Lifestyle: အိမ်ရှင်မတွေ စိတ်အေးစေမယ့် Samsung အဝတ်လျှော်စက်က ပေးနိုင်တဲ့ အကျိုးကျေးဇူး ၅ မျိုး

Samsung Activ Dual အဝတ်လျှော်စက်ခေတ်မှာ အားလုံးပြောင်းလဲသွားပါပြီ။

play

 

အဝတ်လျှော်စက်တွေဆိုတာ အချိန်ကုန်၊လူပင်ပန်းသက်သာရအောင် ကူညီပေးနိုင်တဲ့ကိရိယာတွေဆိုတာ မှန်ပေမယ့် အဝတ်တွေ ပိုပြီးပျက်စီးလွယ်တာ၊ လက်နဲ့လျှော်သလောက်မပြောင်တာတွေကြောင့် အိမ်ရှင်မတွေ စိတ်တထင့်ထင့်နဲ့ သုံးရတဲ့ပစ္စည်းတစ်မျိုးပါ။ ဒါပေမဲ့အဲဒီလို စိုးရိမ်စိတ်နဲ့သုံးရတာတွေကအတိတ်မှာကျန်ခဲ့ပါပြီ။ Samsung Activ Dual အဝတ်လျှော်စက်ခေတ်မှာ အားလုံးပြောင်းလဲသွားပါပြီ။ အိမ်ရှင်မတွေ စိတ်အေးစေမယ့် Samsung အဝတ်လျှော်စက်က ပေးနိုင်တဲ့ အကျိုးကျေးဇူး (၅) မျိုးကိုရွေးချယ်ဖော်ပြရမယ်ဆိုရင်တော့  -

(၁) အဝတ်တွေပျက်စီးမှာမပူရခြင်း

Samsung Activ Dual အဝတ်လျှော်စက်ဟာဆိုရင် လျှော်နေတုန်းမှာ အဝတ်တွေလိမ်ကျစ်ပြီး ပျက်စီးတာမျိုးမဖြစ်ရ အောင်ဂရုစိုက်ပေးပြီး နူးညံ့တဲ့အဝတ်တွေစက်နဲ့လျှော်လို့ ခဏလေးနဲ့ စုတ်ပြဲကုန်တာမျိုးမဖြစ်ရအောင် ကာကွယ်ပေးနိုင် ပါတယ်။

(၂) ပိုပြီး ဖြူစင်စေခြင်း

အဝတ်တွေမပျက်စီးဘူးဆိုတော့ အညစ်အကြေးတွေရော ပြောင်ပါ့မလားလို့ စိတ်ပူနေဖို့မလိုပါဘူး။ လျှော်ဖွတ်တဲ့အချိန်မှာ Direction နှစ်ဖက်ထဲကနေပဲ လျှော်ဖွတ်တာမဟုတ်ဘဲ Direction အမျိုးမျိုးကနေ လှည့်ပြီးလျှော်ဖွတ်ပေးတာကြောင့် လျှော်တဲ့စွမ်းဆောင်ရည်ကမလျော့ကျဘဲ အညစ်အကြေးတွေကို သန့်စင်သွားအောင်လျှော်ဖွတ်ပေးနိုင်စွမ်းရှိပါတယ်။

play

 

(၃) ဆပ်ပြာမှုန့်တွေ အရည်မပျော်တာမျိုး မကြုံရခြင်း

တစ်ချို့ ပျော်ဝင်ဖို့ခက်ခဲတဲ့ဆပ်ပြာမှုန့်တွေကြောင့် စက်နဲ့လျှော်တဲ့အချိန်မှာ ဆပ်ပြာမှုန့်တွေကမပျော်ဘဲ လျှော်ပြီးတဲ့ အချိန်မှာ မပြောင်တာမျိုးတွေရှိတတ်ပါတယ်။ Samsung Active Dual Wash ကတော့ စပြီးမလျှော်ခင်ကတည်းက အရှိန် ကောင်းကောင်းနဲ့ရေကိုမွှေပေးနိုင်တာကြောင့် ဒါမျိုးကြုံရမှာ ပူစရာမလိုပါဘူး။

(၄) လက်နဲ့ပွတ်တိုက်ဖို့အတွက်လည်း အဆင့်သင့်ပါဝင်ခြင်း

မလျှော်ခင်မှာ အစွန်းချွတ်ဆေးသုံးပြီး ချွတ်ဖို့လိုနေတာပဲဖြစ်ဖြစ်၊ လက်နဲ့ပွတ်တိုက်လိုက်ရမှအားရတဲ့သူတွေအတွက်ပဲ ဖြစ်ဖြစ် အဝတ်လျှော်စက်နဲ့မလျှော်ခင် ဇလုံတစ်လုံးထဲထည့်ပြီး ရေစိမ်၊ ပွတ်တိုက်လုပ်နေရတာမျိုးမဖြစ်ရအောင် လက်လျှော်ကန်ငယ်တစ်ခုအဆင်သင့်ပါဝင်ပါတယ်။ ဒီလျှော်ကန်ထဲကို ရေထည့်တာ၊ထုတ်တာကိုလည်း ခလုတ်ကလေးတစ်ချက် နှိပ်ရုံနဲ့လုပ်ဆောင်နိုင်တာကြောင့် အချိန်ကုန်သက်သာသလို လူလည်းမပင်ပန်းတော့ပါဘူး။

play

 

(၅) မီတာခသက်သာခြင်း

Samsung Activ Dual အဝတ်လျှော်စက်မှာ Digital Inverter နည်းပညာပါဝင်လို့ ပါဝါသုံးစွဲမှုကိုလျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် တခြားအဝတ်လျှော်စက်တွေကိုသုံးတာထက်စာရင် မီတာခသက်သာမှာပဲ ဖြစ်ပါတယ်။

ဒါတွေကတော့ Samsung Activ Dual Wash နဲ့လျှော်ရင်ရနိုင်တဲ့အကျိုးကျေးဇူးတွေထဲက သိသာထင်ရှားတဲ့အချက်တွေ ကိုရွေးချယ်ဖော်ပြခဲ့တာပဲဖြစ်ပြီး တခြားအားသာချက်တွေလည်းအများကြီးရှိပါသေးတယ်

အရည်အသွေးပိုင်းနဲ့ တခြားစိတ်ချရမှုအပိုင်းတွေနဲ့ပတ်သက်လို့လည်း Samsung ဆိုတာကမ္ဘာကျော်ကုမ္ပဏီကြီးတစ်ခုဖြစ် တာကြောင့် စိတ်ချရမှာ အသေအချာပါပဲ။ Samsung အဝတ်လျှော်စက်နဲ့လျှော်ရင် အကျိုးကျေးဇူးတွေရရုံတင်မကသေးဘဲ Samsung အဝတ်လျှော်စက်အကြောင်း ဖတ်ထားရုံနဲ့တောင် အကျိုးထူးနိုင်မယ့် အခွင့်အရေးလည်း ရှိပါသေးတယ်။

အဲဒါကတော့ နိုဝင်ဘာ ၁ ရက်နေ့နဲ့ ၂ ရက်နေ့တို့မှာ မြန်မာပလာဇာမှာကျင်းပပြုလုပ်သွားမယ့် Juniors' Festival ပွဲတော်ကြီးမှာ Samsung အဝတ်လျှော်စက်အကြောင်း ဥာဏ်စမ်းမေးခွန်းလေးတွေဖြေပြီး ဆုလက်ဆောင်တွေရနိုင်မယ့် အခွင့်အရေးပါ။ ဒါကြောင့် ဒီဆောင်းပါးကို ပြန်ဖတ်လို့ရအောင် ကိုယ့် Facebook wall မှာ Share ထားတာပဲဖြစ်ဖြစ်၊ Save ထားတာပဲဖြစ်ဖြစ် လုပ်ထားလို့ရတယ်နော်။

မြန်မာနိုင်ငံရဲ့လူကြိုက်အများဆုံးအွန်လိုင်းမီဒီယာ Duwun ကကြီးမှူးစီစဉ်ပြီး သားသား၊မီးမီးတွေရော ဖေဖေ၊မေမေတို့ပါ အပျော်ကြီးပျော်ရမယ့် Juniors' Festival ပွဲတော်ကြီးကို Samsung Myanmar က Silver Sponsored အဖြစ်ထောက်ပံ့ ပေးထားကာ ပွဲတော်ကိုလာတဲ့သူတွေအတွက် ရင်ခုန်စရာအစီအစဉ်တွေကိုလည်း စီစဉ်ထားတာကြောင့် ဆက်ဆက်ရောက်အောင်သွားကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

#Partnersforlife

#SamsungMyanmar

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ