AD
AD
AD
play

 

မိုဘိုင်းနည်းပညာတွေရဲ့သက်ရောက်မှုကို အခုဆိုရင်မြန်မာနိုင်ငံမှာလည်း ထင်ထင်ရှားရှားမြင်တွေ့နေရပြီပဲဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ လူအများစုဟာ အချိန်ပြည့်တစ်ဦးနဲ့တစ်ဦးဆက်သွယ်ချိတ်ဆက်ထားနိုင်ဖို့နဲ့ အချိန်နေရာမရွေး ကိုယ်လုပ်ဆောင်စရာရှိတာတွေကိုလုပ်ဆောင်နိုင်စွမ်းရှိဖို့ ဆန္ဒတွေပြင်းပြလာကြပါပြီ။ ဒါကြောင့်အလုပ်ဆိုတာ ရုံးမှာပဲ လုပ်ရတာမျိုးမဟုတ်တော့သလို ဖျော်ဖြေရေးတွေကိုလည်း အိမ်မှာအနားယူတဲ့အချိန်ကျမှ ခံစားမယ်ဆိုတာမျိုး မရှိတော့ပါဘူး။ အိမ်မှာပဲဖြစ်ဖြစ်၊ရုံးမှာပဲဖြစ်ဖြစ်၊ လမ်းမှာပဲဖြစ်ဖြစ် လိုအပ်သလို၊အဆင်ပြေသလို အလုပ်တွေကို လုပ်နေမှာဖြစ်ပြီး ဖျော်ဖြေရေးတွေကိုလည်းခံစားကြပါတယ်။

နည်းပညာက မျိုးဆက်သစ်လူငယ်တွေအတွက် စီးပွားရေးလုပ်ငန်းအခွင့်အလမ်းအသစ်တွေ၊ တီထွင်ဖန်တီးမှုအသစ် တွေကိုဖန်တီးပေးပြီး ဖျော်ဖြေရေးပုံစံ အသစ်တွေကိုပါ ဖန်တီးပေးနေပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း နယ်ပယ်အသီးသီးမှာ ဖန်တီးမှုအသစ်တွေနဲ့ထိုးဖောက်အောင်မြင်လာနေတဲ့လူငယ်တွေအများကြီးရှိလို့နေပါပြီ။

ဒီမျိုးဆက်သစ်လူငယ်တွေဟာ သူတို့ရဲ့ဝါသနာနဲ့အသက်မွေးဝမ်းကျောင်းဖို့ ဆန္ဒပြင်းပြကြသလို အလုပ်အကိုင်ပုံစံ အသစ်တွေကိုဖန်တီးကြပါတယ်။ဒီလူငယ်တွေဟာ တပြိုင်တည်း အလုပ် ၂ မျိုး၊ ၃ မျိုးလုပ်လေ့ရှိကြသလို လူ့အဖွဲ့အစည်း အပေါ်အကျိုးသက်ရောက်မှုကြီးမားတဲ့ဖန်တီးမှုတွေကိုလည်း သူတို့ရဲ့မိုဘိုင်းဖုန်းတွေနဲ့ပဲ ဖန်တီးတတ်ကြ ပါသေးတယ်။ သူတို့ဟာ နည်းပညာကို တစ်နေ့ ၂၄ နာရီ၊ တစ်ပတ် ၇ လုံး သက်ဝင်လှုပ်ရှားနေတဲ့ သူတို့ရဲ့နေထိုင်မှုပုံစံအတွက် လျှို့ဝှက်လောင်စာရင်းမြစ်တစ်ခုအဖြစ်နဲ့အသုံးချနေကြတာပါ။

အခုနှစ် သြဂုတ်လဆန်းပိုင်းမှာ Samsung ကနေပြီး သူတို့ရဲ့စွမ်းဆောင်ရည်မြင့်မားလှတဲ့ ထုတ်ကုန်အသစ် Galaxy Note9 ကို မြန်မာနိုင်ငံမှာတရားဝင်မိတ်ဆက်လိုက်ပါတယ်။ Samsung ရဲ့ Galaxy Note9 ဟာ မျိုးဆက်သစ်လူငယ်တွေ သူတို့ရဲ့ ဝါသနာ၊အလုပ်အကိုင်နဲ့ဖျော်ဖြေရေးတို့အတွက် နည်းပညာကိုအသုံးချတဲ့အချိန်မှာအပြည့်အဝထောက်ပံ့ပေးနိုင်တဲ့ အရည်အသွေးမြင့်ဖုန်းတစ်လုံးဖြစ်အောင် ရည်ရွယ်ထုတ်လုပ်ထားတာပါ။ ဒီဖုန်းဟာ professional အဆင့်အလုပ်တွေကို ဖုန်းနဲ့တင်လုပ်ကိုင်နိုင်တဲ့အထိ စွမ်းဆောင်ပေးနိုင်ပါတယ်။ တစ်နေ့လုံးကြာရှည်ခံတဲ့ဘက်ထရီ၊ S-Pen ၊ Dual Aperture Camera နဲ့ 128 GB ကနေ 1TB အထိရှိတဲ့သိုလှောင်နိုင်စွမ်းတွေ ထည့်သွင်းပေးထားတာကြောင့်  ဘယ်လို professional အလုပ်မျိုး လုပ်ကိုင်နေတဲ့သူဖြစ်စေ ရောက်တဲ့နေရာမှာ ကိုယ့်ရဲ့အလုပ်တွေကိုဖုန်းနဲ့တင်ပြီးမြောက်အောင်လုပ်ကိုင်နိုင်ဖို့ ကူညီပေးမှာပဲ ဖြစ်ပါတယ်။

Galaxy Note9 ဟာစွမ်းဆောင်ရည်မြင့်ဖုန်းတစ်လုံးသက်သက်မဟုတ်ဘဲ ဝါသနာအလျောက် တီထွင်ဖန်တီးမှုတွေပိုလုပ်နိုင်ဖို့၊ အလုပ်ပြီးမြောက်မှုနှုန်းတွေပိုမြင့်မားလာဖို့နဲ့ ဖျော်ဖြေရေးတွေကို ခံစားနိုင်ဖို့အတွက် ပိုကြီးတဲ့မျက်နှာပြင်၊ ပိုပြီးကြာရှည်ခံတဲ့ဘက်ထရီ၊ ပိုပြီးအမျိုးအစားစုံလင်လာတဲ့ လုပ်ဆောင်ချက်တွေ၊ နည်းပညာအသစ်တွေပံ့ပိုးပေးထားတဲ့ ဖုန်းတစ်လုံးဆိုလည်းမမှားပါဘူး။

စက်တင်ဘာနဲ့အောက်တိုဘာလတွေထဲမှာ Samsung Myanmar ကနေပြီး ယနေ့မြန်မာ့လူ့အဖွဲ့အစည်းမှာ အောင်မြင်နေတဲ့ မျိုးဆက်သစ်လူငယ်တွေ၊ လူမှုကွန်ယက်မှာလူသိများထင်ရှားပြီးသြဇာလွှမ်းမိုးမှုရှိတဲ့လူငယ်တွေနဲ့ Samsung ရဲ့ Brand Ambassador တို့က သူတို့ရဲ့အောင်မြင်ရေးလမ်းကြောင်းမှာ အခက်အခဲတွေကိုဘယ်လိုရင်ဆိုင်ကျော်ဖြတ်ခဲ့ရသလဲ ဆိုတာ ဆွေးနွေးပြောကြားမယ့် Facebook Live စိတ်ဓါတ်ခွန်အားပေးစကားဝိုင်းတွေကို တင်ဆက်သွားဖို့လည်း ရှိနေပါတယ်။ ဒီအစီအစဉ်မှာ မေမြတ်နိုး(Jelly Bunny)၊ ပို့ပို့ကြည် (Myanmar Imperial Collage) ၊ ဒေါက်တာဖြိုးသီဟ (စာရေးဆရာ) နဲ့ ဂျေမီ၊ အေးဝတ်ရည်သောင်း၊ နီနီခင်ဇော်တို့လို့ နာမည်ကျော်အနုပညာရှင်တွေက သူတို့ရဲ့ အတွေ့အကြုံတွေ၊ အကြံဥာဏ်တွေကိုမျှဝေပေးသွားမှာပါ။ ဒီအစီအစဉ်နဲ့ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေကို Samsung Myanmar Facebook Page မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD