Lifestyle: Smart TV တွေကိုပြောင်းလဲအသုံးပြုသင့်တဲ့ အချက် ၅ ချက်

တီဗွီတွေကတဖြည်းဖြည်းနဲ့ ပါးပြီးပြားလာလိုက်တာ အခုဆိုရင် LCD နဲ့ LED လိုတီဗွီအပြားတွေပြီးလို့ Smart TV တွေတောင် ပေါ်နေပါပြီ

play

 

မှတ်မိကြသေးလားဗျ ... ။ တီဗွီထည့်တဲ့သစ်သားပုံးကြီးတွေကို ။ လွန်ခဲ့တဲ့အနှစ် ၂၀ လောက်တုန်းကဆို အဲဒါကြီးတွေကို ပရိဘောဂဆိုင်တွေမှာတောင် တကူးတကမှာယူခဲ့ကြရတာပေါ့ ။ CRT တီဗွီကြီးတွေခေတ်တုန်းပေါ့ဗျာ။ အဲဒီနောက်မှာ တီဗွီတွေကတဖြည်းဖြည်းနဲ့ ပါးပြီးပြားလာလိုက်တာ အခုဆိုရင် LCD နဲ့ LED လိုတီဗွီအပြားတွေပြီးလို့ Smart TV တွေတောင်ပေါ်နေပါပြီ။ Smart TV တွေက အရွယ်အစားတူ LCD နဲ့ LED တီဗွီတွေထက် ပိုပြီး ခေတ်စားပြီး အသုံးများလာပါတယ်။ ဒါပေမဲ့အဲဒီလို အသုံးများရတဲ့ အကြောင်းအရင်း ကလည်း Smart TV တစ်လုံးမှာသာမန်တီဗွီတွေ မစွမ်းဆောင်နိုင်တဲ့အားသာချက်တွေအများကြီး ရှိလို့ဖြစ်ပါတယ်။ ဒီနေရာမှာ နမူနာအနေနဲ့ Samsung Smart TV ရဲ့ အားသာချက်တွေကိုဖော်ပြပေးချင်ပါတယ်။

(၁) စမတ်ဖုန်းတစ်လုံးလိုစွမ်းဆောင်နိုင်ခြင်း

Samsung စမတ်တီဗွီဟာ စမတ်ဖုန်းတစ်လုံးလို အင်တာနက်သုံးပြီး Facebook နဲ့တခြား ဆိုရှယ်မီဒီယာတွေအသုံးပြုတာ၊ အင်တာနက်မှာရှာဖွေတာ၊ YouTube နဲ့တခြားဝက်ဘ်ဆိုဒ်တွေကဗွီဒီယိုတွေကြည့်တာတွေလုပ်ဆောင်နိုင်ပါတယ်။ ဒါ့အပြင် တစ်ချို့စမတ်ဖုန်းအက်ပလီကေးရှင်းတွေကိုလည်းအသုံးပြုနိုင်ပါသေးတယ်။ ဒီစွမ်းဆောင်ရည်ကိုအသုံးချပြီး Video Chat တာ၊ Facebook နဲ့ YouTube ဗွီဒီယိုတွေကို စမတ်ဖုန်းနဲ့ကွန်ပြူတာတွေမလိုဘဲ တိုက်ရိုက်ကြည့်တာမျိုး တွေလုပ်လို့ရတာကြောင့် အလုပ်ရှုပ်သက်သာသလို ကြည့်ချင်တာတွေကိုမျက်နှာပြင်ကြီးကြီးနဲ့ကြည့်ခွင့်ရမှာလည်း ဖြစ်ပါတယ်။

(၂) ဒီဇိုင်းလှပပြီး နေရာမယူခြင်း

Samsung Smart TV က ပုံမှန် LCD ၊ LED တွေထက် ပိုပြီးကျစ်ကျစ်လစ်လစ်နဲ့လှပါပါတယ်။ ဒါကြောင့် CRT တီဗွီတွေလိုပုံးကြီးတွေနဲ့ထားဖို့မလိုသလို စင်တွေဝယ်ရတာမျိုးတွေနဲ့အလုပ်မရှုပ်ဘဲ နာမည်နဲ့လိုက်အောင် စမတ်ကျမှာဖြစ်ပါတယ် ။

play

 

(၃) အခြားစက်တွေနဲ့အလွယ်တကူချိတ်ဆက်နိုင်ခြင်း

Samsung Smart TV ကို DVD ၊ Set Top Box ၊ Sky Net စတဲ့တခြားစက်တွေနဲ့ အလွယ်တကူ၊လျင်လျင်မြန်မြန် ချိတ်ဆက်လို့ ရပါတယ်။Audio Device တွေနဲ့လည်း အလွယ်တကူချိတ်ဆက်နိုင်ပါတယ်။ တခြားစက်တွေနဲ့ချိတ်ဆက်တဲ့နေရာမှာ လွယ်ကူအောင်လုပ်ဆောင်ပေးထား တာကြောင့် ကြိုးတွေရှုပ်ယှက်ခက်နေ တာမျိုး၊ တစ်ခုကနေတစ်ခုပြောင်းခါနီးမှာ အလုပ်ရှုပ်နေတာမျိုးတွေ မရှိဘဲ လွယ်ကူတာကို တွေ့ရပါတယ်။ ဒါ့အပြင် Samsung ရဲ့ Smart Remote အစွမ်းနဲ့ Remote ကိုင်ထားရုံနဲ့ အားလုံးကိုအလွယ်တကူ ထိန်းချုပ်ခိုင်းစေနိုင်မယ့်အပြင် အသံနဲ့ပါခိုင်းစေနိုင်ဦးမှာ ဖြစ်ပါတယ်။

play

 

(၄) စမတ်ဖုန်း၊ ကွန်ပြူတာတို့နဲ့ ကြိုးမဲ့ချိတ်ဆက်နိုင်ခြင်း

Samsung Smart TV ကို ဖုန်းတွေ၊ ကွန်ပြူတာတွေနဲ့ wifi ကနေတဆင့်အလွယ်တကူချိတ်ဆက်နိုင်တာကြောင့် မျက်နှာပြင် သေးသေးလေးပေါ်မှာ ကြည့်လို့အားမရတဲ့ ဓါတ်ပုံတွေ၊ဗွီဒီယိုတွေ၊ ဂိမ်းတွေကို မျက်နှာပြင်ကြီးကြီး၊ ရုပ်ထွက်ကောင်းကောင်းနဲ့ ခံစားရမှာပါ။ မိုဘိုင်းလ်ဖုန်းဂိမ်း၊ ကွန်ပြူတာဂိမ်းတစ်ခုကို တီဗွီပေါ်မှာမျက်နှာပြင်ကြီးကြီး၊ ရုပ်ထွက်ကောင်းကောင်းနဲ့ဆော့ရမယ်ဆိုရင် ဘယ်လောက်အရသာရှိမလဲဆိုတာ တွေးကြည့်ရုံနဲ့တင်သိနိုင်ပါတယ်။

play

 

(၅) တီဗွီလုနေစရာ မလိုခြင်း

ယောက်ျားက ဘောလုံးပွဲကြည့်ချင်တယ်၊ မိန်းမဖြစ်သူက ကိုရီးယားကားကြည့်ချင်နေတယ်ဆိုရင် လင်မယားနှစ်ယောက် တီဗွီလုရတော့မှာပါ။ ဒါမှမဟုတ် ကလေးတွေက ကာတွန်းကားကြည့်ချင်နေလို့ အဖေနဲ့အမေ ကြည့်ချင်တာမကြည့်ရတာ မျိုးလည်းကြုံရနိုင်ပါတယ်။ Samsung Smart TV နဲ့ဆိုရင် ရုပ်သံလိုင်းတွေကနေ အစီအစဉ် ၂ ခုကိုတပြိုင်တည်းကြည့်လို့ ရတာကြောင့် တီဗွီလုနေစရာမလိုတော့ပါဘူး။

ကဲ .. ဒီလောက်ဆိုရင် Samsung Smart TV ကိုဝယ်သင့်တဲ့အချက်တွေကိုသိသွားပြီထင်ပါတယ်။ သိသွားပြီဆိုပေမယ့် ဒီအချက်တွေကို မေ့မပစ်လိုက်နဲ့ဦး။ ဘာလို့လဲဆိုတော့ အခုဖော်ပြခဲ့တဲ့ Samsung Smart TV ရဲ့အားသာချက်တွေကို မှတ်မိနေရင် ဆုလက်ဆောင်တွေရနိုင်မယ့်အခွင့်အရေးရှိနေလို့ပါ။

ဘယ်လိုအခွင့်အရေးလဲဆိုတော့ နိုဝင်ဘာ ၁ ရက်နေ့နဲ့ ၂ ရက်နေ့မှာ Duwun အွန်လိုင်းမီဒီယာရဲ့အစီအစဉ်နဲ့ မြန်မာပလာဇာမှာ ကျင်းပမယ့် Juniors's Festival ပွဲကြီးမှာ Samsung ကနေပြုလုပ်မယ့် ဥာဏ်စမ်းအစီအစဉ်တစ်ခု ရှိပါတယ်။ အဲဒီအစီအစဉ်မှာ မေးမယ့် Samsung Smart TV ရဲ့အားသာချက်မေးခွန်းတွေကို ဖြေနိုင်ရင်ဆုလက်ဆောင် တွေရရှိနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးကို Share ထားတာပဲဖြစ်ဖြစ်၊ Save ထားတာပဲဖြစ်ဖြစ်လုပ်ထားမယ် ဆိုရင် မေးခွန်းတွေကိုဖြေဆိုနိုင်ဖို့ လွယ်ကူမှာပါ။

သားသား၊မီးမီးတွေရော ဖေဖေ၊မေမေတို့ပါ လိုချင်တာတွေရလို့ ပျော်ရွှင်ရမယ့် Juniors' Festival ပွဲတော်ကြီးကို Samsung Myanmar က Silver Sponsored အဖြစ်ထောက်ပံ့ပေးထားပြီး ပွဲတော်အတွင်းမှာ Samsung Electronic ပစ္စည်းတွေကို အထူးအစီအစဉ်နဲ့ရောင်းချတာ၊ ကံစမ်းမဲတွေဖောက်ပေးတာတွေ လည်းပါဝင်ဦးမှာပါ။ ဒါကြောင့် ဒီဆောင်းပါးကို Share ထားဖို့၊ Save ထားဖို့ရယ် ၊ နိုဝင်ဘာ ၁ ရက်နေ့နဲ့ ၂ ရက်နေ့မှာ မြန်မာပလာဇာကို အရောက်လာဖို့ရယ် မမေ့ကြနဲ့နော် ... ။

#Partnersforlife

#SamsungMyanmar

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ