Lifestyle: Samsung Mobile Myanmar က Galaxy J5 နဲ့ J7 ကံထူးနိုင်မယ့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပ

Samsung Myanmar ကနေပြီးတော့ Galaxy ဖုန်းချစ်သူတွေအတွက် သူတို့ရဲ့ ၂၀၁၆ ခုနှစ်ထွက် ဖုန်းမော်ဒယ်အသစ် နှစ်မျိုးဖြစ်တဲ့ Galaxy J5 နဲ့ J7 တို့ကို ဆွတ်ခူးနိုင်မယ့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတစ်ရပ်ကို ဇူလိုင်လ ပထမပတ်အတွင်းက ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

Samsung Myanmar ကနေပြီးတော့ Galaxy ဖုန်းချစ်သူတွေအတွက် သူတို့ရဲ့ ၂၀၁၆ ခုနှစ်ထွက် ဖုန်းမော်ဒယ်အသစ် နှစ်မျိုးဖြစ်တဲ့ Galaxy J5 နဲ့ J7 တို့ကို ဆွတ်ခူးနိုင်မယ့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတစ်ရပ်ကို ဇူလိုင်လ ပထမပတ်အတွင်းက ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

Samsung Mobile Myanmar ရဲ့ တရားဝင် Facebook စာမျက်နှာကနေတဆင့် ပြုလုပ်ခဲ့တဲ့အဆိုပါဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်လိုသူတွေဟာ Samsung ကတင်ထားတဲ့ ဗွီဒီယိုဖိုင်ကိုကြည့်ပြီး Multiple choice မေးခွန်းတွေကို ဖြေဆိုရ တာဖြစ်ပါတယ်။

ဗွီဒီယိုဖိုင်ကို ဇူလိုင်လ၊ ၁ ရက်နေ့ နဲ့ ၄ ရက်နေ့မှာ Part 1 နဲ့ Part 2 အဖြစ်နှစ်ပိုင်းခွဲတင်ခဲ့ပြီး ပါဝင်ဖြေဆိုသူတွေဟာ ဗွီဒီယိုဖိုင်တွေကိုကြည့်ကာ ဥာဏ်စမ်းမေးခွန်းတွေကို မှန်မှန်ကန်ကန်ရွေးချယ် ဖြေဆိုဖို့ ကြိုးစားခဲ့ကြပါတယ်။

ဗွီဒီယိုပထမပိုင်း (Part 1) မှာ လူငယ်တစ်ယောက် ကားမောင်းလာရင်း ကားပျက်သွားတဲ့အချိန်မှာ ဖုန်းအင်တာနက်ကနေ တဆင့် ကားပြင်နိုင်မယ့်နည်းလမ်းရှာဖွေကာ ကားကိုပြင်ဖို့ ကြိုးစားပေမယ့် ဖုန်းက ဘက်ထရီကုန်သွားတဲ့အတွက် စိတ်ပျက်၊လက်ပျက်ဖြစ်နေပုံကို ပြသထားပါတယ်။

ဗွီဒီယိုဒုတိယပိုင်း (Part 2) မှာတော့ ဖုန်းဘက်ထရီကုန်သွားလို့ စိတ်ပျက်နေတဲ့သူကို သူငယ်ချင်းဖြစ်သူက သူ့ရဲ့ Samsung Galaxy J series ၂၀၁၆ မော်ဒယ်ဖုန်းအသစ်ကိုလာပေးရင်း J series ၂၀၁၆ မော်ဒယ်တွေမှာပါဝင်လာတဲ့ UDS Mode လို့ခေါ်တဲ့ Ultra Data Saving Mode ရဲ့အားသာချက်တွေကို ရှင်းပြခဲ့တာကိုတွေ့ရပါတယ်။ Samsung Galaxy J series ဖုန်းအသစ်တွေမှာပါဝင်လာတဲ့ UDS Mode ဟာ ဖုန်းရဲ့ ဒေတာအသုံးပြုမှုကို ပုံမှန်ထက် ၃၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်တာကြောင့် ဖုန်းဘေလ်ကုန်ကျမှုကို သက်သာစေတဲ့အပြင် ဖုန်းရဲ့ဘက်ထရီကိုလည်း Stand-by Mode မှာ အချိန် ၂ ဆထိခံအောင် စွမ်းဆောင်ပေးနိုင်တဲ့ လုပ်ဆောင်ချက်ပဲဖြစ်ပါတယ်။

ပါဝင်ဖြေဆိုသူတွေဟာ ဗွီဒီယို ၂ ခုကိုကြည့်ပြီး Samsung Galaxy J series ၂၀၁၆ မော်ဒယ်ဖုန်းတွေနဲ့ပတ်သက်တဲ့ မေးခွန်းတွေ အပါအ၀င် စုစုပေါင်း မေးခွန်း (၁၀) ခုကို ဖြေဆိုကြရပါတယ်။ အဲဒီလိုဖြေဆိုသူတွေထဲက အဖြေအားလုံးမှန်ပြီး၊ ပြိုင်ပွဲစည်းကမ်းတွေနဲ့လည်း ညီတဲ့သူတွေထဲကနေမှ Samsung Mobile Myanmar က ကံထူးရှင် ၄ ဦးကိုရွေးချယ်ကာ ကံထူးရှင် ၂ ဦးကို Galaxy J5 တစ်လုံးစီ၊ ကျန် ၂ ဦးကို Galaxy J7 တစ်လုံးစီ ချီးမြှင့်ပေးသွားမှာပဲ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ