်ပေးသွင်းခဲ့တဲ့နေ့မှစပြီး ၆ ပုံ ၁ ပုံကို နောက်ရက် (၃၀) အတွင်း ပုံမှန် ပေးချေရမှာပါ။ တစ်ကယ်လို့ပေးသွင်းရမယ့်ရက် ကျော်လွန်ခဲ့ပါက KBZ Bank က သက်မှတ်ထားတဲ့ နောက်ကျကြေး ငွေနှင့် အတိုးနှုန်းကို ပေးဆောင်ရမှာပါ။

၎။ ဘဏ်စာရင်းတစ်ခုလျှင် မိမိကြိုက်နှစ်သက်ရာ ဖုန်း၊ tablet (သို့) ဖုန်းနှင့် tablet နှစ်လုံးစီ ဝယ်ယူခွင့်ရှိပါတယ်။

play

၅။ ဘဏ်စာရင်းပြုလုပ်ပြီးတဲ့အခါမှာတော့ လာရောက်ပေးပို့ရမည့် လိပ်စာကို အပြည့်အစုံ ဖြည့်စွက်ရေးသားပါ။

၆။ မိမိမှာယူထားတဲ့ ပစ္စည်းရဲ့ဈေးနှုန်းကတော့ မှာယူခဲ့တဲ့ရက်က သက်မှတ်ထားတဲ့ ဈေးကွက် ပေါက်ဈေးအတိုင်းသာဖြစ်ပြီး Samsung က ပြုလုပ်ပေးနေတဲ့ အထူးအစီအစဉ်များကို ခံစားခွင့်ရရှိဦးမှာပါ။ ပစ္စည်းရောက်ရှိနိုင်တဲ့ အချိန်ကာလကတော့ မိမိနေထိုင်ရာ နေရာဒေသပေါ်မှာ မူတည်ပြီး ကြာမြင့်နိုင်ပါတယ်။

မှာယူလို့ရတဲ့ပစ္စည်းတွေကတော့ အောက်ဖော်ပြပါအမျိုးအစားများဖြစ်ပါတယ်။

play

မှာယူလိုရတဲ့မြို့များကတော့ အောက်ဖော်ပြပါအတိုင်းဖြစ်ပါတယ်။

play

ဒါကြောင့် လစဉ်အတိုးနှုန်းလည်းရ အတိုးနှုန်းလည်းကင်းပြီး အရစ်ကျဝယ်ယူနိုင်မဲ့ KBZ Bank နှင့် Samsung တို့ရဲ့ “အရစ်ကျပေးသွင်း အတိုးနှုန်းကင်း” အစီအစဉ်မှာ အခုပဲ ပါဝင်လိုက်ရအောင်။

အသေးစိတ်သိရှိလိုပါက Samsung Mobile Myanmar Facebook Page နှင့် online shopping သို့သွားရောက်ကြည့်ရှုနိုင်ပါတယ်။

+++

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ