Lifestyle: Samsung Mobile Myanmar ရဲ့ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲမှ Galaxy J5 နဲ့ J7 ကံထူးရှင်များပေါ်ထွက်

ဇူလိုင်လ၊ ၁ ရက်နေ့နဲ့ ၄ ရက်နေ့က Samsung Mobile Myanmar ရဲ့တရားဝင် Facebook စာမျက်နှာမှာ တင်ခဲ့တဲ့ ဗွီဒီယိုဖိုင်တွေကို ကြည့်ပြီး Multiple Choice ဉာဏ်စမ်းမေးခွန်းတွေကို ၀င်ရောက်ဖြေဆိုခဲ့သူတွေထဲကနေ အဲဒီလို ကံထူးရှင်တွေထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

play

 

ဇူလိုင်လ၊ ပထမပတ်အတွင်းကပြုလုပ်ခဲ့တဲ့ Samsung Mobile Myanmar ရဲ့ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲမှာ Galaxy J 5 နဲ့ J7 ကိုဆွတ်ခူးနိုင်ခဲ့တဲ့ ကံထူးရှင် တွေထွက်ပေါ်လာခဲ့ပါပြီ။

ဇူလိုင်လ၊ ၁ ရက်နေ့နဲ့ ၄ ရက်နေ့က Samsung Mobile Myanmar ရဲ့တရားဝင် Facebook စာမျက်နှာမှာ တင်ခဲ့တဲ့ ဗွီဒီယိုဖိုင်တွေကို ကြည့်ပြီး Multiple Choice ဉာဏ်စမ်းမေးခွန်းတွေကို ၀င်ရောက်ဖြေဆိုခဲ့သူတွေထဲကနေ အဲဒီလို ကံထူးရှင်တွေထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ဝင်ရောက်ဖြေဆိုသူတွေထဲက အဖြေမှန်ပြီး စည်းကမ်းချက်နဲ့ကိုက်ညီတဲ့သူ ၁၉၄ ယောက်ရှိတဲ့အထဲကမှ ကံထူးရှင် ၄ ဦးကို Samsung Mobile Myanmar က မဲနှိုက်ရွေးချယ်ကာ ဇူလိုင်လ၊ ၇ ရက်နေ့မှာ ထုတ်ဖော်ကြေညာခဲ့တာ ဖြစ်ပါတယ်။

Samsung Mobile Myanmar ဟာ ကံထူးရှင် ၄ ဦးထဲက ၂ ဦးကို Galaxy J5 တစ်လုံးစီချီးမြှင့်ခဲ့ပြီး နောက်ထပ် ၂ ဦးကို Galaxy J7 တစ်လုံးစီချီးမြှင့်ခဲ့ပါတယ်။

Galaxy J5 ကံထူးရှင် ၂ ဦးက U Nge Lay နဲ့ Thurain Minn တို့ဖြစ်ပြီး Galaxy J7 ကံထူးရှင်နှစ်ဦးကတော့ Ye Yint Myint Htun နဲ့ Nay Chi Hnin Pwint တို့ပဲ ဖြစ်ပါတယ်။

Samsung ရဲ့ ၂၀၁၆ ခုနှစ်ထွက် Galaxy J series ဖုန်းတွေဖြစ်တဲ့ J5 နဲ့ J7 တို့ဟာ UDS Mode လို့ခေါ်တဲ့ Ultra Data Saving Mode ပါဝင်တဲ့ ဖုန်းတွေပဲ ဖြစ်ပါတယ်။ UDS Mode ဟာ ဖုန်းရဲ့ ဒေတာအသုံးပြုမှုကို ပုံမှန်ထက် ၃၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်တာကြောင့် ဖုန်းဘေလ်ကုန်ကျမှုကို သက်သာစေတဲ့အပြင် ဖုန်းရဲ့ဘက်ထရီကိုလည်း Stand-by Mode မှာ အချိန် ၂ ဆထိခံအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ